Saturday 17 May 2014

အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုများနှင့် ပတ်သက်၍ မန္တလေး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးက ဌာနဆိုင်ရာ များနှင့် အဖွဲ့အစည်းများသို့ အကြံပြုစာပေးပို့

Photo: အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုများနှင့် ပတ်သက်၍ မန္တလေး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးက ဌာနဆိုင်ရာ များနှင့် အဖွဲ့အစည်းများသို့ အကြံပြုစာပေးပို့
Saturday, May 17, 2014 

အမြန်လမ်းမကြီးတွင် ယာဉ်မတော်တ ဆဖြစ်ပွားမှုများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများသို့ အကြံပြုစာ ပေးပို့ထားရှိကြောင်း သိရသည်။

လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းအနေဖြင့် အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု လျော့နည်းရေးကိစ္စများ ဆောင်ရွက်နိုင်ရန် အကြံပြုတင်ပြချက်များကို ၀န်ကြီးရုံး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (နေပြည်တော်)၊ ၀န်ကြီးရုံး၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန(နေပြည်တော်)၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန (နေပြည်တော်)၊ ညွှန်ကြားရေးမှူးချုပ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်)နှင့် အမြန်လမ်းမကြီး (အင်ဂျင်နီယာချုပ်)အဖွဲ့သို့ အကြံပြုစာများ ပေးပို့ထားရှိကြောင်း သိရှိရသည်။

ဝန်ကြီးဦးကျော်ဆန်း၏ အကြံပြုစာတွင် (100km) မောင်းပါက တစ်မိနစ်လျှင် တစ်မိုင်နှုန်း ခရီးရောက်သဖြင့် ယာဉ်များ အမြန်လမ်းမကြီး စတင်ခရီးထွက်ခွာသည့် (တိုးဂိတ်) တွင် အချန်ထိန်းဇယား ထုတ်ပေးပြီး စထွက်ချိန် ရောက်ရမည့် တိုးဂိတ်အလိုက် အချိန်သတ်မှတ်ပေးကာ လမ်းတစ်လျှောက် (100km) မောင်းနှင်စေရန် ထိန်းကြောင်းခြင်း (တစ်ခါတည်း တိုးဂိတ်မှ အရေးယူသည့်အဖွဲ့ ထားရှိအရေးယူပေးရန်)၊ မိုင်တစ်ရာအရှည် လမ်းပိုင်းတွင် အနည်းဆုံး လေးနေရာ၌ ယာဉ်၏ အမြန်နှုန်းတိုင်း ကိရိယာတပ်ဆင်ပြီး (100km) အထက် မောင်းနှင်သော ယာဉ်မောင်းအား ဖမ်းဆီးခြင်း၊ အမြန်လမ်းမကြီးတွင် ယာဉ်များ ညာလမ်းမှ မောင်းရန်နှင့် အလယ်လမ်းအား ကျော်တက်ရုံမှလွဲ၍ မမောင်းရန် သတ်မှတ်ခြင်း (ဓာတ်ပုံမှတ်တမ်းများ ရယူကာ အရေးယူရန်)၊ ညပိုင်းတွင် လမ်းကြောင်းပြ အမှတ်အသား (အချက်ပြမီးဝါ တပ်ဆင်ထားသည့်  လမ်းကြောင်း) မှ မောင်းနှင်စေပြီး နောက်ကားလမ်းတောင်းပါက ညာဘက်သို့ ဖယ်ပေးသည့်စနစ် ကျင့်သုံးမောင်းနှင်ခြင်း၊ နံနက်ပိုင်း ၂ နာရီနှင့် ၃ နာရီတွင် အိပ်ငိုက်တတ်၍ ရန်ကုန်ဘက်၊ မန္တလေးဘက်ခြမ်းတွင် ကြားစခန်း နှစ်နေရာခန့် ဖွင့်လှစ်ကာ ၂ နာရီအချိန်တွင် ရောက်ရှိလာသည့် ကားများအား ခေတ္တရပ်နားစေပြီး ယာဉ်မောင်းများ မျက်နှာသစ်၊ ကိုယ်လက်လှုပ်ရှားမှု ပြုစေကာ ၁၅ မိနစ်ကြာမှ ပြန်လည်ထွက်ခွာစေခြင်း၊ ယာဉ်မတော်တဆမှု အဖြစ်များဆုံး ကွေ့နေရာများတွင် အထူးအရှိန်လျှော့ မောင်းနှင်ရန် စီစဉ်ပေးခြင်း၊ အမြန်ယာဉ်မောင်း အားလုံးအား ဤဖြစ်စဉ် အမှန်များချပြပြီး (100km) ထက် ပိုမမောင်းရန်၊ မောင်းနည်းစနစ်၊ နားရန်စနစ်များ၊ ယာဉ်စည်းကမ်း အသိပေးရန်၊ သင်တန်းများအားလုံး တက်ရောက်ရန်၊ (ရန်ကုန်-မန္တလေး)တို့မှ သင်တန်းတက်ဇယားဖြင့် အားလုံးသင်တန်း တက်ရောက်နိုင်ရန် ပို့/ဆက်၊ ကညန၊ ယာဉ်တို့မှ သင်တန်းများ စီစဉ်ပို့ချပေးခြင်း စသည့်အချက်များနှင့် စုစုပေါင်း အကြံပြုချက် အချက်နှစ်ဆယ်အား တင်ပြထားရှိကြောင်း သိရသည်။

Eleven Media Group 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်နေရာအား ဝေဟင်မှ မြင်တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်နေရာအား ဝေဟင်မှ မြင်တွေ့ရစဉ် 
အမြန်လမ်းမကြီးတွင် ယာဉ်မတော်တ ဆဖြစ်ပွားမှုများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများသို့ အကြံပြုစာ ပေးပို့ထား ရှိကြောင်း သိရသည်။

လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းအနေဖြင့် အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု လျော့နည်းရေး ကိစ္စများ ဆောင်ရွက်နိုင်ရန် အကြံပြုတင်ပြချက်များကို ၀န်ကြီးရုံး၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန (နေပြည်တော်)၊ ၀န်ကြီးရုံး၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန(နေပြည်တော်)၊ မန္တလေးတိုင်းဒေ သကြီး အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန (နေပြည်တော်)၊ ညွှန်ကြားရေးမှူးချုပ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်)နှင့် အမြန်လမ်းမကြီး (အင်ဂျင်နီယာချုပ်)အဖွဲ့သို့ အကြံပြုစာများ ပေးပို့ထားရှိကြောင်း သိရှိရသည်။

ဝန်ကြီးဦးကျော်ဆန်း၏ အကြံပြုစာတွင် (100km) မောင်းပါက တစ်မိနစ်လျှင် တစ်မိုင်နှုန်း ခရီးရောက်သဖြင့် ယာဉ်များ အမြန်လမ်းမကြီး စတင်ခရီးထွက်ခွာသည့် (တိုးဂိတ်) တွင် အချန်ထိန်းဇယား ထုတ်ပေးပြီး စထွက်ချိန် ရောက်ရမည့် တိုးဂိတ်အလိုက် အချိန်သတ်မှတ်ပေးကာ လမ်းတစ်လျှောက် (100km) မောင်းနှင်စေရန် ထိန်းကြောင်းခြင်း (တစ်ခါတည်း တိုးဂိတ်မှ အရေးယူသည့်အဖွဲ့ ထားရှိအရေးယူပေးရန်)၊ မိုင်တစ်ရာအရှည် လမ်းပိုင်းတွင် အနည်းဆုံး လေးနေရာ၌ ယာဉ်၏ အမြန်နှုန်းတိုင်း ကိရိယာတပ်ဆင်ပြီး (100km) အထက် မောင်းနှင်သော ယာဉ်မောင်းအား ဖမ်းဆီးခြင်း၊ အမြန်လမ်းမကြီးတွင် ယာဉ်များ ညာလမ်းမှ မောင်းရန်နှင့် အလယ်လမ်းအား ကျော်တက်ရုံမှလွဲ၍ မမောင်းရန် သတ်မှတ်ခြင်း (ဓာတ်ပုံမှတ်တမ်းများ ရယူကာ အရေးယူရန်)၊ ညပိုင်းတွင် လမ်းကြောင်းပြ အမှတ်အသား (အချက်ပြမီးဝါ တပ်ဆင်ထားသည့်  လမ်းကြောင်း) မှ မောင်းနှင်စေပြီး နောက်ကားလမ်းတောင်းပါက ညာဘက်သို့ ဖယ်ပေးသည့်စနစ် ကျင့်သုံးမောင်းနှင်ခြင်း၊ နံနက်ပိုင်း ၂ နာရီနှင့် ၃ နာရီတွင် အိပ်ငိုက်တတ်၍ ရန်ကုန်ဘက်၊ မန္တလေးဘက်ခြမ်းတွင် ကြားစခန်း နှစ်နေရာခန့် ဖွင့်လှစ်ကာ ၂ နာရီအချိန်တွင် ရောက်ရှိလာသည့် ကားများအား ခေတ္တရပ်နားစေပြီး ယာဉ်မောင်းများ မျက်နှာသစ်၊ ကိုယ်လက်လှုပ်ရှားမှု ပြုစေကာ ၁၅ မိနစ်ကြာမှ ပြန်လည်ထွက်ခွာစေခြင်း၊ ယာဉ်မတော်တဆမှု အဖြစ်များဆုံး ကွေ့နေရာများတွင် အထူးအရှိန်လျှော့ မောင်းနှင်ရန် စီစဉ်ပေးခြင်း၊ အမြန်ယာဉ်မောင်း အားလုံးအား ဤဖြစ်စဉ် အမှန်များချပြပြီး (100km) ထက် ပိုမမောင်းရန်၊ မောင်းနည်းစနစ်၊ နားရန်စနစ်များ၊ ယာဉ်စည်းကမ်း အသိပေးရန်၊ သင်တန်းများအားလုံး တက်ရောက်ရန်၊ (ရန်ကုန်-မန္တလေး)တို့မှ သင်တန်းတက်ဇယားဖြင့် အားလုံးသင်တန်း တက်ရောက်နိုင်ရန် ပို့/ဆက်၊ ကညန၊ ယာဉ်တို့မှ သင်တန်းများ စီစဉ်ပို့ချပေးခြင်း စသည့်အချက်များနှင့် စုစုပေါင်း အကြံပြုချက် အချက်နှစ်ဆယ်အား တင်ပြထားရှိကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment