Friday 12 December 2014

ဂွါတာနာမို အကျဉ်းစခန်းကို သမ္မတအိုဘားမားက ပိတ်တော့မည်ဖြစ်သော်လည်း အခက်အခဲများရှိနေဆဲဖြစ်

Photo: ဂွါတာနာမို အကျဉ်းစခန်းကို သမ္မတအိုဘားမားက ပိတ်တော့မည်ဖြစ်သော်လည်း အခက်အခဲများရှိနေဆဲဖြစ်
Friday, December 12, 2014

စီအိုင်အေအဖွဲ့ က လူသားမဆန်သည့် နှိပ်စက်မှုများဖြင့် စစ်ဆေးမေးမြန်းမှုများ ကျုးလွန်ရာ ဂွါတာနာမို ပင်လယ်အော်ရှိ အမေရိကန် စစ်အကျဉ်းထောင်ကို အိမ်ဖြူတော်က ပိတ်သိမ်းရန် ဆောင်ရွက်နေပြီဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်သည် ဂွါတာနာမိုအကျဉ်းထောင်မှ ဖမ်းဆီးထားသူ ခြောက်ဦးကိုသက်ဆိုင်ရာနိုင်ငံများသို့ လွဲအပ်မှုများကို ပြုလုပ်ခဲ့သည်။ သမ္မတအိုဘားမားက အကျဉ်းထောင်ပိတ်ပစ်နိုင်ရေး ရှေ့ တိုးလုပ်ဆောင်နေသော်လည်း ၎င်း၏ ရာထူးသက်တမ်းပြည့်ချိန် ဘဲဥပုံရုံးခန်းမှ ထွက်ခွာသွားရမည့်အချိန်တိုင်အောင် အကျဉ်းထောင်ပိတ်သိမ်းရေးအစီအစဉ်က အကောင်အထည် ပေါ်လာနိုင်ခြေ နည်းနေသည်ဟု ဆိုသည်။

ယခုနှစ်အတွင်း ယင်းဂွါတာနာမိုအကျဉ်းထောင်မှ ထောင်သား ၁၉ ဦးကို လွတ်ပေးပြီးဖြစ်သည်။ "ဂွါတာနာမို အကျဉ်းထောင်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ မူဝါဒက ရှင်းပါတယ်။ ဒီအကျဉ်းထောင် ဆက်ရှိနေတာက အမျိုးသားလုံခြုံရေး အတွက် အန္တရာယ်များတယ်။ ဒါကြောင့် ပိတ်ပစ်ရမှာပဲ ဖြစ်တယ်"ဟု အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရသူက အေအက်ဖ်ပီသို့ ပြောသည်။

"ကမ္ဘာ့ အမြင်မှာ ကျွန်တော်တို့ အပေါ် အဆိုးမြင်စေမယ့်အရာ၊ အဓိကမဟာမိတ်တွေနဲ့ ဆက်ဆံရေးကို ထိခိုက်စေမယ့်အရာ၊ အကြမ်းဖက်စစ်သွေးကြွတွေ အတွက် အားသာမှုရစေမယ့် အရာဖြစ်နေတဲ့ အကျဉ်းစခန်းတစ်ခုအတွက် အမေရိကန်ပြည်သူတွေက တစ်နှစ်ကို ဒေါ်လာ သန်းရာနှင့်ချီပြီး ကုန်ကျခံနေရတာက မဖြစ်သင့်ဘူး"ဟု ၎င်းက ပြောခဲ့သည်။

ဂွါတာနာမိုအကျဉ်းစခန်းကို သမ္မတဂျော့ဒဗလျူဘု့ ရှ်လက်ထက် ၂၀၀၁ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုနောက်ပိုင်းတွင် သံသယရှိသူ အကြမ်းဖက်သမားများကို ဖမ်းဆီး ချုပ်နှောင်ထားရန် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ တရားစွဲဆို စစ်ဆေးခြင်းမရှိဘဲ ဖမ်းဆီးချုပ်နှောင်ခြင်းများနှင့် အချို့ အဖမ်းခံထားရသူများကို လူမဆန်သောနည်းလမ်းများဖြင့် စစ်ကြော မေးမြန်းခြင်းတို့ ဖြင့် အပြစ်ဆိုခံနေရသည့် အကျဉ်းထောင်လည်းဖြစ်သည်။

ယင်းအကျဉ်းထောင်တွင် စီအိုင်အေ၏ ညင်းပန်းနှိပ်စက်ကာ စစ်ကြောမေးမြန်းခဲ့သည့် အစီရင်ခံစာကို ဒီဇင်ဘာ ၉ရက်တွင် အထက်လွှတ်တော်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် အိုစမာဘင်လာဒင်၏ ညာလက်ရုံး ဖြစ်သည်ဟု စွပ်စွဲခံထားရသူ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအား နောက်ကွယ်က ကြိုးကိုင်ခဲ့သူများ ဖြစ်သည့် ခါလစ်ရှိတ်မိုဟာမတ်နှင့် အဘူဇူဘေဒတ်တို့ နှစ်ဦးကို စစ်ဆေးမေးမြန်းခဲ့သည့် သတင်းအချက်အလက်များကိုလည်း ဖော်ပြထားသည်။

Ref: AFP
Mizzima - News in Burmese
စီအိုင်အေအဖွဲ့ က လူသားမဆန်သည့် နှိပ်စက်မှုများဖြင့် စစ်ဆေးမေးမြန်းမှုများ ကျုးလွန်ရာ ဂွါတာနာမို ပင်လယ်အော်ရှိ အမေရိကန် စစ်အကျဉ်းထောင်ကို အိမ်ဖြူတော်က ပိတ်သိမ်းရန် ဆောင်ရွက်နေပြီဖြစ် သည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်သည် ဂွါတာနာမိုအကျဉ်းထောင်မှ ဖမ်းဆီးထားသူ ခြောက်ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွဲအပ်မှုများကို ပြုလုပ်ခဲ့သည်။ သမ္မတအိုဘားမားက အကျဉ်းထောင်ပိတ်ပစ် နိုင်ရေး ရှေ့ တိုးလုပ်ဆောင်နေသော်လည်း ၎င်း၏ ရာထူးသက်တမ်းပြည့်ချိန် ဘဲဥပုံရုံးခန်းမှ ထွက်ခွာ သွားရမည့်အချိန်တိုင်အောင် အကျဉ်းထောင်ပိတ်သိမ်းရေးအစီအစဉ်က အကောင်အထည် ပေါ်လာနိုင်ခြေ နည်းနေသည်ဟု ဆိုသည်။

ယခုနှစ်အတွင်း ယင်းဂွါတာနာမိုအကျဉ်းထောင်မှ ထောင်သား ၁၉ ဦးကို လွတ်ပေးပြီးဖြစ်သည်။ "ဂွါတာ နာမို အကျဉ်းထောင်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ မူဝါဒက ရှင်းပါတယ်။ ဒီအကျဉ်းထောင် ဆက်ရှိနေတာက အမျိုးသားလုံခြုံရေး အတွက် အန္တရာယ်များတယ်။ ဒါကြောင့် ပိတ်ပစ်ရမှာပဲ ဖြစ်တယ်"ဟု အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရသူက အေအက်ဖ်ပီသို့ ပြောသည်။

"ကမ္ဘာ့ အမြင်မှာ ကျွန်တော်တို့ အပေါ် အဆိုးမြင်စေမယ့်အရာ၊ အဓိကမဟာမိတ်တွေနဲ့ ဆက်ဆံရေးကို ထိခိုက်စေမယ့်အရာ၊ အကြမ်းဖက်စစ်သွေးကြွတွေအတွက် အားသာမှုရစေမယ့် အရာဖြစ်နေတဲ့ အကျဉ်း စခန်းတစ်ခုအတွက် အမေရိကန်ပြည်သူတွေက တစ်နှစ်ကို ဒေါ်လာ သန်းရာနှင့်ချီပြီး ကုန်ကျခံနေရတာက မဖြစ်သင့်ဘူး"ဟု ၎င်းက ပြောခဲ့သည်။

ဂွါတာနာမိုအကျဉ်းစခန်းကို သမ္မတဂျော့ဒဗလျူဘု့ ရှ်လက်ထက် ၂၀၀၁ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု နောက်ပိုင်းတွင် သံသယရှိသူ အကြမ်းဖက်သမားများကို ဖမ်းဆီးချုပ်နှောင်ထားရန် ဖွင့်လှစ်ခဲ့ခြင်း ဖြစ် သည်။ တရားစွဲဆို စစ်ဆေးခြင်းမရှိဘဲ ဖမ်းဆီးချုပ်နှောင်ခြင်းများနှင့် အချို့ အဖမ်းခံထားရသူများကို လူမဆန်သောနည်းလမ်းများဖြင့် စစ်ကြော မေးမြန်းခြင်းတို့ ဖြင့် အပြစ်ဆိုခံနေရသည့် အကျဉ်းထောင် လည်းဖြစ်သည်။

ယင်းအကျဉ်းထောင်တွင် စီအိုင်အေ၏ ညင်းပန်းနှိပ်စက်ကာ စစ်ကြောမေးမြန်းခဲ့သည့် အစီရင်ခံစာကို ဒီဇင်ဘာ ၉ရက်တွင် အထက်လွှတ်တော်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာတွင် အိုစမာဘင်လာဒင် ၏ ညာလက်ရုံး ဖြစ်သည်ဟု စွပ်စွဲခံထားရသူ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအား နောက်ကွယ်က ကြိုးကိုင်ခဲ့သူများ ဖြစ်သည့် ခါလစ်ရှိတ်မိုဟာမတ်နှင့် အဘူဇူဘေဒတ်တို့ နှစ်ဦးကို စစ်ဆေးမေးမြန်းခဲ့သည့် သတင်းအချက်အလက်များကိုလည်း ဖော်ပြထားသည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment