Wednesday 12 March 2014

မော်လမြိုင်မြို့တွင် ကျပ်သိန်း ၁၂၀ မှ ၁၃၅ သိန်းအထိကျသင့်မည့် သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း စတင်ဆောက်လုပ်

Photo: မော်လမြိုင်မြို့တွင် ကျပ်သိန်း ၁၂၀ မှ ၁၃၅ သိန်းအထိကျသင့်မည့် သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း စတင်ဆောက်လုပ်
Wednesday, March 12, 2014

မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီက တာဝန်ယူတည်ဆောက်မည့် မော်လမြိုင်မြို့ သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းလုပ်ငန်းများကို မတ်လဒုတိယအပတ်တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်ထံမှ သိရသည်။

“သီရိမင်္ဂလာရပ်ကွက်က စည်ပင်သာယာပိုင် မြေကိုးဧကထဲက မြေနှစ်ဧကပေါ်မှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ အဆောက်အအုံပုံစံက ရှစ်ခန်းတွဲ လေးထပ်တိုက်ငါးလုံး စုစုပေါင်းတိုက်ခန်း ၁၆၀ ခန်းရှိပြီးတော့ တစ်ခန်းကို ၆၀၀ စတုရန်းပေရှိမှာပါ။ အခန်းတန်ဖိုးတွေက မြေညီထပ်ကို ၁၃၅ သိန်း၊ ပထမထပ်ကို သိန်း ၁၃၀၊ ဒုတိယထပ်ကို ၁၂၅ သိန်းနဲ့ တတိယထပ်ကို သိန်း ၁၂၀ သတ်မှတ်ထားပါတယ်။ အဆောက်အအုံတွေကို ပြည်နယ်စည်ပင်သာယာရေး ကော်မတီကပဲ ကမ္ဘောဇဘဏ်ကချေးငွေနဲ တစ်နှစ်တွင်း အပြီးတည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာတိုးတိုးအောင်က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “တိုက်ခန်းပေါင်း ၁၆၀ ထဲက ၃၂ ခန်းကို သီရိမင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ ကိုယ်ပိုင်နေအိမ်မရှိတဲ့ သတ်မှတ်ဈေးနှုန်းကို ၀ယ်ယူနိုင်တဲ့သူကို မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ကြီးကြပ်မှုနဲ့ ညှိနှိုင်းရောင်းချပေးသွားပါမယ်။ ကျန်တဲ့ ၁၂၈ ခန်းကိုတော့ ၀န်ထမ်းလုပ်သက်များပြီး အိမ်ပိုင်မရှိသေးတဲ့ မော်လမြိုင်မှာ အခြေပြုနေထိုင်မယ့် ၀န်ထမ်းတွေကို သက်ဆိုင်ရာဌာန အကြီးအကဲတွေရဲ့ ထောက်ခံချက်နဲ့ စိစစ်ရွေးချယ် ရောင်းချပေးသွားမှာပါ။ လျှောက်လွှာတွေကိုတော့ မတ် ၂၄ ရက်နေ့ နောက်ဆုံးထား တင်ရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

တိုက်ခန်းများကို ဘဏ်ချေးငွေစနစ်ဖြင့် တည်ဆောက်ရသည့်အတွက် ၀ယ်ယူခွင့် ရရှိသူများမှ တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ကို ကနဦး ပေးချေရမည်ဖြစ်ကြောင်း၊ ဘဏ်အတိုးနှုန်းမှာ ပထမနှစ်တွင် ၉ ရာခိုင်နှုန်းနှင့် နောက်နှစ်များတွင် ၅ ရာခိုင်နှုန်း ပေးချေသွားရမည်ဖြစ်ကြောင်း၊ တိုက်ခန်းပိုင်ဆိုင်ကြောင်း အထောက်အထားများကို ငါးနှစ်အတွင်း ငွေချေပြီးမှ ပေးသွားမည်ဖြစ်ကြောင်း၊ လက်ပြောင်းလက်လွှဲ ရောင်းချခွင့်မရှိကြောင်းနှင့် ငွေဆက်မသွင်းနိုင်ပါက ပေးသွင်းငွေများပြန်ပေးကာ ဒုတိယဦးစားပေး ၀န်ထမ်းများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လျှောက်ထားသူ များပါက အိမ်ရာအသစ်များ ထပ်မံဆောက်လုပ် သွားမည်ဖြစ်ကြောင်း ဒေါက်တာတိုးတိုးအောင်က ပြောကြားသည်။

“တိုက်ခန်းတန်ဖိုးတွေက သာမန်ဝန်ထမ်းတွေ အတွက်တော့ အခက်အခဲ ရှိနိုင်ပါတယ်။ ငွေပြန်ဆပ်ရမယ့်ကာလ တိုးပေးမယ်ဆိုရင် လုပ်သက်များတဲ့ သာမန်ဝန်ထမ်းတွေလည်း အခွင့်အရေး ရလာနိုင်ပါတယ်” ဟု လုပ်သက်ရင့် ကျောင်းဆရာတစ်ဦးက ပြောကြားသည်။

Eleven Media Group

သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာစီမံကိန်း လုပ်ငန်းခွင်အား မတ် ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)
သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာစီမံကိန်း လုပ်ငန်းခွင်အား မတ် ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီက တာဝန်ယူတည်ဆောက်မည့် မော်လမြိုင်မြို့ သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းလုပ်ငန်းများကို မတ်လဒုတိယအပတ်တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်ထံမှ သိရသည်။

“သီရိမင်္ဂလာရပ်ကွက်က စည်ပင်သာယာပိုင် မြေကိုးဧကထဲက မြေနှစ်ဧကပေါ်မှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ အဆောက်အအုံပုံစံက ရှစ်ခန်းတွဲ လေးထပ်တိုက်ငါးလုံး စုစုပေါင်းတိုက်ခန်း ၁၆၀ ခန်းရှိပြီးတော့ တစ်ခန်းကို ၆၀၀ စတုရန်းပေရှိမှာပါ။ အခန်းတန်ဖိုးတွေက မြေညီထပ်ကို ၁၃၅ သိန်း၊ ပထမထပ်ကို သိန်း ၁၃၀၊ ဒုတိယထပ်ကို ၁၂၅ သိန်းနဲ့ တတိယထပ်ကို သိန်း ၁၂၀ သတ်မှတ်ထားပါတယ်။ အဆောက်အအုံတွေကို ပြည်နယ်စည်ပင်သာယာရေး ကော်မတီကပဲ ကမ္ဘောဇဘဏ်ကချေးငွေနဲ တစ်နှစ်တွင်း အပြီးတည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာတိုးတိုးအောင်က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “တိုက်ခန်းပေါင်း ၁၆၀ ထဲက ၃၂ ခန်းကို သီရိမင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ ကိုယ်ပိုင်နေအိမ်မရှိတဲ့ သတ်မှတ်ဈေးနှုန်းကို ၀ယ်ယူနိုင်တဲ့သူကို မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ကြီးကြပ်မှုနဲ့ ညှိနှိုင်းရောင်းချပေးသွားပါမယ်။ ကျန်တဲ့ ၁၂၈ ခန်းကိုတော့ ၀န်ထမ်းလုပ်သက်များပြီး အိမ်ပိုင်မရှိသေးတဲ့ မော်လမြိုင်မှာ အခြေပြုနေထိုင်မယ့် ၀န်ထမ်းတွေကို သက်ဆိုင်ရာဌာန အကြီးအကဲတွေရဲ့ ထောက်ခံချက်နဲ့ စိစစ်ရွေးချယ် ရောင်းချပေးသွားမှာပါ။ လျှောက်လွှာတွေကိုတော့ မတ် ၂၄ ရက်နေ့ နောက်ဆုံးထား တင်ရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

တိုက်ခန်းများကို ဘဏ်ချေးငွေစနစ်ဖြင့် တည်ဆောက်ရသည့်အတွက် ၀ယ်ယူခွင့် ရရှိသူများမှ တိုက်ခန်း တန်ဖိုး ၏ ရာခိုင်နှုန်း ၃၀ ကို ကနဦး ပေးချေရမည်ဖြစ်ကြောင်း၊ ဘဏ်အတိုးနှုန်းမှာ ပထမနှစ်တွင် ၉ ရာခိုင်နှုန်းနှင့် နောက်နှစ်များတွင် ၅ ရာခိုင်နှုန်း ပေးချေသွားရမည်ဖြစ်ကြောင်း၊ တိုက်ခန်းပိုင်ဆိုင်ကြောင်း အထောက်အထားများကို ငါးနှစ်အတွင်း ငွေချေပြီးမှ ပေးသွားမည်ဖြစ်ကြောင်း၊ လက်ပြောင်းလက်လွှဲ ရောင်းချခွင့်မရှိကြောင်းနှင့် ငွေဆက်မသွင်းနိုင်ပါက ပေးသွင်းငွေများပြန်ပေးကာ ဒုတိယဦးစားပေး ၀န်ထမ်းများ အား ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လျှောက်ထားသူ များပါက အိမ်ရာအသစ်များ ထပ်မံဆောက် လုပ် သွားမည်ဖြစ်ကြောင်း ဒေါက်တာတိုးတိုးအောင်က ပြောကြားသည်။

“တိုက်ခန်းတန်ဖိုးတွေက သာမန်ဝန်ထမ်းတွေ အတွက်တော့ အခက်အခဲ ရှိနိုင်ပါတယ်။ ငွေပြန်ဆပ်ရမယ့် ကာလ တိုးပေးမယ်ဆိုရင် လုပ်သက်များတဲ့ သာမန်ဝန်ထမ်းတွေလည်း အခွင့်အရေး ရလာနိုင်ပါတယ်” ဟု လုပ်သက်ရင့် ကျောင်းဆရာတစ်ဦးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment