Wednesday 23 July 2014

အမ်ပီတီနှင့်ဂျပန် ဆက်သွယ်ရေးပူးပေါင်းဆောင်ရွက် ဒဗလျူစီဒီအမ်အေဆင်းမ်ကတ် အဓိကချပေးမည်|

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဂျပန်နိုင်ငံဆက်သွယ်ရေးလုပ်ငန်းနှင့် တယ်လီဖုန်းဝန်ဆောင်မူများ အဆင့် မြှင့်တင်ပြီးနောက်ပိုင်းတွင် ဒဗလျူစီဒီအမ်အေအမျိုးအစားဆင်းမ်ကတ်များကို အဓိကချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ဂျပန်နိုင်ငံဆက်သွယ်ရေးလုပ်ငန်းနှင့် တယ်လီဖုန်းဝန်ဆောင်မှုများ အဆင့်မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်ပြီး နောက်ပိုင်းတွင် အမျိုးအစားစုံ ဆင်းမ်ကတ်များကိုအရေအတွက် အကန့်အသတ်မရှိချထားပေးရန် စီစဉ်ထားကြောင်း သိရသည်။
" မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း ပြိုင်ဘက်အော်ပရေတာတွေထက်နောက်မကျစေဘဲ ဖုန်းဝန်ဆောင်မှုတွေကို ပြုလုပ်ပေးဖို့ ရည်ရွယ်ထားပြီး သရီးဂျီဆင်းမ်ကတ်ရောင်းချမှုနဲ့ အချို့ ပြည်နယ်တွေမှာသာ တူးဂျီအမျိုးအစား ဆင်းမ်ကတ်တွေကို ချထားပေးမှာ ဖြစ်တယ်" ဟုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။


ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာနက 
သတ်မှတ်ထားသည့် စည်းမျဉ်းများအရ ပြည်တွင်းမှာလုပ်ကိုင်ကြမည့်
အော်ပရေတာလုပ်ငန်းလေးခုစလုံးသည် ၂၀၁၆ ခုနှစ်မတိုင်မီ မိုဘိုင်း
လ်ဖုန်းအလုံးရေ ၃၉ ဒသမ ၅သန်းလူဦးရေ၏ ၈၀ ရာခိုင်နှုန်းအထိ ရောက်
အောင် တပ်ဆင်ပေးရမည် ဖြစ်သည်။

နိုင်ငံခြားအော်ပရေတာ အူရီဒူး၊ တယ်လီနောစသည် လုပ်ငန်းများအနေဖြင့်
ပြည်တွင်းခေါ်ဆိုခ တစ်မိနစ် ၄၅ ကျပ်ထက်မပိုသော ဈေးနှုန်းအပါအ၀င်
အခြားဝန်ဆောင်မှုများ မိုဘိုင်းလ် ဖုန်းဆင်းမ်ကတ်များ ချထားပေးမည်ဟု
ကြေညာထားသည်။

ဂျပန်နိုင်ငံဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်လိုက်သည့် မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လစဉ်တန်ဖိုးနည်းဖုန်းများ ချထားပေးနေမှု အစီအစဉ်ကို ပြောင်းလဲသွားမည် ဖြစ်ကြောင်း၊ အရေအတွက် အကန့်အ
သတ်ဖြင့် ချထားပေးနေမှုအား အကန့်အသတ်မရှိချထားပေးမှုအဖြစ်
နောက်ပိုင်း၌ ဆောင်ရွက်သွားမည်ဟုသိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment