Friday 12 December 2014

V.Gastro Bar မှ တရားစွဲဆိုခံရသူ သုံးဦး အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရ

Photo: V.Gastro Bar မှ တရားစွဲဆိုခံရသူ သုံးဦး အင်းစိန်ထောင်တွင် ထိန်းသိမ်းခံရ
Friday, December 12, 2014

လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ထားပုံဖြင့် ဖျော်ဖြေပွဲ ကြော်ငြာခဲ့သဖြင့် V.Gastro Bar မှ တရားစွဲဆိုခံရသူ သုံးဦးမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဗဟန်းမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စဉ် အာမခံမရရှိသဖြင့် အင်းစိန်ထောင်သို့ ပို့လိုက်ပြီ ဖြစ်ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းထံမှ သိရှိရသည်။

“အာမခံမရတဲ့ အတွက် သုံးယောက်စလုံးကို အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ။ ထွေ/အုပ်ကလည်း သူတို့ကို ပုဒ်မ ၁၈၈ နဲ့ တရားစွဲဖို့ ရှိတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲမှုး ဒုရဲမှူးကြီး ဝင်းကြည်က အတည်ပြု ပြောကြားသည်။

V.Gastro Bar မှ ပိုင်ရှင် ကိုထွန်းသူရိန်၊ မန်နေဂျာ ကိုထွဋ်ကိုကိုလွင်နှင့် နယူးဇီလန်နိုင်ငံသား Mr.Phillips Geoffrey Blackwood တို့ကို သာသနာ ညှိုးနွမ်းစေမှုများ ဖြစ်သည့် ပုဒ်မ ၂၉၅၊ ပုဒ်မ ၂၉၅ (က) တို့ဖြင့် ဗဟန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲစိုးမြင့်က တရားလိုပြုကာ အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

“လူကြီးတွေကတော့ ထိထိရောက်ရောက် တရားစွဲပါမယ်လို့ ပြောတယ်။ စောင့်ကြည့်ရမှာပေါ့။ သာသနာကို ညှိုးနွမ်းအောင် လုပ်တာ၊ ခုက အခြားနိုင်ငံသားတွေက ဗုဒ္ဓဘာသာကို စော်ကားတယ်။ ဗုဒ္ဓဘာသာ အချင်းချင်းကလည်း ဗုဒ္ဓဘာသာကို စော်ကားတာ အများကြီး ရှိနေတယ်။ အမျိုးဘာသာ သာသနာကို ချစ်တဲ့စိတ် ရှိတဲ့ သူတွေကတော့ နိုးကြားနေရမှာပေါ့” ဟု တရားခွင်သို့ လာရောက် စောင့်ကြည့်နေသည့် ဝံသာနု ရက္ခိတအဖွဲ့မှ အလုပ်အမှုဆောင် ဦးဝင်းသိန်းက ပြောဆိုသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့တွင် Buddha bar အဖြစ် ကျင်းပမည် ဖြစ်ကြောင်း ကြော်ငြာထားခဲ့သည့် ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ V.Gastro Bar ကိုလည်း လုံခြုံရေးအင်အား ၁၀ ဦးကျော် ချထားကာ ယာယီပိတ်သိမ်းထားခဲ့ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော အဆိုပါဆိုင်ကို အရောင်းမြှင့်တင်ရေး ဖန်တီးရန်အတွက် ကြော်ငြာခဲ့ခြင်းသာ ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရှိရသည်။

တရားစွဲဆိုခံရသူများက ရဲစခန်းတွင် ကနဦး ထွက်ဆိုချက် ပေးထားပြီး ဒီဇင်ဘာ ၁၈ ရက်နေ့တွင် စတင်မည်ဖြစ်ရာ တရားလိုပြ သက်သေများကို စတင်စစ်ဆေးမည် ဖြစ်ကြောင်း တရားခွင်သို့ တက်ရောက်ခဲ့သူများထံမှ သိရသည်။

The Voice Weekly
လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ထားပုံဖြင့် ဖျော်ဖြေပွဲ ကြော်ငြာခဲ့သဖြင့် V.Gastro Bar မှ တရားစွဲဆိုခံရသူ သုံးဦးမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဗဟန်းမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စဉ် အာမခံမရရှိသဖြင့် အင်းစိန်ထောင်သို့ ပို့လိုက်ပြီ ဖြစ်ကြောင်း ဗဟန်းမြို့နယ် မြို့မရဲစခန်းထံမှ သိရှိရသည်။

“အာမခံမရတဲ့ အတွက် သုံးယောက်စလုံးကို အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ။ ထွေ/အုပ်ကလည်း သူတို့ကို ပုဒ်မ ၁၈၈ နဲ့ တရားစွဲဖို့ ရှိတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲမှုး ဒုရဲမှူးကြီး ဝင်းကြည်က အတည်ပြု ပြောကြားသည်။

V.Gastro Bar မှ ပိုင်ရှင် ကိုထွန်းသူရိန်၊ မန်နေဂျာ ကိုထွဋ်ကိုကိုလွင်နှင့် နယူးဇီလန်နိုင်ငံသား Mr.Phillips Geoffrey Blackwood တို့ကို သာသနာ ညှိုးနွမ်းစေမှုများ ဖြစ်သည့် ပုဒ်မ ၂၉၅၊ ပုဒ်မ ၂၉၅ (က) တို့ဖြင့် ဗဟန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲစိုးမြင့်က တရားလိုပြုကာ အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

“လူကြီးတွေကတော့ ထိထိရောက်ရောက် တရားစွဲပါမယ်လို့ ပြောတယ်။ စောင့်ကြည့်ရမှာပေါ့။ သာသနာ ကို ညှိုးနွမ်းအောင် လုပ်တာ၊ ခုက အခြားနိုင်ငံသားတွေက ဗုဒ္ဓဘာသာကို စော်ကားတယ်။ ဗုဒ္ဓဘာသာ အချင်းချင်းကလည်း ဗုဒ္ဓဘာသာကို စော်ကားတာ အများကြီး ရှိနေတယ်။ အမျိုးဘာသာ သာသနာကို ချစ်တဲ့စိတ် ရှိတဲ့ သူတွေကတော့ နိုးကြားနေရမှာပေါ့” ဟု တရားခွင်သို့ လာရောက် စောင့်ကြည့်နေသည့် ဝံသာနု ရက္ခိတအဖွဲ့မှ အလုပ်အမှုဆောင် ဦးဝင်းသိန်းက ပြောဆိုသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့တွင် Buddha bar အဖြစ် ကျင်းပမည် ဖြစ်ကြောင်း ကြော်ငြာထားခဲ့သည့် ဗဟန်းမြို့ နယ် ရွှေတောင်ကြားလမ်းရှိ V.Gastro Bar ကိုလည်း လုံခြုံရေးအင်အား ၁၀ ဦးကျော် ချထားကာ ယာယီ ပိတ်သိမ်းထားခဲ့ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော အဆိုပါဆိုင်ကို အရောင်းမြှင့် တင်ရေး ဖန်တီးရန်အတွက် ကြော်ငြာခဲ့ခြင်းသာ ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရှိရသည်။

တရားစွဲဆိုခံရသူများက ရဲစခန်းတွင် ကနဦး ထွက်ဆိုချက် ပေးထားပြီး ဒီဇင်ဘာ ၁၈ ရက်နေ့တွင် စတင် မည်ဖြစ်ရာ တရားလိုပြသက်သေများကို စတင်စစ်ဆေးမည် ဖြစ်ကြောင်း တရားခွင်သို့ တက်ရောက်ခဲ့ သူများ ထံမှသိရသည်။

The Voice Weekly 

No comments:

Post a Comment