Saturday 17 May 2014

ရွှေဂက်စ် စက်ရုံစွန့်ပစ်ပစ္စည်းကြောင့် ပင်လယ်ပြင် ရေသတ္တ၀ါ များ သေ ဆုံးနေရ

ကျောက်ဖြူ ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင် အတွင်း သန္တာ ကျောက်တန်းများအား မိုင်းခွဲ၍ သေဆုံးသွားတဲ့ ရေနေသတ္တ၀ါများ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသမှာ တရုတ်နိုင်ငံက တည်ဆောက် နေတဲ့ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းနဲ့ ဆက်စပ်နေတဲ့ တည်ဆောက်ရေးလုပ်ငန်းခွင်တွေကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ ပတ်ဝန်းကျင် ရေထု၊ လေထု ညစ်ညမ်း မှုတွေ ဖြစ်ပေါ်နေ တဲ့ အပြင် ရေနေ သတ္တ၀ါ အများ အပြားဟာလည်း စဉ်ဆက် မပြတ် သေဆုံးနေရပါတယ်။

ရွှေဂက်စ် စီမံကိန်း လုပ်ငန်းတွေကို အဓိက တာဝန်ယူ ဆောင်ရွက်နေတဲ့ တရုတ် အစိုးရပိုင် တရုတ် အမျိုးသား ရေနံ ကော် ပိုရေးရှင်း (CNPC) အနေနဲ့ သဘာဝ ပတ်ဝန်းကျင်ကို အလေးထား လုပ်ဆောင်ပေး ဖို့ ပြောပေမယ့် အလေးထားမှု မရှိဘူးလို့ သိရတယ်။
အထူးသဖြင့် ဂက်စ်သန့်စင် စက်ရုံက ထွက်တဲ့ ဓာတုစွန့်ပစ် ပစ္စည်းအရည်တွေကို ကန်နဲ့သိုလှောင်ထားပြီး၊ ညဘက်တွေမှာ ရေမြောင်းကတဆင့် ပင်လယ်ထဲကို စည်းကမ်းမဲ့ စွန့်ပစ်နေတာကြောင့် ပင်လယ်ပြင်ထဲက ငါးတွေ၊ ရေနေ သတ္တ၀ါ အများ အပြားဟာ နေ့စဉ် သေဆုံးနေရတယ်လို့ ဒေသခံတွေက ပြော ကြပါတယ်။
“ဒေသခံတွေက သက်ဆိုင်ရာ အာဏာပိုင်တွေကို မကြာခဏ တိုင်ပေမယ့် အရေးယူဆောင်ရွက်ပေးတာ လုံးဝမရှိဘူး၊ တ ကြိမ်ပဲ လာစစ်ဆေးဖူးတယ်၊ ဒေသခံတွေက ပင်လယ်ထဲကို မစွန့်ပစ်ဖို့ ကန့်ကွက်ကြတော့ ညဘက်တွေမှာပဲ ခိုးပြီးတော့ ပင် လယ်ထဲကို မြောင်းဖောက်ပြီး စွန့်ပစ်နေပါတယ်” လို့ ဒေသခံ တဦး က ပြောပါတယ်။ 
စက်ရုံထွက် ဓာတု စွန့်ပစ် ပစ္စည်းတွေကို ပင်လယ်ထဲကို မြောင်းဖောက် စွန့်ပစ်နေတဲ့ အတွက် အနီးအနား က ကျေးရွာတွေရဲ့ သောက်သုံးရေကန်တွေ သုံးလို့ မရတော့သလို ချောင်းမြောင်းတွေထဲက ရေတွေကို လည်း ပဲ ကျွဲ၊ နွားတွေ သောက်သုံးမရတဲ့ အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာလည်း ဖြစ်နေဆဲလို့ ဆိုကြပါတယ်။ ဂက်စ် သန့်စင် စက်ရုံထွက် စွန့်ပစ် ပစ္စည်းတွေကို ဘယ်လို စွန့်ပစ်မယ်၊ သဘာဝ ပတ်ဝန်းကျင် မထိခိုက်ရေး ဘယ်လို ဆောင် ရွက်ထားတယ်ဆိုတဲ့ အစိုးရ ရဲ့ ဆောင် ရွက်ထားမှု အခြေအနေတွေကို သိလိုကြောင်း ပြည်ထောင်စု အဆင့် လွှတ်တော် တွေမှာ ပြီးခဲ့နှစ်က လည်းမေးမြန်းခဲ့ပါသေးတယ်။
အဲဒီမေးမြန်းမှုကို စွမ်းအင် ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ကပြန်လည် ဖြေဆိုရာမှာတော့ သဘာဝ ပတ်ဝန်းကျင် ပျက်စီး ထိခိုက်မှု မရှိစေရေး အတွက် စနစ်တကျ ဆောင်ရွက်ထားပါတယ် ဆိုတာက လွဲပြီး သေချာစွာ ဖြေဆိုခဲ့မှု မရှိခဲ့ပါဘူး။

သေဒခံတွေ က လည်းပဲ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ ပြည်နယ် အစိုးရအဖွဲ့ စတဲ့ အာဏာပိုင် အဆင့်ဆင့်တွေ ကို မကြာ ခဏ တိုင်ကြားနေကြပေမယ့် ထိရောက်မှု မရှိသေးပါဘူး။

အာဏာပိုင်တွေရဲ့ အလေးထားမှု မရှိတဲ့ အပေါ်မှာလည်းပဲ ဒေသခံတွေက ကျေနပ်မှု မရှိဖြစ်နေကြပါ တယ်။
တကယ်လို့ သာ တာဝန်ရှိတွေ၊ အစိုးရ အာဏာပိုင်တွေ အနေနဲ့ စွန့်ပစ် ပစ္စည်းတွေ စည်းကမ်းမဲ့ လုပ်ဆောင်နေကြတဲ့ တရုတ်နိုင်ငံ သားတွေ ကို တစုံတခု အရေးယူ ဖြေရှင်း ပေးမှု မရှိဘူး ဆိုရင်တော့ ဆန့်ကျင် ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာနိုင်ခြေရှိနေပါတယ်။

ဧရာဝတီ 

No comments:

Post a Comment