Wednesday 23 July 2014

တရုတ် ပတ်စ်ပို့အတုထုတ်ပေးသူဟု စွပ်စွဲခံရသူက ငြင်းဆို

တရုတ်နိုင်ငံသို့ သွားသူ သုံးရာကျော်အား ယာယီနိုင်ငံကူး လက်မှတ်အတုထုတ်ပေးခဲ့သူဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ စွပ်စွဲခံရ သော ကိုဇေယျာအောင်က ၎င်းမှာ ပတ်စ်ပို့အတု ပြုလုပ်ပေးသူမ ဟုတ်ကြောင်း ဇူလိုင် ၂၂ ရက်တွင် ငြင်းဆိုသည်။
ကိုဇေယျာအောင်က ၎င်း သည် တရုတ်နိုင်ငံကြယ်ခေါင်မြို့ တွင် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်  ထားပြီးကြယ်ခေါင်ရှိ မြန်မာနိုင်ငံ အလုပ်သမားများကို လွယ်ဂျယ် နယ်စပ်ရှိ မြန်မာလ၀ကမှ ယာယီပတ်စ်ပို့ရရှိရန် ကြားပွဲစားအဖြစ် ၀န်ဆောင်မှုပေးနေသူဖြစ်ပြီး အတုလုပ်သူ မဟုတ်ကြောင်း 7Day Daily အား ပြောသည်။
ထိုသို့ ပတ်စ်ပို့ကြားပွဲစားအ ဖြစ် ဆောင်ရွက်ပေးသည့်အတွက် တစ်ဦးလျှင် ၀န်ဆောင်ခကျပ်တစ် သောင်းသာယူကြောင်း ၎င်းက ပြောသည်။‘‘ကျွန်တော်က အတုလုပ် ပေးတဲ့သူမဟုတ်ပါဘူး။ အခုကျွန် တော်မူဆယ်လည်းဈေးဝယ်သွား တယ်။ ကြယ်ခေါင်မှာလည်းနေ တယ်။ သံသယရှိတယ်ဆိုပြီးဖမ်း စီးစစ်ဆေးတာတွေလည်းအခုထိ မရှိသေးပါဘူး။ ဒီကိစ္စကို လ၀က ကိုရှင်းပြချင်ပါတယ်။ ကျွန်တော် လုပ်ခဲ့တာအားလုံးက လွယ်ဂျယ် က လ၀ကနဲ့လုပ်ခဲ့တာပါ။ သူတို့ အားလုံးကပြောင်းသွားတာကြာ ပြီ။ သက်သေဆိုလို့ သူတို့နဲ့လုပ်ခဲ့ တာတွေကိုပြောပြရမှာပါပဲ။ အ စစ်ပဲ လုပ်ခဲ့တာပါ’’ဟု ကြားပွဲ စားအဖြစ် လေးနှစ်ကျော်လုပ်ကိုင် ပေးခဲ့သူ ကိုဇေယျာအောင်က ပြောသည်။

လွယ်ဂျယ်နပ်စပ်ဂိတ်တွင် ယာယီနိုင်ငံကူးလက်မှတ်ကတ် တစ်ခုလျှင် ငွေကျပ်သုံးထောင်ဝန် ဆောင်ခအဖြစ် ၎င်းကရယူပြီး နယ်စပ်ဂိတ်တွင် ခုနစ်ထောင်ပေး ၍ ယာယီနိုင်ငံကူးလက်မှတ်များ ကို လုပ်ကိုင်ပေးခဲ့သည်မှာ ကြာ မြင့်နေပြီဖြစ်ကြောင်း၊ အစစ်လုပ် ရာတွင် လိုအပ်သည့်မှတ်ပုံတင် ကတ်၊ သန်းခေါင်စာရင်းများဖြင့် လုပ်ကိုင်ပေးခြင်း ဖြစ်ကြောင်းပြောဆိုထားသည်။
မူဆယ်နယ်စပ်မှ တရုတ်နိုင် ငံသို့ တစ်နှစ်သက်တမ်းရှိယာယီ နိုင်ငံကူးလက်မှတ်အတု ကိုင် ဆောင်သူ ၃၈၂ဦးကို တရုတ်နယ် ခြားစောင့်တပ်က ဇူလိုင် ၁၅ရက် က ဖမ်းဆီးပြီးနောက် ယာယီနိုင်ငံ ကူးလက်မှတ်အတုလုပ်ပေးသူကို မြန်မာနှင့် တရုတ်အစိုးရတို့ ပူး ပေါင်းစုံစမ်းလျက်ရှိသည်။ အောက်ခြေလ၀က၀န်ထမ်းများ၏ တင်ပြချက်အရ ကိုဇေယျာအောင်မှာ ပတ်စ်ပို့အတုပြုလုပ်ပေးသူဟု သံသယရှိသူဟု ဆိုသည်။‘‘အောက်ခြေကနောက်ဆုံး တင်ပြထားတာကတော့ ဒီလူဟာ တရားခံအဖြစ်သံသယရှိသူလို့ဆို ပါတယ်။ ဒါပေမဲ့ သူ့ကိုယနေ့အ ချိန်ထိတရားစွဲထားတာမရှိပါဘူး။ ရှင်းချင်ရင် လာရှင်းလိုက်ပါ။ သူကိုယ်တိုင်မဟုတ်ဘူးဆိုရင် တ ရားခံအစစ်ကို ဖမ်းတဲ့အခါမှာ အ ထောက်အကူဖြစ်တာပေါ့’’ ဟု လ၀ကမှ အကြီးတန်းတာဝန်ရှိသူ တစ်ဦးကပြောသည်။
အထက်ပါ တာဝန်ရှိသူကဇူလိုင် ၂၁ ရက်တွင် ကိုဇေယျာအောင်အား ယာယီနိုင်ငံကူးလက်မှတ်အတု ထုတ်ပေးခဲ့သဖြင့် အရေးယူရန် မြန်မာ−တရုတ် နှစ်နိုင်ငံအစိုးရ လ၀ကချင်း သဘောတူခဲ့ကြောင်း 7Day အား ပြောခဲ့ပြီး ဇူလိုင် ၂၂ ရက်ထုတ် သတင်းစာတွင် ဖော်ပြခဲ့သည်။ ထို့ကြောင့်ကိုဇေယျာအောင်က ၎င်းမှာ ယာယီပတ်စ်ပို့ကို ကြားမှ လုပ်ပေးသူသာဖြစ်ပြီး အတုပြုလုပ်သူ လုံးဝမဟုတ်ကြောင်း 7Day သို့ ဆက်သွယ်ပြောကြားခြင်းဖြစ်သည်။ယာယီနိုင်ငံကူး လက်မှတ် အတုကိုင်ဆောင်သည် ဆိုသောမြန်မာလုပ်သား ၃၀၀ ကျော်ဖမ်းဆီးအရေးယူရာတွင် လ၀ကဦးစီးမှူး ဦးဂျစ်တူးလက်မှတ်ပါသည့်စာအုပ်များကို တရုတ်အစိုးရက ရွေးချယ်ဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ထထို့အပြင် လ၀က,က  ယာယီနိုင်ငံလက်မှတ်ပြုလုပ်ပေးနေသည့် ကြားပွဲစားငါးဦးကို ဖမ်းဆီးစစ်ဆေး အရေးယူထားကြောင်း သတင်းရရှိသည်။
7daydaily

No comments:

Post a Comment