Wednesday 12 March 2014

သမ္မတအရည်အချင်း ကန့်သတ်ချက် ဖယ်ရှားရေး သမ္မတထံတင်ပြဖို့ သံဃာတော်တွေကြိုးပမ်း

လူထုအများက တောင်းဆိုနေကြတဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (ဃ)၊ (စ) နဲ့ ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်ဖို့ ဒါမှမဟုတ် ပယ်ဖျက်ပေးဖို့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး တွဲဘက်အတွင်းရေးမှူး ဆရာတော် ဦးသူရိယက အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဌ ဆရာတော်ကြီးထံ လျှောက်ထားလိုက်ပါတယ်။

မတ်လ ၉ ရက်နေ့ ရက်စွဲနဲ့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ရဲ့ ဥက္ကဌ နိုင်ငံတော် သြ၀ါဒ စရိယ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒန္တ တိလောကာဘိဝံသထံ ဆရာတော်ဦးသူရိယက အစိုးရထံ တိုက်တွန်းပေးဖို့ လျှောက်ထားတာဖြစ်ပါတယ်။

ဆရာတော် ဦးသူရိယရဲ့ လျှောက်ထားချက်ထဲမှာ အများပြည်သူရဲ့ အသက်၊ အိုးအိမ် စည်းစိမ်ကို ထိခိုက်ေ စတဲ့ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမဆို အစိုးရအနေနဲ့ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးဖို့ အချက်လည်းပါ သလို အစ္စလာမ်ဘာသာဝင်တစ်ချို့ရဲ့ နေအိမ်၊ ဗလီဆိုင်တွေကနေ လူသတ်လက်နက်တွေ ဖမ်းဆီးမိ တာတွေနဲ့ ပတ်သက်ပြီးတော့လည်း အကြမ်းဖက်မှုတွေကနေ ကာကွယ်နိုင်အောင် အစိုးရအနေနဲ့ လိုအပ် သလို ကိုင်တွယ်ဖြေရှင်းပေးဖို့ အချက်လည်း ပါဝင်ပါတယ်။

ဒါ့အပြင် လက်ပံတောင်းတောင်ဒေသက လယ်တီဆရာတော် ဘုရားကြီးရဲ့သိမ်ကို မဖျက်ဘဲထားဖို့လည်း အစိုးရထံ တိုက်တွန်းပေးဖို့ ပါရှိပါတယ်။

RFA Burmese

No comments:

Post a Comment