Wednesday 12 March 2014

အမျိုးသမီးတစ်ဦး နမ့်ပန်ချောင်းအတွင်း ခုန်ချသေကြောင်းကြံစည်

Photo: အမျိုးသမီးတစ်ဦး နမ့်ပန်ချောင်းအတွင်း ခုန်ချသေကြောင်းကြံစည်
Wednesday, March 12, 2014

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့နယ် ၊ နားစံကျေးရွာ နေ ဒေါ်နန်းအုံဆာ ၃၂ နှစ် (ဘ) ဦးလုံးလိန်း သည် မတ်လ ၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် နမ့်ကပ်တံတား အလယ်တွင် ငါးစာကျွေးသည့် ဟန်ပြု၍ နမ့်ပန်ချောင်း အတွင်း ခုန်ချပြီး သေကြောင်း ကြံစည်ခဲ့ရာ တံတား လုံခြုံရေး တာဝန်ထမ်းဆောင် နေသည့် တပ်မတော် စစ်ကြောင်း မှ ဒုတိယ တပ်ကြပ် သိန်းဇော်ထွေး နှင့် ဒုတိယ တပ်ကြပ် ဆန်းထက် တို့က လိုက်လံ ကယ်ဆယ်ရာ အသက်ဘေး မှ လွတ်မြောက် ခဲ့ကြောင်း သိရသည်။
ဒေါ်နန်းအုံဆာ သည် ထိုကဲ့သို့ မိမိကိုယ်ကို သေကြောင်း ကြံစည် ရခြင်းမှာ သူမ၏ ခင်ပွန်းဖြစ်သူ ဦးစိုင်းစီ သည် SSA (၀မ်ဟိုင်း) အဖွဲ့မှ အဓမ္မ လူသစ် စုဆောင်းခံရပြီး နေအိမ်သို့ ပြန်လည် ရောက်ရှိ လာခြင်း မရှိသဖြင့် လူမှုရေး အခက်အခဲများ ဖြစ်ပေါ်နေခြင်း ၊ ကျန်းမာရေး ကောင်းမွန်မှု မရှိခြင်း ၊ အားကိုးရာမဲ့ခြင်း တို့ကြောင့် စိတ်ဓာတ် ကျဆင်းကာ မိမိကိုယ်ကို သေကြောင်း ကြံစည် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး အား တပ်မတော်သား များက ညနေ ၅ နာရီတွင် တာဝန်ရှိ သူများရှေ့၌ သူမ၏ အစ်ကို ဖြစ်သူ ဦးလုံးမောင် ထံသို့ စနစ်တကျ ပြန်လည် ပို့ဆောင် အပ်နှံခဲ့ကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment