Friday 12 December 2014

မော်လမြိုင်ကျွန်းမြို့နယ်ရှိ တရားစွဲဆိုခံထားရသော တောင်သူများ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တွေ့ခွင့်ရရန် အစာငတ်ခံ ဆန္ဒပြတောင်းဆို

Photo: မော်လမြိုင်ကျွန်းမြို့နယ်ရှိ တရားစွဲဆိုခံထားရသော တောင်သူများ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တွေ့ခွင့်ရရန် အစာငတ်ခံ ဆန္ဒပြတောင်းဆို
Friday, December 12, 2014

လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ပုဂံပုံကျေးရွာအုပ်စု ဇုက္ကနိကျေးရွာတွင် လယ်ယာများအငြင်းပွားရာမှ တရားစွဲဆိုခြင်းခံထားရသည့် တောင်သူခြောက်ဦးသည် လယ်ယာမြေပြဿနာများအား တရားမျှတစွာ ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်နှင့် တွေ့ဆုံခွင့်ရရန် ဒီဇင်ဘာ  ၁၁ ရက်တွင် အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ဇုက္ကနိကျေးရွာနေ တောင်သူများဖြစ်သည့် ကိုစိန်ဝင်းနိုင်၊ ကိုမောင်ထွေး၊ ကိုအေးသိန်း၊ ကိုမြင့်စိုး၊ ကိုခင်မောင်ဇင်နှင့် ကိုဌေးလှိုင်တို့မှာ ဘိုဘွားပိုင်လယ်ယာမြေများနှင့် ယင်းတို့ပိုင်လယ်ယာမြေများပေါ်တွင် ပိုင်ဆိုင်မှု အငြင်းပွားနေလျက်ရှိပြီး ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် အမှုပေါင်း ၁ဝ ခုကျော် တရားဆွဲဆိုထားခြင်း ခံခဲ့ရကြောင်း၊ ယင်းတို့ပိုင်ဆိုင်ကြောင်းနှင့် တရားမျှတစွာဖြေရှင်းပေးနိုင်ပါရန် စာရွက်စာတမ်းသက်သေများနှင့်တကွ အဆင့်ဆင့်တင်ပြကြသော်လည်း တရားစွဲဆိုမှုများ ဆက်လက်ရင်ဆိုင်နေရသောကြောင့် ယင်းတို့၏ လယ်ယာမြေပြဿနာများကို တရားမျှတစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်မှ ဖြေရှင်းပေးပါရန် ယခုကဲ့သို့ လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် တောင်သူများထံမှ သိရသည်။

ကျွန်တော်တို့ မနေ့က ည ၆ နာရီလောက်ကတည်းက (ဒီဇင်ဘာ ၁ဝရက်) ပုသိမ်မြို့ကို ရောက်တာပါ။ မင်းကြီးနဲ့ တွေ့ခွင့်ရဖို့ဖုန်းဆက်ပြီးတော့ ခွင့်တောင်းပါတယ်။ ဒီနေ့ မွန်းတည့် ၁၂ နာရီမှာ တွေ့မယ်ဆိုပြီး မတွေ့ ရဘူး။ ဒါကြောင့် မင်းကြီးနဲ့ မတွေ့မချင်း အစာငတ်ခံ ဆန္ဒထုတ်ဖော်မယ်လို့ဆုံးဖြတ်ပြီး ရွှေမုဌောဘုရားပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ဘုရားပေါ်ကနေ ည ၆ နာရီလောက်ကျတော့ အစိုးရအဖွဲ့ရုံးရှေ့တံခါးမှာ မင်းကြီးနဲ့ တွေ့ချင်ကြောင်း ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ တောင်းဆိုနေတုန်းမှာ အထဲကအစောင့်တွေ ထွက်လာပြီး ဆန္ဒမပြနဲ့တော့ မနက်ဖြန် မနက် ၁ဝ နာရီမှာ မင်းကြီးနဲ့ တွေ့ခွင့်ပေးမယ်။ အခု ဘုန်းကြီးကျောင်းမှာသွားတည်းနေပါလို့ပြောပါတယ်။ ကျွန်တော်တို့ကတော့ အခု မတရားတဲ့အမှုတွေ ကို မပြေလည်မချင်း မော်ကျွန်းကို မပြန်ပါဘူး”ဟု ဆန္ဒထုတ်ဖော်ခဲ့သည့် တောင်သူတစ်ဦးဖြစ်သူ ကိုဌေးလှိုင်က ပြောပြသည်။

ဆန္ဒထုတ်ဖော်ခဲ့သည့် တောင်သူများမှ  ဒီဇင်ဘာ ၁၁ ရက်တွင် မော်လမြိုင်ကျွန်းမြို့နယ်တရားရုံးတွင် အစစ်ဆေးခံရမည်ဖြစ်ပြီး တရားရုံးတွင် အာမခံပေးရန် ငွေကြေးမတတ်နိုင်ခြင်းများကြောင့် ယခုကဲ့သို့ လာရောက်တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီနေ့ရုံးချိန်းရှိတယ်။ ကျွန်တော်တို့ အမှုအားလုံးကို အာမခံဖို့ဆို လူ ၅ဝ ကျော်လောက်လိုတယ်တဲ့။ လူတင် မဟုတ်ဘူး။ အာမခံတင်ဖို့ ငွေကြေးလည်း မတတ်နိုင်ပါဘူး။ ဒါကြောင့် အခုလိုလာရောက် တောင်းဆိုရတာပါ။ မဟုတ်ရင် အဖမ်းခံရတော့မယ်။ အမှုကိစ္စတွေ တရားမျှတစွာ မဖြစ်မချင်းမပြန်ပါဘူး။ ကျွန်တော်ဆိုရင် ပုံစံ(၇)ပါ ရပြီးသားပါ။ ဒါကို တရားစွဲဆိုခံရတာပါ။ အောက်ခြေမှာဖြေရှင်းလို့လည်း မထူးဘူးဖြစ်နေတယ်။ မတရားလုပ်ခံရတာချည်းပဲ။ ဒါ့ကြောင့် အခုလိုလုပ်တာပါ”ဟု တောင်သူတစ်ဦးဖြစ်သူ ကိုစိန်ဝင်းနိုင်ကပြောကြားသည်။

အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့သည့် တောင်သူများမှာ လက်ရှိအချိန်တွင် ပုသိမ်မြို့တိုက်ကြီးဘုန်းတော်ကြီးကျောင်း၌ ယာယီတည်းခိုလျက်ရှိပြီး ဒီဇင်ဘာ ၁၁ ရက် ည ၉ နာရီအထိ အစားအသောက်များ စားသောက်ခြင်းမရှိသေးကြောင်း သိရသည်။

Eleven Media Group 

အစာငတ်ခံဆန္ဒပြတောင်းဆိုနေသည့် တောင်သူများအား တွေ့ရစဉ်
အစာငတ်ခံဆန္ဒပြတောင်းဆိုနေသည့် တောင်သူများအား တွေ့ရစဉ်
လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ပုဂံပုံကျေးရွာအုပ်စု ဇုက္ကနိကျေးရွာတွင် လယ်ယာများအငြင်းပွား ရာမှ တရားစွဲဆိုခြင်းခံထားရသည့် တောင်သူခြောက်ဦးသည် လယ်ယာမြေပြဿနာများအား တရား မျှတစွာ ကူညီဖြေရှင်းပေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော် နှင့် တွေ့ဆုံခွင့်ရရန် ဒီဇင်ဘာ  ၁၁ ရက်တွင် အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ဇုက္ကနိကျေးရွာနေ တောင်သူများဖြစ်သည့် ကိုစိန်ဝင်းနိုင်၊ ကိုမောင်ထွေး၊ ကိုအေးသိန်း၊ ကိုမြင့်စိုး၊ ကိုခင်မောင်ဇင်နှင့် ကိုဌေးလှိုင်တို့မှာ ဘိုဘွားပိုင်လယ်ယာမြေများနှင့် ယင်းတို့ပိုင်လယ်ယာမြေများပေါ်တွင် ပိုင်ဆိုင်မှု အငြင်းပွားနေလျက်ရှိပြီး ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် အမှုပေါင်း ၁ဝ ခုကျော် တရားဆွဲဆိုထားခြင်း ခံခဲ့ရကြောင်း၊ ယင်းတို့ပိုင်ဆိုင်ကြောင်းနှင့် တရားမျှတစွာဖြေရှင်းပေးနိုင်ပါရန် စာရွက်စာတမ်းသက်သေ များနှင့်တကွ အဆင့်ဆင့်တင်ပြကြသော်လည်း တရားစွဲဆိုမှုများ ဆက်လက်ရင်ဆိုင်နေရသောကြောင့် ယင်းတို့၏ လယ်ယာမြေပြဿနာများကို တရားမျှတစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်မှ ဖြေရှင်းပေးပါရန် ယခုကဲ့သို့ လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် တောင်သူများထံမှ သိရသည်။

ကျွန်တော်တို့ မနေ့က ည ၆ နာရီလောက်ကတည်းက (ဒီဇင်ဘာ ၁ဝရက်) ပုသိမ်မြို့ကို ရောက်တာပါ။ မင်းကြီးနဲ့ တွေ့ခွင့်ရဖို့ဖုန်းဆက်ပြီးတော့ ခွင့်တောင်းပါတယ်။ ဒီနေ့ မွန်းတည့် ၁၂ နာရီမှာ တွေ့မယ်ဆိုပြီး မတွေ့ ရဘူး။ ဒါကြောင့် မင်းကြီးနဲ့ မတွေ့မချင်း အစာငတ်ခံ ဆန္ဒထုတ်ဖော်မယ်လို့ဆုံးဖြတ်ပြီး ရွှေမုဌော ဘုရားပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ဘုရားပေါ်ကနေ ည ၆ နာရီလောက်ကျတော့ အစိုးရအဖွဲ့ရုံးရှေ့ တံခါးမှာ မင်းကြီးနဲ့ တွေ့ချင်ကြောင်း ဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ တောင်းဆိုနေတုန်းမှာ အထဲကအစောင့်တွေ ထွက်လာပြီး ဆန္ဒမပြနဲ့တော့ မနက်ဖြန် မနက် ၁ဝ နာရီမှာ မင်းကြီးနဲ့ တွေ့ခွင့်ပေးမယ်။ အခု ဘုန်းကြီးကျောင်းမှာသွားတည်းနေပါလို့ပြောပါတယ်။ ကျွန်တော်တို့ကတော့ အခု မတရားတဲ့ အမှုတွေ ကို မပြေလည်မချင်း မော်ကျွန်းကို မပြန်ပါဘူး”ဟု ဆန္ဒထုတ်ဖော်ခဲ့သည့် တောင်သူ တစ်ဦးဖြစ်သူ ကိုဌေးလှိုင်က ပြောပြသည်။

ဆန္ဒထုတ်ဖော်ခဲ့သည့် တောင်သူများမှ  ဒီဇင်ဘာ ၁၁ ရက်တွင် မော်လမြိုင်ကျွန်းမြို့နယ်တရားရုံးတွင် အစစ်ဆေး ခံရမည်ဖြစ်ပြီး တရားရုံးတွင် အာမခံပေးရန် ငွေကြေးမတတ်နိုင်ခြင်းများကြောင့် ယခုကဲ့သို့ လာရောက်တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီနေ့ရုံးချိန်းရှိတယ်။ ကျွန်တော်တို့ အမှုအားလုံးကို အာမခံဖို့ဆို လူ ၅ဝ ကျော်လောက် လိုတယ်တဲ့။ လူတင် မဟုတ်ဘူး။ အာမခံတင်ဖို့ ငွေကြေးလည်း မတတ်နိုင်ပါဘူး။ ဒါကြောင့် အခုလိုလာ ရောက် တောင်းဆိုရတာပါ။ မဟုတ်ရင် အဖမ်းခံရတော့မယ်။ အမှုကိစ္စတွေ တရားမျှတစွာ မဖြစ်မချင်းမပြန် ပါဘူး။ ကျွန်တော်ဆိုရင် ပုံစံ(၇)ပါ ရပြီးသားပါ။ ဒါကို တရားစွဲဆိုခံရတာပါ။ အောက်ခြေမှာဖြေရှင်းလို့လည်း မထူးဘူးဖြစ်နေတယ်။ မတရားလုပ်ခံရတာချည်းပဲ။ ဒါ့ကြောင့် အခုလိုလုပ်တာပါ”ဟု တောင်သူတစ်ဦးဖြစ်သူ ကိုစိန်ဝင်းနိုင်ကပြောကြားသည်။

အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့သည့် တောင်သူများမှာ လက်ရှိအချိန်တွင် ပုသိမ်မြို့တိုက်ကြီးဘုန်းတော်ကြီး ကျောင်း၌ ယာယီတည်းခိုလျက်ရှိပြီး ဒီဇင်ဘာ ၁၁ ရက် ည ၉ နာရီအထိ အစားအသောက်များ စား သောက်ခြင်းမရှိသေးကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment