Wednesday 12 March 2014

၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ်များ မတ်လတတိယပတ်အတွင်း တွေ့ဆုံမည်

၁၉၉၀ ပြည့်နှစ်က ပြည်သူလူထု ရွေးကောက်တင်မြှောက်ခဲ့သည့် အမတ်များတွေ့ဆုံပွဲကို မတ် ၂၂ ရက်တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ နံနက် ၉ နာရီမှ စတင်ကာ တွေ့ဆုံကြမည်ဖြစ်ပြီး ထိုတွေ့ဆုံမှုများမှတစ်ဆင့် ပြည်သူလူထုအား အကျိုးပြုသည့်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမည်ဟု ဒေါက်တာစိန်မြင့်က ပြောကြားသည်။ ထိုတွေ့ဆုံမှုတွင် ရွေးကောက်ခံခဲ့ရသည့် အမတ် ၂၀၀ ကျော်ခန့်နှင့် တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆိုသည်။

ဒေါက်တာစိန်မြင့်က “နေရပ်ဒေသတွေလည်း အပြောင်းအလဲရှိတယ်။ နှစ်တွေကလည်း အရမ်းကြာသွားပြီ ဆိုတော့ လက်လှမ်းမီသလောက်တော့ ကျွန်တော်ကြိုးစားပြီး ဖိတ်ပါမယ်။ တက်ရောက်လာကြတဲ့ လူတွေက ဆန္ဒရှိမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ပါမယ်။ ဒီအဖွဲ့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကိုလည်း ပါဝင်ဖို့ စိတ်ဝင်စားတယ်။ နောက်ပြီး စီးပွားရေးနဲ့ ပတ်သက်ပြီးတော့လည်း တစ်နိုင်ငံလုံး အကြောင်းအရာနဲ့ ပတ်သက်တာတွေပြောဖို့ ဆန္ဒရှိတယ်။ နောက်ပြီးတော့ ကျွန်တော်တို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီဖို့ အတွက်လည်း ဆောင်ရွက်မယ်” ဟု ပြောကြားသည်။ ထို့နောက် နိုင်ငံရပ်ခြားသို့ ရောက်နေကြသည့် လွှတ်တော်အမတ်များ အားလုံးကို ဖိတ်ကြားသွားမှာဖြစ်သည်ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment