Friday 12 December 2014

ဟောင်ကောင်ဆန္ဒပြပွဲ ရဲအင်အား ၇ ထောင်ကျော်ဖြင့် ရှင်းလင်း

Photo: ဟောင်ကောင်ဆန္ဒပြပွဲ ရဲအင်အား ၇ ထောင်ကျော်ဖြင့် ရှင်းလင်း
Friday, December 12, 2014

နောက်ဆုံးလက်ကျန် ဟောင်ကောင်ဆန္ဒပြပွဲတွေကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်က ဟောင်ကောင်အာဏာပိုင်တွေ စတင်ဝင်ရောက်ရှင်း လင်းခဲ့ကြပါတယ်။

_79655921_025073091-1ရဲတွေရဲ့ အနီးကပ်စောင့်ကြည့်မှုနဲ့ ရှင်းလင်းရေးအလုပ်သမားတွေက အမာရာတီ နယ်မြေက Admiralty ဆန္ဒပြစခန်းကို ၂ နေရာကနေ ၀င်ရောက်ရှင်းလင်းခဲ့ကြတာပါ။

ဝင်ရောက် ရှင်းလင်းတော့မယ့်အချိန်မှာ ဆန္ဒပြကျောင်းသားတွေကို ဖယ်ရှားပေးဖို့ သတိပေးချက်ဖတ်ကြားခဲ့ပါတယ်။ အစပိုင်း အခုအခံ နည်းနည်းရှိခဲ့တာကလွဲလို့ ထိပ်တိုက်တွေ့မှုတွေ သိပ်မရှိခဲ့ပေ။

ရဲအင်အား ၇ ထောင်ကျော်က သုံးခဲ့ပြီး ရှင်းလင်းရေးကို နှောင့်ယှက်တားဆီးသူ၊ ဆက်ဆန္ဒပြနေသူတွေအားလုံးကို ဖမ်းဆီးမယ်လို့ ရဲမှူး Kwok Pak-chung က ဆန္ဒပြကျောင်းသားတွေကို သတိပေးထားပါတယ်။

နောက်ဆုံးအချိန်အထိ ရဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်သွားမယ့် ဆန္ဒပြကျောင်းသား တချို့ လည်း ရှိခဲ့ပါတယ်။

အခုလို ရဲအင်အားသုံးပြီး ဟောင်ကောင်ဆန္ဒပြပွဲတွေကို ရှင်းလို့ရမှာဖြစ်ပေမယ့် ဟောင်ကောင် နိုင်ငံရေးပြဿနာကို ရှင်းလို့ မရကြောင်း အကျော်ကြားဆုံး ဟောင်ကောင်ဆန္ဒပြကျောင်းသားခေါင်းဆောင် Joshua Wong က ပြောဆိုခဲ့ပါတယ်။

ဒီရှင်းလင်းမှုကို အထင်ကရပညာရှင်အယောက် ၃၀ ပါ အဖွဲ့တဖွဲ့၊ လွတ်လပ်တဲ့ ဟောင်ကောင်ရဲစောင့်ကြည့်ရေးအဖွဲ့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အနီးကပ်စောင့်ကြည့်ကြမှာဖြစ်ပါတယ်။

ဟောင်ကောင်မြို့လယ်ကို ၇၅ ရက်ကြာ သိမ်းပိုက်ဆန္ဒပြပွဲတွေဟာ ၁၉၈၉ တရုတ်ဒီမိုကရေစီဆန္ဒပြပွဲတွေနောက်ပိုင်း တရုတ်အစိုးရကို ထိပ်တိုက်စိန်ခေါ်မှုအရှိဆုံး ဆန္ဒပြပွဲတွေဖြစ်လာပါတယ်။

၂ လခွဲကြာ ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူ ၆၅၅ ဦး ဖမ်းဆီးခဲ့ရတယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ကြေညာပါတယ်။

ရဲလုံခြုံရေး ၁၂၉ ဦး ဒဏ်ရာရရှိတယ်လို့ ရဲက ကြေညာပေမယ့် ဆန္ဒပြသူ ဘယ် နှဦး ထိ ခိုက် ဒဏ်ရာရခဲ့တယ်ဆိုတာကိုတော့ ရဲက ထုတ်ဖော်မပြောခဲ့ပါဘူး။

ဒီဗွီဘီ
နောက်ဆုံးလက်ကျန် ဟောင်ကောင်ဆန္ဒပြပွဲတွေကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်က ဟောင်ကောင် အာ ဏာပိုင်တွေ စတင်ဝင်ရောက်ရှင်း လင်းခဲ့ကြပါတယ်။

ရဲတွေရဲ့ အနီးကပ်စောင့်ကြည့်မှုနဲ့ ရှင်းလင်းရေးအလုပ်သမားတွေက အမာရာတီ နယ်မြေက Admiralty ဆန္ဒပြစခန်းကို ၂ နေရာကနေ ၀င်ရောက်ရှင်းလင်းခဲ့ကြတာပါ။

ဝင်ရောက် ရှင်းလင်းတော့မယ့်အချိန်မှာ ဆန္ဒပြကျောင်းသားတွေကို ဖယ်ရှားပေးဖို့ သတိပေးချက် ဖတ်ကြား ခဲ့ ပါတယ်။ အစပိုင်း အခုအခံ နည်းနည်းရှိခဲ့တာကလွဲလို့ ထိပ်တိုက်တွေ့မှုတွေ သိပ်မရှိခဲ့ပေ။

ရဲအင်အား ၇ ထောင်ကျော်က သုံးခဲ့ပြီး ရှင်းလင်းရေးကို နှောင့်ယှက်တားဆီးသူ၊ ဆက်ဆန္ဒပြနေ သူတွေ အားလုံးကို ဖမ်းဆီးမယ်လို့ ရဲမှူး Kwok Pak-chung က ဆန္ဒပြကျောင်းသားတွေကို သတိပေးထား ပါတယ်။

နောက်ဆုံးအချိန်အထိ ရဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်သွားမယ့် ဆန္ဒပြကျောင်းသား တချို့ လည်း ရှိခဲ့ပါတယ်။

အခုလို ရဲအင်အားသုံးပြီး ဟောင်ကောင်ဆန္ဒပြပွဲတွေကို ရှင်းလို့ရမှာဖြစ်ပေမယ့် ဟောင်ကောင် နိုင်ငံရေး ပြဿနာကို ရှင်းလို့ မရကြောင်း အကျော်ကြားဆုံး ဟောင်ကောင်ဆန္ဒပြကျောင်းသားခေါင်းဆောင် Joshua Wong က ပြောဆိုခဲ့ပါတယ်။

ဒီရှင်းလင်းမှုကို အထင်ကရပညာရှင်အယောက် ၃၀ ပါ အဖွဲ့တဖွဲ့၊ လွတ်လပ်တဲ့ ဟောင်ကောင်ရဲ စောင့် ကြည့်ရေးအဖွဲ့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အနီးကပ်စောင့်ကြည့်ကြမှာဖြစ်ပါတယ်။

ဟောင်ကောင်မြို့လယ်ကို ၇၅ ရက်ကြာ သိမ်းပိုက်ဆန္ဒပြပွဲတွေဟာ ၁၉၈၉ တရုတ်ဒီမိုကရေစီ ဆန္ဒပြပွဲ တွေနောက်ပိုင်း တရုတ်အစိုးရကို ထိပ်တိုက်စိန်ခေါ်မှုအရှိဆုံး ဆန္ဒပြပွဲတွေဖြစ်လာပါတယ်။

၂ လခွဲကြာ ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူ ၆၅၅ ဦး ဖမ်းဆီးခဲ့ရတယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ကြေညာ ပါတယ်။

ရဲလုံခြုံရေး ၁၂၉ ဦး ဒဏ်ရာရရှိတယ်လို့ ရဲက ကြေညာပေမယ့် ဆန္ဒပြသူ ဘယ် နှဦး ထိ ခိုက် ဒဏ်ရာရခဲ့ တယ်ဆိုတာကိုတော့ ရဲက ထုတ်ဖော်မပြောခဲ့ပါဘူး။

ဒီဗွီဘီ

No comments:

Post a Comment