Wednesday 23 July 2014

လှိုင်မြို့နယ် ချောင်းဝဆိပ်ကမ်းအနီး လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြားသို့ အငှားယာဉ်တစ်စီး အရှိန်လွန် ထိုးကျ

Photo: လှိုင်မြို့နယ် ချောင်းဝဆိပ်ကမ်းအနီး လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြားသို့ အငှားယာဉ်တစ်စီး အရှိန်လွန် ထိုးကျ
Wednesday, July 23, 2014

လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီးပေါ် ချောင်းဝဆိပ်ကမ်းအနီးအငှား ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြား ထိုးကျခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်၂၂ရက် နံနက်၆နာရီတွင် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ် ဘုရင့်နောင်ဘက်မှ လှိုင်မြို့နယ်ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ဆလွန်းအငှားယာဉ်တစ်စီးသည် ချောင်းဝဆိပ်ကမ်းအနီးလမ်းကွေ့သို့ ကွေ့စဉ် အရှိန်လွန်ကာ လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြား ထိုးကျသွားခဲ့ကြောင်း သိရသည်။

“ကံကောင်းတယ်လို့ ပြောရမယ်။ အောက်မှာက ထမင်းဆိုင်လေးရှိတယ်။သစ်ပင်ခံနေလို့၊ ပြုတ်မကျတာ။ မနက်ပိုင်းလည်းဖြစ်နေတော့ ဆိုင်ထဲမှာ လူကသိပ်မရှိဘူး။ ကားပေါ်ပါလာတဲ့နှစ်ယောက်လည်း သိပ်ဒဏ်ရာမရဘူး။ ယာဉ်မောင်းနဲ့ မိန်းကလေး တစ်ယောက် ပါလာတာ” ဟုဖြစ်စဉ်ကို ကိုယ်တွေ့မြင်ခဲ့သူတစ်ဦးက ပြောကြားသည်။

“ယာဉ်မောင်း ဘယ်သူဘယ်ဝါဆိုတာတော့ မသိသေးဘူး။ ထွက်ပြေးသွားကြတယ်။လင်မယားနှစ်ယောက်လို့တော့ သိထားတယ်။ ဒဏ်ရာအပြင်းအထန် မရကြဘူးလို့ အနီးကလူတွေပြောပြချက်အရ သိရတယ်။ ယာဉ်မောင်း ဘယ်သူဆိုတာ စုံစမ်းပြီး ဥပဒေအရ အရေးယူသွားမှာပါ” ဟု ယာဉ်မှုစစ်ရဲအုပ်နိုင်ထွန်းလင်း၏ ပြောကြားချက်အရ သိရသည်။     

Eleven Media Group  

ချောင်းဝဆိပ်ကမ်းအနီး လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြား အငှားယာဉ် အရှိန်လွန်ကာ ထိုးကျစဉ်(ဓာတ်ပုံ-တင့်ဇော်ထူး)
ချောင်းဝဆိပ်ကမ်းအနီးလမ်းဘေးချောက်ထဲရှိသစ်ပင်နှစ်ပင်ကြားအငှားယာဉ်အရှိန်လွန်ကာထိုးကျစဉ်
(ဓာတ်ပုံ-တင့်ဇော်ထူး)
လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမကြီးပေါ် ချောင်းဝဆိပ်ကမ်းအနီးအငှား ယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဘေး ချောက် ထဲရှိ သစ်ပင်နှစ်ပင်ကြား ထိုးကျခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်၂၂ရက် နံနက်၆နာရီတွင် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ် ဘုရင့်နောင်ဘက်မှ လှိုင်မြို့နယ်ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ဆလွန်းအငှားယာဉ်တစ်စီးသည် ချောင်းဝ ဆိပ် ကမ်း အနီးလမ်းကွေ့သို့ ကွေ့စဉ် အရှိန်လွန်ကာ လမ်းဘေးချောက်ထဲရှိ သစ်ပင်နှစ်ပင်ကြား ထိုးကျ သွား ခဲ့ကြောင်း သိရသည်။

“ကံကောင်းတယ်လို့ ပြောရမယ်။ အောက်မှာက ထမင်းဆိုင်လေးရှိတယ်။သစ်ပင်ခံနေလို့၊ ပြုတ်မကျတာ။ မနက်ပိုင်းလည်းဖြစ်နေတော့ ဆိုင်ထဲမှာ လူကသိပ်မရှိဘူး။ ကားပေါ်ပါလာတဲ့နှစ်ယောက်လည်း သိပ်ဒဏ်ရာ မရဘူး။ ယာဉ်မောင်းနဲ့ မိန်းကလေး တစ်ယောက် ပါလာတာ” ဟုဖြစ်စဉ်ကို ကိုယ်တွေ့မြင်ခဲ့သူတစ်ဦးက ပြောကြားသည်။

“ယာဉ်မောင်း ဘယ်သူဘယ်ဝါဆိုတာတော့ မသိသေးဘူး။ ထွက်ပြေးသွားကြတယ်။ လင် မယားနှစ်ယော က်လို့တော့ သိထားတယ်။ ဒဏ်ရာအပြင်းအထန် မရကြဘူးလို့ အနီးက လူတွေပြောပြချက်အရ သိရတယ်။ ယာဉ်မောင်း ဘယ်သူဆိုတာ စုံစမ်းပြီး ဥပဒေအရ အရေးယူသွားမှာပါ” ဟု ယာဉ်မှုစစ်ရဲအုပ်နိုင်ထွန်းလင်း၏ ပြောကြားချက်အရ သိရသည်။     

Eleven Media Group  

No comments:

Post a Comment