Wednesday 12 March 2014

အတွင်းခံအဝတ်အစားများဖြင့် စင်မြင့်ထက် ဖျော်ဖြေခဲ့သည့် မိုင်လီ

ဝတ်စားဆင်ယင်မှု ဆိုးရွားလွန်းကြောင်း ဝေဖန်မှုအချို့ ကြုံနေရသည့်တိုင် မိုင်လီအနေဖြင့် သူမ၏ Bangerz နယ်လှည့်ဖျော်ဖြေပွဲ အစီအစဉ် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပြုလုပ်သော ယင်းဖျော်ဖြေပွဲတွင် အပေါ်ဝတ် မပါဘဲ ခပ်ကြမ်းကြမ်း သီဆိုဖျော်ဖြေသွားခြင်း ဖြစ်သည်။

မိုင်လီဆိုင်းရပ်စ် အနေဖြင့် ဖျော်ဖြေပွဲ အစီအစဉ်တွင် အတွင်းခံ အဝတ်အစားများ သက်သက်ဖြင့် သီဆိုဖျော်ဖြေမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ Wrecking Ballစတား အဆိုတော်သည် BMO Harris Bradley စင်တာတွင် ပြုလုပ်သော ဖျော်ဖြေပွဲ စင်မြင့်ထက်၌ သေးငယ်သော အနက်နှင့် အနီရောင် အစင်းကျားများ ရောစပ်ထားသည့် အတွင်းခံ အဝတ်အထည်များကိုသာ ဝတ်ဆင်သွားခဲ့သည်။ 
ဝတ်စားဆင်ယင်မှု ဆိုးရွားလွန်းကြောင်း ဝေဖန်မှုအချို့ ကြုံနေရသည့်တိုင် မိုင်လီအနေဖြင့် သူမ၏ Bangerz နယ်လှည့်ဖျော်ဖြေပွဲ အစီအစဉ် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပြုလုပ်သော ယင်းဖျော်ဖြေပွဲတွင် အပေါ်ဝတ် မပါဘဲ ခပ်ကြမ်းကြမ်း သီဆိုဖျော်ဖြေသွားခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် မိုင်လီက Twitterပေါ်၌ သူမအနေဖြင့် Singer 23အစီအစဉ်အတွက် အဝတ်အစားလဲရန် အချိန်မရခဲ့၍ဟု ရေးသားခဲ့သည်။ 
“Singer 23အတွက် ဝတ်စုံသစ် မရှိသေးဘူး။ အဝတ်အစားလည်း မြန်မြန်မလဲနိုင်တော့ဘူး။ သီချင်းက စနေပြီဆိုတော့ အတွင်းခံတွေနဲ့ပဲ ပြေးထွက်သွားလိုက်တာ။ ဒါမျိုးအရင်က မဖြစ်ခဲ့ဖူးပါဘူး။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေက ကျွန်မကို ချစ်ခင်အားပေးတဲ့အတွက် သိပ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မအနေနဲ့ Singer 23ကို လက်လွှတ်မခံချင်ဘူးလေ”ဟု မိုင်လီက ရှင်းပြခဲ့သည်။ မိုင်လီသည် သူမ၏ ဖျော်ဖြေပွဲ အစီအစဉ်ကို ပြီးခဲ့သည့်လက ကနေဒါနိုင်ငံ၊ ဗန်ကူးဗားတွင် အစပြုခဲ့ပြီး အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်ပုံ မျက်နှာဖုံး ဝတ်ဆင်ထားသူ တစ်ဦးနှင့် စင်ပေါ်တွင် မဖွယ်မရာ ပုံစံမျိုး ပြုလုပ်ပြခဲ့သဖြင့် ဝေဖန်မှုများ ကြုံခဲ့ရသေးသည်။

Planet Myanmar Network

No comments:

Post a Comment