Tuesday 22 July 2014

မြန်မာဘောလုံး အာရှကလပ်ထဲဝင်ဖို့ အဆင့်သတ်မှတ်ချက် ဘယ်လောက်ရှိလဲ

အာရှတိုက် ကလပ်အသင်းတွေရဲ့အမြင့်ဆုံးပြိုင်ပွဲ ACL အာရှချန်ပီယံအသင်းထဲ ဝင်ရောက်ဖို့ ကြိုးစား နေပြီလို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ဇူလိုင် ၂၁ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဘာဖြစ်လို့ အာရှ အဆင့် ကို ခြေလှမ်းပြင်တာလဲ။

မြန်မာ့ဘောလုံးလောက တိုးတက်ဖို့အတွက် လုပ်သင့်လုပ်ထိုက်တာ မလုပ်ရင် အိမ်နီးချင်းပြိုင် ဘက်တွေဖြစ် တဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့ Asian Championship League –ACL ဝင်ခွင့်ကြိုးစားချိန် မြန်မာတွေ စိတ်ပျက် အား လျော့နေရင် မြန်မာ့ဘောလုံးအနာဂတ်ဆိုတာ ရှိမှာမဟုတ်တော့ဘူးလို့ ဦးဇော်ဇော်က ဆိုပါတယ်။

မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ မေတ္တာရပ်ခံချက်ကြောင့် အာရှဘောလုံးအဖွဲ့ချုပ်ဟာ MNL ကလပ်အသင်းတွေရဲ့ ဆောင်ရွက်မှု၊ နည်းစနစ်နဲ့၊ အုပ်ချုပ်ရေး၊ အသင်းတွေရဲ့ Marketing တွေကို တစ်ပတ်ကြာ လာရောက်လေ့ လာ ခဲ့တဲ့ ရလဒ်ကို ဆီဒိုးနားဟိုတယ်မှာ ရှင်းလင်းခဲ့ပါတယ်။

ACL အဆင့် ပါဝင်ကစားနိုင်ဖို့အတွက် နိုင်ငံတစ်နိုင်ငံရဲ့ ဘောလုံးအားကစားအဆင့် သတ်မှတ်ချက် အမှတ် ၆ဝဝပြည့်ရင် ပါဝင်ကစားလို့ရပြီး ဗီယက်နမ်က ၂၉ဝ၊ စင်္ကာပူက ၃ဝဝကျော်နဲ့ ထိုင်းနိုင်ငံက ၅ဝဝကျော် ရှိထားတာကြောင့် မြန်မာရဲ့ရလဒ်က ၂၇ဝပဲရှိလို့ သတ်မှတ်ချက်ပြည့်မီဖို့ ၂နှစ်လောက် ကြိုးစားရင် ဝင်ခွင့် ရနိုင်ခြေ ရှိတယ်လို့ ဦးဇော်ဇော်က ရှင်းပြပါတယ်။

အာရှတိုက် ကလပ်အသင်းအဆင့် ပြိုင်ပွဲမှာ အဆင့်အမြင့်ဆုံးဖြစ်တဲ့ ACL ဟာ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျနဲ့ ဆော်ဒီလိုနိုင်ငံက ကလပ်အသင်းတွေ ကစားတဲ့ပြိုင်ပွဲဖြစ်ပြီး စိန်ခေါ်မှု သိပ်ကြီးပေမယ့် မြန်မာအနေနဲ့ တစ်ချိန်မှာ ပါဝင်လာနိုင်ဖို့ မျှော်မှန်းနေတယ်လို့ ဆိုပါတယ်။

ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကလပ်အသင်းပြိုင်ပွဲတွေ အခုထက်ပိုပြီး စနစ်ကျ ဖွဲ့စည်းဖို့ လိုအပ်ချက်တွေ သိအောင် AFC assessment program ကို ဆောင်ရွက်တာဖြစ်တယ်လို့ ဦးတင်အောင်က ဆိုပါတယ်။ ဒါမှ မြန်မာအမျိုးသားလက်ရွေးစင်အသင်း ကလပ်အသင်းပြိုင်ပွဲတွေမှာ အဆင့်မြင့်မြင့် ယှဉ်ပြိုင်နိုင်မယ်လို့ ပြောပါတယ်။

Kamayut Media 
http://www.youtube.com/watch?v=GOfKwJqAL3U

No comments:

Post a Comment