Friday 12 December 2014

တရုတ်တွင် နိုင်ငံပိုင်ကုမ္ပဏီ အကြီးအကဲ လာဘ်စားမှုကြောင့် သေဒဏ်ပေးခံရ

Photo: တရုတ်တွင် နိုင်ငံပိုင်ကုမ္ပဏီ အကြီးအကဲ လာဘ်စားမှုကြောင့် သေဒဏ်ပေးခံရ
Friday, December 12, 2014

တရုတ်နိုင်ငံတွင် ယွမ်သန်း ၄၀၀ နီးပါး လာဘ်စားမှုအပါအဝင် အကျင့်ပျက်ချစားမှုကြောင့် နိုင်ငံပိုင် ကုမ္ပဏီ တစ်ခု၏ အကြီးအကဲဖြစ်သူ သေဒဏ်ပေးခံခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာတွင်ဖော်ပြခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သူ၏သက်တမ်းအတွင်း လာဘ်ပေးလာဘ်ယူ မှုများကို အပြင်းအထန် တိုက်ဖျက်လျှက် ရှိသည်။

သမ္မတ ရှီကျင့်ဖျင် အာဏာရခဲ့သည့် နှစ်နှစ်အတွင်း ကွန်မြူနစ်ပါတီသည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို လုပ်ဆောင်နေလျက် ရှိသည်။ သြဇာအာဏာ ကြီးမားခဲ့သည့် ဒုတိယ ပြည်တွင်း လုံခြုံရေး အကြီးအကဲဟောင်း ကျို့ ယောင်ကန်ကို ဖမ်းဆီး လိုက်ခြင်းဖြင့် ထိပ်တန်း အရာရှိကြီး တစ်ဦးကို အကျင့်ပျက်ခြစားမှုဖြင့် စတင်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

သို့ သော်လည်း တရုတ်နိုင်ငံသည် ကျန်ကမ္ဘာနိုင်ငံများထက် လူများကို သေဒဏ်ပေးခြင်းပိုများကြောင်း လူအခွင့်အရေးအဖွဲ့ များက ပြောပြီး အကျင့်ပျက် လာဘ်စားသည့် အရာရှိများကို နောက်ဆုံးပြစ်ဒဏ်ပေးခြင်းမျိုး ကလည်း ရှားရှားပါးပါးပင်ဖြစ်ကြောင်း ဆိုသည်။

ဘိုင်ယွန်စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးကော်ပိုရေးရှင်းမှ အထွေထွေမန်နေဂျာဟောင်း ကျန်ရှင်းဟွာကို ကွမ်ကျို့ မြို့ တရားရုံးက လာဘ်စားမှု၊ အလွဲသုံးစားပြုမှုတို့ ဖြင့် ဒီဇင်ဘာ ၁၀ရက်က သေဒဏ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ ကျန်သည် ၂၀၀၃ ခုနှစ်မှ စကာ ကုမ္မဏီပိုက်ဆံ ယွမ်သန်း ၂၈၀ ကျော်ကို အလွဲသုံးစားလုပ်ခဲ့သည်ဟု ဆင်ဟွာက ဖော်ပြသည်။

ထိုပြင် ကျန်သည် အမျိုးမျိုးသော ကဏ္ဍများတွင်လည်း ယွမ် သန်း ၉၅သန်းဝန်းကျင် လာဘ်စားမှုများ ကျုးလွန်ခဲ့ကြောင်း ယင်းသတင်း တွင် ဖော်ပြထားသည်။ ကျန်နှင့်အတူ တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံကိန်းဌာနတစ်ခုဖြစ်သည့် အမျိုးသားဖွံ့ ဖြိုး မှုနှင့် ပြန်လည် ထူထောင်ရေးကော်မရှင်မှ လက်ထောက်ဥက္ကဌ လျို့ရှဲ့နန်ကိုလည်း တစ်နေ့ တည်းတွင်ပင် လာဘ်စားမှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့သည်

Ref: AFP
Mizzima - News in Burmese
တရုတ်နိုင်ငံတွင် ယွမ်သန်း ၄၀၀ နီးပါး လာဘ်စားမှုအပါအဝင် အကျင့်ပျက်ချစားမှုကြောင့် နိုင်ငံပိုင် ကုမ္ပဏီ တစ်ခု ၏ အကြီးအကဲဖြစ်သူ သေဒဏ်ပေးခံခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာတွင်ဖော်ပြခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သူ၏သက်တမ်းအတွင်း လာဘ်ပေးလာဘ်ယူ မှုများကို အပြင်းအထန် တိုက် ဖျက်လျှက်ရှိသည်။

သမ္မတ ရှီကျင့်ဖျင် အာဏာရခဲ့သည့် နှစ်နှစ်အတွင်း ကွန်မြူနစ်ပါတီသည် အကျင့်ပျက်ခြစားမှု တိုက်ဖျက် ရေးကို လုပ်ဆောင်နေလျက် ရှိသည်။ သြဇာအာဏာ ကြီးမားခဲ့သည့် ဒုတိယပြည်တွင်းလုံခြုံရေး အကြီးအကဲဟောင်း ကျို့ ယောင်ကန်ကို ဖမ်းဆီးလိုက်ခြင်းဖြင့် ထိပ်တန်း အရာရှိကြီး တစ်ဦးကို အကျင့်ပျက် ခြစားမှုဖြင့် စတင်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

သို့ သော်လည်း တရုတ်နိုင်ငံသည် ကျန်ကမ္ဘာနိုင်ငံများထက် လူများကို သေဒဏ်ပေးခြင်းပိုများကြောင်း လူအခွင့်အရေးအဖွဲ့ များက ပြောပြီး အကျင့်ပျက် လာဘ်စားသည့် အရာရှိများကို နောက်ဆုံးပြစ်ဒဏ် ပေးခြင်း မျိုး ကလည်း ရှားရှားပါးပါးပင်ဖြစ်ကြောင်း ဆိုသည်။

ဘိုင်ယွန်စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးကော်ပိုရေးရှင်းမှ အထွေထွေမန်နေဂျာဟောင်း ကျန်ရှင်းဟွာကို ကွမ်ကျို့ မြို့ တရားရုံးက လာဘ်စားမှု၊ အလွဲသုံးစားပြုမှုတို့ ဖြင့် ဒီဇင်ဘာ ၁၀ရက်က သေဒဏ်ပေးခဲ့ ခြင်းဖြစ် ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ ကျန်သည် ၂၀၀၃ ခုနှစ်မှ စကာ ကုမ္မဏီပိုက်ဆံ ယွမ်သန်း ၂၈၀ ကျော်ကို အလွဲသုံးစားလုပ်ခဲ့သည်ဟု ဆင်ဟွာက ဖော်ပြသည်။

ထိုပြင် ကျန်သည် အမျိုးမျိုးသော ကဏ္ဍများတွင်လည်း ယွမ် သန်း ၉၅သန်းဝန်းကျင် လာဘ်စားမှုများ ကျုးလွန်ခဲ့ကြောင်း ယင်းသတင်း တွင် ဖော်ပြထားသည်။ ကျန်နှင့်အတူ တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေး စီမံကိန်းဌာနတစ်ခုဖြစ်သည့် အမျိုးသားဖွံ့ ဖြိုး မှုနှင့် ပြန်လည် ထူထောင်ရေးကော်မရှင်မှ လက်ထောက် ဥက္ကဌ လျို့ရှဲ့နန်ကိုလည်း တစ်နေ့ တည်းတွင်ပင် လာဘ်စားမှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ် ဒဏ်ချမှတ်ခဲ့သည်

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment