Friday 12 December 2014

ရန်ကုန်တက္ကသိုလ်တွင် လစ်လပ်ရာထူးများအတွက် အရည်အချင်း ပြည့်မီသူ သုံးပုံနှစ်ပုံသာရှိ ဟုဆို

Photo: ရန်ကုန်တက္ကသိုလ်တွင် လစ်လပ်ရာထူးများအတွက် အရည်အချင်း ပြည့်မီသူ သုံးပုံနှစ်ပုံသာရှိ ဟုဆို
Friday, December 12, 2014

ရန်ကုန်တက္ကသိုလ်တွင် လစ်လပ်နေရာများ ရှိနေသော်လည်း အရည်အချင်း ပြည့် မီသည့်နည်းပြ၊ သရုပ်ပြ အားနည်းနေ၍ နေရာပြည့် ခန့်ထားနိုင်မည် မဟုတ်ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူ  က မဇ္ဈိမကို ပြောသည်။

ရန်ကုန်တက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြ ၁၅၄ နေရာလစ်လပ်ပြီး လျှောက်ထားသူများထဲမှ အရည်အချင်း ပြည့်မီသူ ၁၀၀ ခန့်ပင်မပြည့်ဟု ၎င်းက ဆိုသည်။

အဆိုပါ လစ်လပ်နေရာများအတွက် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမများကို ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ခန့်အပ်မည့် စာရင်းထုတ်ပြန်ပေး သွားမည် ဖြစ်သည်။

အဆင့်မြင့်ပညာဦးစီးဌာန အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်တိုင်းတွင် နည်းပြနှင့် သရုပ်ပြ ရာထူးအတွက် မိမိလျှောက်ထားလိုသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တိုက်ရိုက်လျှောက်ထားနိုင်သည့် စနစ်သစ် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက စက်တင် ဘာလ ၁၇ ရက် မှ ၁၉ ရက်အထိ နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ခဲ့သည်။

ယင်းစနစ် ကျင့်သုံးမည့် တက္ကသိုလ် တစ်ခုဖြစ်သော ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူက “ကိုယ်လျှောက်ချင်တဲ့
နေရာနဲ့ တစ်ပြိုင်နက်တည်း သုံးလေးခုမှာ လျှောက်ထားခွင့် ပြုထားတယ်။ သတ်မှတ် အရည်အချင်းပြည့်လို့ ခေါ်ယူမယ့် ဦးရေကတော့ ၁၀၀ တော့မပြည့်ဘူး” ဟု ပြောသည်။

အဆိုပါရာထူး လျှောက်ထားမှုကို အဆင့်မြင့်ပညာဦးစီးဌာန နှစ်ခုသို့ တိုက်ရိုက်လျှောက်ထားစေပြီး ထိုမှ နည်းပြ၊ သရုပ်ပြ လိုအပ်ချက် ပေါ်မူတည်၍ တက္ကသိုလ်များသို့ စေလွှတ်တာဝန်ထမ်းဆောင်စေခြင်း ဖြစ်သည်။ ထိုသို့ တာဝန်ထမ်းဆောင်ရာတွင်လည်း မိမိတာဝန်ကျ ရာနေရာတွင်သုံးနှစ်ဆက်တိုက်တာဝန် ထမ်းဆောင်စေပြီး နောက်ပြောင်းရွှေ့ရန် တင်ပြခွင့်ရှိသည့် စနစ်အစားအထက် ပါ ပြောင်းရွှေ့လိုသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်သို့ လျှောက်ထားနိုင်သည့်စနစ် စတင်ပြောင်းလဲကျင့်သုံးခြင်းဖြစ်သည်။

အဆိုပါစနစ်ကို နည်းပြ၊ သရုပ်ပြသစ်များခေါ်ယူရာတွင်လည်း ကျင့်သုံးမည် ဖြစ်သည်။ အဆိုပါစနစ်ကျင့် သုံးခြင်းနှင့် ပတ်သက်၍ ပုသိမ် တက္ကသိုလ် သမိုင်းဌာန လက်ထောက်ကထိက ဦးသန်းထိုက်အောင် က “အခုလို ပြောင်းလဲကျင့်သုံးတဲ့ စနစ်အရ ပါမောက္ခချုပ်တွေရဲ့ အခန်းကဏ္ဍက အရေးပါလာတယ်။ သူတို့နဲ့ အဆင်ပြေတဲ့သူက နည်းပြတို့ သရုပ်ပြတို့ရရှိမှာပဲ။ သူတို့ ရွေးချင်တဲ့ သူရွေးချယ်မှာပဲ။ ဘက်လိုက်မှု မရှိဘဲ ။ မျှတအောင် သေချာစိစစ်ရမယ်။ အဲဒီလိုမှ မဟုတ်ရင် စနစ်ပြောင်းလည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး” ဟု ဆိုသည်။

နည်းပြနှင့် သရုပ်ပြရာထူးများအတွက် တက္ကသိုလ်တိုင်းတွင် အောက်တိုဘာလဆန်းက ခေါ်ယူခဲ့ပြီး ယင်းသို့ခေါ်ယူမည့် အချိန်မှစ၍ တိုက်ရိုက်လျှောက်ထားနိုင်သည့် စနစ်ကို ကျင့်သုံးခြင်း ဖြစ်သည်။

အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာနနှစ်ခု အောက်ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ် ၁၆၈ ခုတွင် အဆိုပါစနစ်ကို ကျင့်သုံးမည် ဖြစ်ပြီး လျှောက်ထားလိုသူများသည် အဆိုပါ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တိုက်ရိုက် လျှောက်လွှာပေးပို့ လျှောက်ထားနိုင်မည် ဖြစ်သည်။

အဆိုပါ နည်းပြနှင့် သရုပ်ပြရာထူးများ လျှောက်ထားလိုပါက တည်ဆဲဥပဒေအရ နိုင်ငံသားဖြစ်ကာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် မဟာဘွဲ့များ ရရှိရမည်ဖြစ်ပြီး ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုရမည် ဖြစ်သည်။

နည်းပြနှင့် သရုပ်ပြရာထူးများ လျှောက်ထားနိုင်ရန် ရန်ကုန်တက္ကသိုလ်တွင် ဘာသာရပ် ၁၈ခု၊ ဒဂုံတက္ကသိုလ်တွင် ၁၅ ခု၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ဘာသာရပ် ၄ ခု၊ မော်လမြိုင် တက္ကသိုလ်တွင် ဘာသာရပ် ၁၀ ခု၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ၁၄ ခု၊ စစ်တွေ တက္ကသိုလ် ၁၀ ခု၊ ပြည် တက္ကသိုလ် ဘာသာရပ် ၁၂ ခု လျှောက်ထားခွင့် ပြုထားသည်။

Mizzima - News in Burmese 

ရန်ကုန်တက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြ ၁၅၄ နေရာ လစ်လပ်သော်လည်း အရည် အချင်းပြည့်မီသူ တစ်ရာခန့်ပင် မပြည့်ဟုဆိုသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်တက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြ ၁၅၄ နေရာ လစ်လပ်သော်လည်း အရည် အချင်းပြည့်မီသူ တစ်ရာခန့်ပင် မပြည့်ဟုဆိုသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန်တက္ကသိုလ်တွင် လစ်လပ်နေရာများ ရှိနေသော်လည်း အရည်အချင်း ပြည့် မီသည့်နည်းပြ၊ သရုပ်ပြ အားနည်းနေ၍နေရာပြည့်ခန့်ထားနိုင်မည်မဟုတ်ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူ  က မဇ္ဈိမကို ပြောသည်။

ရန်ကုန်တက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြ ၁၅၄ နေရာလစ်လပ်ပြီး လျှောက်ထားသူများထဲမှ အရည်အချင်း ပြည့်မီသူ ၁၀၀ ခန့်ပင်မပြည့်ဟု ၎င်းက ဆိုသည်။

အဆိုပါ လစ်လပ်နေရာများအတွက် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမများကို ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ခန့်အပ်မည့် စာရင်းထုတ်ပြန်ပေး သွားမည် ဖြစ်သည်။

အဆင့်မြင့်ပညာဦးစီးဌာန အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် တိုင်းတွင် နည်းပြနှင့် သရုပ်ပြ ရာထူးအတွက် မိမိလျှောက်ထားလိုသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တိုက်ရိုက်လျှောက်ထားနိုင်သည့် စနစ်သစ် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက စက်တင် ဘာလ ၁၇ ရက် မှ ၁၉ ရက်အထိ နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ခဲ့သည်။

ယင်းစနစ် ကျင့်သုံးမည့် တက္ကသိုလ် တစ်ခုဖြစ်သော ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူက “ကိုယ်လျှောက်ချင်တဲ့ နေရာနဲ့ တစ်ပြိုင်နက်တည်း သုံးလေးခုမှာ လျှောက်ထားခွင့် ပြုထား တယ်။ သတ်မှတ် အရည်အချင်းပြည့်လို့ ခေါ်ယူမယ့် ဦးရေကတော့ ၁၀၀ တော့မပြည့်ဘူး” ဟု ပြောသည်။

အဆိုပါရာထူး လျှောက်ထားမှုကို အဆင့်မြင့်ပညာဦးစီးဌာန နှစ်ခုသို့ တိုက်ရိုက်လျှောက်ထားစေပြီး ထိုမှ နည်းပြ၊ သရုပ်ပြ လိုအပ်ချက် ပေါ်မူတည်၍ တက္ကသိုလ်များသို့ စေလွှတ်တာဝန်ထမ်းဆောင်စေခြင်း ဖြစ် သည်။ ထိုသို့ တာဝန်ထမ်းဆောင်ရာတွင်လည်း မိမိတာဝန်ကျ ရာနေရာတွင်သုံးနှစ်ဆက်တိုက်တာဝန် ထမ်းဆောင်စေပြီး နောက်ပြောင်းရွှေ့ရန် တင်ပြခွင့်ရှိသည့် စနစ်အစားအထက် ပါ ပြောင်းရွှေ့လိုသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်သို့ လျှောက်ထားနိုင်သည့်စနစ် စတင်ပြောင်းလဲကျင့်သုံးခြင်းဖြစ်သည်။

အဆိုပါစနစ်ကို နည်းပြ၊ သရုပ်ပြသစ်များခေါ်ယူရာတွင်လည်း ကျင့်သုံးမည် ဖြစ်သည်။ အဆိုပါစနစ်ကျင့် သုံးခြင်းနှင့် ပတ်သက်၍ ပုသိမ် တက္ကသိုလ် သမိုင်းဌာန လက်ထောက်ကထိက ဦးသန်းထိုက်အောင် က “အခုလို ပြောင်းလဲကျင့်သုံးတဲ့ စနစ်အရ ပါမောက္ခချုပ်တွေရဲ့ အခန်းကဏ္ဍက အရေးပါလာတယ်။ သူတို့နဲ့ အဆင်ပြေတဲ့သူက နည်းပြတို့ သရုပ်ပြတို့ရရှိမှာပဲ။ သူတို့ ရွေးချင်တဲ့ သူရွေးချယ်မှာပဲ။ ဘက်လိုက်မှု မရှိဘဲ ။ မျှတအောင် သေချာစိစစ်ရမယ်။ အဲဒီလိုမှ မဟုတ်ရင် စနစ်ပြောင်းလည်း ဘာမှဖြစ်လာမှာ မဟုတ်ဘူး” ဟု ဆိုသည်။

နည်းပြနှင့် သရုပ်ပြရာထူးများအတွက် တက္ကသိုလ်တိုင်းတွင် အောက်တိုဘာလဆန်းက ခေါ်ယူခဲ့ပြီး ယင်းသို့ခေါ် ယူမည့် အချိန်မှစ၍ တိုက်ရိုက်လျှောက်ထားနိုင်သည့် စနစ်ကို ကျင့်သုံးခြင်း ဖြစ်သည်။

အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် အဆင့်မြင့်ပညာဦးစီးဌာနနှစ်ခု အောက်ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ် ၁၆၈ ခုတွင် အဆိုပါစနစ်ကို ကျင့်သုံးမည် ဖြစ်ပြီး လျှောက်ထားလိုသူများသည် အဆိုပါ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တိုက်ရိုက် လျှောက်လွှာပေးပို့ လျှောက်ထားနိုင်မည် ဖြစ်သည်။

အဆိုပါ နည်းပြနှင့် သရုပ်ပြရာထူးများ လျှောက်ထားလိုပါက တည်ဆဲဥပဒေအရ နိုင်ငံသားဖြစ်ကာ သက်ဆိုင်ရာ ဘာသာရပ်အလိုက် မဟာဘွဲ့များ ရရှိရမည်ဖြစ်ပြီး ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုရမည် ဖြစ်သည်။

နည်းပြနှင့် သရုပ်ပြရာထူးများ လျှောက်ထားနိုင်ရန် ရန်ကုန်တက္ကသိုလ်တွင် ဘာသာရပ် ၁၈ခု၊ ဒဂုံ တက္ကသိုလ် တွင် ၁၅ ခု၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ဘာသာရပ် ၄ ခု၊ မော်လမြိုင် တက္ကသိုလ်တွင် ဘာသာရပ် ၁၀ ခု၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ၁၄ ခု၊ စစ်တွေ တက္ကသိုလ် ၁၀ ခု၊ ပြည် တက္ကသိုလ် ဘာသာရပ် ၁၂ ခု လျှောက်ထားခွင့် ပြုထားသည်။

Mizzima - News in Burmese 

No comments:

Post a Comment