Sunday 11 May 2014

တောင်တရုတ် ပင်လယ်အရေး အထူးစိုးရိမ်ကြောင်း ထိပ်သီးအစည်းအဝေး အကြို အာဆီယံ ထုတ်ပြန်

Photo: တောင်တရုတ် ပင်လယ်အရေး အထူးစိုးရိမ်ကြောင်း ထိပ်သီးအစည်းအဝေး အကြို အာဆီယံ ထုတ်ပြန် 
Sunday, May 11, 2014

ဗီယက်နမ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ တောင်တရုတ်ပင်လယ် အတွင်း မေလဆန်းမှ စတင်ဖြစ်ပွားနေသော တင်းမာမှုများအပေါ် အထူးစိုးရိမ်ကြောင်း မေလ ၁၁ ရက်နေ့ အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ထုတ်ပြန် ကြေညာလိုက်သည်။

မေလဆန်းက တရုတ် ရေနံတူးစင်တစ်ခု ဗီယက်နမ် ကမ်းလွန် ပင်လယ်ပြင်တွင် လာရောက် အခြေချပြီးနောက် ပိုမိုတင်းမာလာသော တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှုအတွက် အထူးစိုးရိမ်ကြောင်း အစည်းအဝေး တက်ရောက်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အားလုံးက ထုတ်ဖော် ပြောကြားသွားသည်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီအထိ တစ်နာရီ ကျင်းပရမည်ဟု ကြိုတင် ဝေငှထားသော အချိန်ဇယားတွင် ဖော်ပြထားသော်လည်း နေ့လည် ၁၁ နာရီကျော်မှ အစည်းအဝေး အဆုံးသတ်နိုင်ခဲ့သည်။

မီဒီယာ စင်တာအတွင်း ရုပ်မြင်သံကြားစက်များမှ တစ်ဆင့် အသံမပါ အရုပ်သီးသန့် တိုက်ရိုက်ထုတ်လွှင့်မှုအရ နိုင်ငံခြားရေး ဝန်ကြီးများ အချိန်အတော်အကြာ အပြန်အလှန် ဆွေးနွေးနေသည်ကို တွေ့ရပြီး အစည်းအဝေးနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တွင်မူ နိုင်ငံတကာအရေး၊ ပြင်ပဆက်ဆံရေးတို့နှင့် ဆွေးနွေး ဖလှယ်ကြောင်းသာ ထုတ်ပြန်ခဲ့သည်။

၂၀၁၂ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်စဉ် အတည်ပြုထားသော တောင်တရုတ်ပင်လယ်အရေး ကျင့်ဝတ် စည်းမျဉ်းများအပြင် တည်ငြိမ်အေးချမ်းစွာနှင့် ရေပိုင်နက် လုံခြုံရေး ပြဿနာကို ဖြေရှင်းရန် အရေးကြီးကြောင်း နိုင်ငံခြားရေး ဝန်ကြီးများက ဆက်လက် ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ် အရေးတွင် ပါဝင်ပတ်သက်သူများ အနေနှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေမည့် လုပ်ဆောင်မှုများ၊ အင်အားသုံးခြင်း ခြိမ်းခြောက်ခြင်းတို့ မပါဝင်သည့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရန် နိုင်ငံခြားရေး ဝန်ကြီးများက တိုက်တွန်းကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံနှင့် များစွာ နီးစပ်မှု ရှိသော အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌများမှာ တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ နှုတ်ဆိတ်နေလေ့ ရှိသော်လည်း မြန်မာက ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် ယင်းသို့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော ၂၀၁၁ ခုနှစ် အာဆီယံ ထိပ်သီး အစည်းအဝေးများတွင်သာ နောက်ဆုံး ဆွေးနွေးနိုင်ခဲ့ပြီး ၂၀၁၂ နှင့် ၂၀၁၃ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သော ကမ္ဘောဒီးယားနှင့် ဘရူနိုင်းတို့ လက်ထက်တွင် ဆွေးနွေးနိုင်ခြင်း မရှိပေ။

ယင်းသည် ပူပူနွေးနွေး အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မြန်မာအတွက် သံတမန်ရေး စမ်းသပ်ချက်တစ်ရပ် ဖြစ်လာပြီး ယင်းအတွက် တရုတ်နှင့် မြန်မာဆက်ဆံရေးတွင် နောက်ဆက်တွဲ သက်ရောက်မှုများ မည်သို့ ဖြစ်လာမည်ကို မသိသေးပေ။

ယင်းသို့ ဖြေရှင်းရာတွင် မြန်မာ၏ အားသာချက်မှာ အာဆီယံနိုင်ငံ အားလုံးနှင့် ဆက်ဆံရေး ကောင်းခြင်း၊ တရုတ်နှင့် မဟာဗျူအဆင့် ဆက်ဆံရေး ရှိခြင်းတို့ ဖြစ်ကြောင်း မြန်မာသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ယနေ့ အစည်းအဝေး မတိုင်မီက ပြောဆိုထားသည်။

အာဆီယံ၏ ခက်မသုံးဖြာ အသိုက်အဝန်း ပေါင်းစည်းရေး အဓိက ဖြစ်နေချိန်၊ တောင်တရုတ်ပင်လယ်အရေး ဖြေရှင်းရန် အခြေခံမူဘောင်များ ယခုဥက္ကဋ္ဌ လက်ထက်တွင် အပြီးသတ်ရန် လိုနေချိန်တွင် တောင်တရုတ်ပင်လယ် အရေးက အရေးပေါ် အနေအထားဖြင့် စင်ပေါ်သို့ ပြန်ရောက်လာခြင်း ဖြစ်သည်။

အထူးသဖြင့် အာဆီယံ မိသားစုဝင် ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နှင့် မြန်မာ့ မဟာဗျူဟာမိတ်ဖက် တရုတ်တို့ ပါဝင်ပတ်သတ်နေသော တောင်တရုတ်ပင်လယ် အရေးတွင် အာဆီယံအနေနှင့် ဘက်တစ်ဘက်သို့ လိုက်ရန် မလိုသော်လည်း ယခုတစ်ကြိမ်တွင် “နှုတ်ဆိတ် မနေနိုင်တော့” ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက ယနေ့ အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ထုတ်ဖော် ပြောကြားသည်။

မြန်မာအိမ်ရှင်အဖြစ် ကျင်းပသော နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ မှတ်တိုင်အဖြစ် တောင်တရုတ်ပင်လယ်အရေး စိုးရိမ်ကြောင်း ပွင့်လင်းစွာ ထုတ်ဖော်ပြောရန် အားလုံး သဘောတူခဲ့သော်လည်း လောလောလတ်လတ် ပြန်ဖြစ်လာသော ထိုအရေး အဓိက မီးမွှေးသည်ဟု စွပ်စွဲခံနေရသည့် တရုတ်နိုင်ငံကို ထုတ်ပြန်ချက်တွင် အမည် မတပ်ထားခြင်းအပေါ် အာဆီယံကို မေးခွန်းထုတ်ခဲ့သည်။

“ဘယ်တိုင်းပြည်ကို ရည်ညွန်းတယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် လီလောင်မင်းက ယင်းမေးခွန်းကို ပြန်လည်ချေပ ပြောဆိုခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ဆွေးနွေး ဆုံးဖြတ်ချက်များကို အစိုးရနှင့် နိုင်ငံခေါင်းဆောင်များထံ တင်ပြမည်ဖြစ်ပြီး ထိပ်သီး အစည်းအဝေးတွင် အပြီးသတ် ဆုံးဖြတ်ချက်ချမည် ဖြစ်သည်။

“တောင်တရုတ်ပင်လယ် ကိစ္စက အာဆီယံရဲ့ မျှော်မှန်းချက် (Vision) အပေါ်မှာ ထင်ဟပ် သက်ရောက်မှု မရှိပါဘူး။ ဒီဟာနဲ့ ပတ်သက်ပြီး ထင်ကြေးပေး မပြောလိုပါဘူး။ ဒါပေမဲ့ အာဆီယံမှာ အတူတကွ တာဝန်ရှိပါတယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီက အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။ အာဆီယံ၏ အထွေထွေအတွင်းရေးမှူးချုပ်ကလည်း တောင်တရုတ်ပင်လယ် အရေးကို အလွန်အမင်း စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

The Voice Weekly
ဗီယက်နမ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ တောင်တရုတ်ပင်လယ် အတွင်း မေလဆန်းမှ စတင်ဖြစ် ပွားနေသော တင်းမာမှုများအပေါ် အထူးစိုးရိမ်ကြောင်း မေလ ၁၁ ရက်နေ့ အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်မီ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ထုတ်ပြန် ကြေညာလိုက်သည်။
မေလဆန်းက တရုတ် ရေနံတူးစင်တစ်ခု ဗီယက်နမ် ကမ်းလွန် ပင်လယ်ပြင်တွင် လာရောက် အခြေချ ပြီးနောက် ပိုမိုတင်းမာလာသော တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှုအတွက် အထူးစိုးရိမ်ကြောင်း အစည်းအဝေး တက်ရောက်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အားလုံးက ထုတ်ဖော် ပြောကြား သွားသည်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို မေလ ၁၀ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီအထိ တစ် နာရီ ကျင်းပရမည်ဟု ကြိုတင် ဝေငှထားသော အချိန်ဇယားတွင် ဖော်ပြထားသော်လည်း နေ့လည် ၁၁ နာရီကျော်မှ အစည်းအဝေး အဆုံးသတ်နိုင်ခဲ့သည်။

မီဒီယာ စင်တာအတွင်း ရုပ်မြင်သံကြားစက်များမှ တစ်ဆင့် အသံမပါ အရုပ်သီးသန့် တိုက်ရိုက်ထုတ်လွှင့်မှု အရ နိုင်ငံခြားရေး ဝန်ကြီးများ အချိန်အတော်အကြာ အပြန်အလှန် ဆွေးနွေးနေသည်ကို တွေ့ရပြီး အစည်း အဝေးနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တွင်မူ နိုင်ငံတကာအရေး၊ ပြင်ပဆက်ဆံရေးတို့နှင့် ဆွေးနွေး ဖလှယ်ကြောင်း သာ ထုတ်ပြန်ခဲ့သည်။

၂၀၁၂ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်စဉ် အတည်ပြု ထားသော တောင်တရုတ်ပင်လယ်အရေး ကျင့်ဝတ် စည်းမျဉ်းများအပြင် တည်ငြိမ်အေးချမ်း စွာနှင့် ရေပိုင် နက် လုံခြုံရေး ပြဿနာကို ဖြေရှင်းရန် အရေးကြီးကြောင်း နိုင်ငံခြားရေး ဝန်ကြီးများက ဆက်လက် ဖော်ပြ ထားသည်။

တောင်တရုတ်ပင်လယ် အရေးတွင် ပါဝင်ပတ်သက်သူများ အနေနှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေမည့် လုပ်ဆောင်မှုများ၊ အင်အားသုံးခြင်း ခြိမ်းခြောက်ခြင်းတို့ မပါဝင်သည့် ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရန် နိုင်ငံခြားရေး ဝန်ကြီးများက တိုက်တွန်းကြောင်း ယင်းကြေညာချက် တွင် ဖော်ပြ ထားသည်။

တရုတ်နိုင်ငံနှင့် များစွာ နီးစပ်မှု ရှိသော အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌများမှာ တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ နှုတ်ဆိတ်နေလေ့ ရှိသော်လည်း မြန်မာက ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် ယင်းသို့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သော ၂၀၁၁ ခုနှစ် အာဆီယံ ထိပ်သီး အစည်းအဝေးများတွင်သာ နောက်ဆုံး ဆွေးနွေးနိုင်ခဲ့ပြီး ၂၀၁၂ နှင့် ၂၀၁၃ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သော ကမ္ဘောဒီးယားနှင့် ဘရူနိုင်းတို့ လက်ထက်တွင် ဆွေးနွေးနိုင်ခြင်း မရှိပေ။

ယင်းသည် ပူပူနွေးနွေး အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မြန်မာအတွက် သံတမန်ရေး စမ်းသပ်ချက် တစ်ရပ် ဖြစ်လာပြီး ယင်းအတွက် တရုတ်နှင့် မြန်မာဆက်ဆံရေးတွင် နောက်ဆက်တွဲ သက်ရောက်မှုများ မည်သို့ ဖြစ်လာမည်ကို မသိသေးပေ။

ယင်းသို့ ဖြေရှင်းရာတွင် မြန်မာ၏ အားသာချက်မှာ အာဆီယံနိုင်ငံ အားလုံးနှင့် ဆက်ဆံရေး ကောင်းခြင်း၊ တရုတ်နှင့် မဟာဗျူအဆင့် ဆက်ဆံရေး ရှိခြင်းတို့ ဖြစ်ကြောင်း မြန်မာသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ယနေ့ အစည်းအဝေး မတိုင်မီက ပြောဆိုထားသည်။

အာဆီယံ၏ ခက်မသုံးဖြာ အသိုက်အဝန်း ပေါင်းစည်းရေး အဓိက ဖြစ်နေချိန်၊ တောင်တရုတ်ပင်လယ် အရေး ဖြေရှင်းရန် အခြေခံမူဘောင်များ ယခုဥက္ကဋ္ဌ လက်ထက်တွင် အပြီးသတ်ရန် လိုနေချိန်တွင် တောင် တရုတ် ပင်လယ် အရေးက အရေးပေါ် အနေအထားဖြင့် စင်ပေါ်သို့ ပြန်ရောက်လာခြင်း ဖြစ်သည်။

အထူးသဖြင့် အာဆီယံ မိသားစုဝင် ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နှင့် မြန်မာ့ မဟာဗျူဟာမိတ်ဖက် တရုတ်တို့ ပါဝင်ပတ်သတ်နေသော တောင်တရုတ်ပင်လယ် အရေးတွင် အာဆီယံအနေနှင့် ဘက်တစ်ဘက်သို့ လိုက်ရန် မလိုသော်လည်း ယခုတစ်ကြိမ်တွင် “နှုတ်ဆိတ် မနေနိုင်တော့” ကြောင်း စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးက ယနေ့ အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ထုတ်ဖော် ပြောကြားသည်။

မြန်မာအိမ်ရှင်အဖြစ် ကျင်းပသော နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၏ မှတ်တိုင် အဖြစ် တောင်တရုတ်ပင်လယ်အရေး စိုးရိမ်ကြောင်း ပွင့်လင်းစွာ ထုတ်ဖော်ပြောရန် အားလုံး သဘောတူ ခဲ့သော်လည်း လောလောလတ်လတ် ပြန်ဖြစ်လာသော ထိုအရေး အဓိက မီးမွှေးသည်ဟု စွပ်စွဲခံနေရသည့် တရုတ်နိုင်ငံကို ထုတ်ပြန်ချက်တွင် အမည် မတပ်ထားခြင်းအပေါ် အာဆီယံကို မေးခွန်းထုတ်ခဲ့သည်။

“ဘယ်တိုင်းပြည်ကို ရည်ညွန်းတယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် လီလောင်မင်းက ယင်းမေးခွန်းကို ပြန်လည်ချေပ ပြောဆိုခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ဆွေးနွေး ဆုံးဖြတ်ချက်များကို အစိုးရနှင့် နိုင်ငံခေါင်းဆောင်များထံ တင်ပြမည်ဖြစ်ပြီး ထိပ်သီး အစည်းအဝေးတွင် အပြီးသတ် ဆုံးဖြတ်ချက်ချမည် ဖြစ်သည်။

“တောင်တရုတ်ပင်လယ် ကိစ္စက အာဆီယံရဲ့ မျှော်မှန်းချက် (Vision) အပေါ်မှာ ထင်ဟပ် သက်ရောက်မှု မရှိပါဘူး။ ဒီဟာနဲ့ ပတ်သက်ပြီး ထင်ကြေးပေး မပြောလိုပါဘူး။ ဒါပေမဲ့ အာဆီယံမှာ အတူတကွ တာဝန်ရှိပါ တယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီက အစည်းအဝေး အပြီးတွင် သတင်းထောက် များကို ပြောဆိုခဲ့သည်။ အာဆီယံ၏ အထွေထွေအတွင်းရေးမှူးချုပ်ကလည်း တောင်တရုတ် ပင်လယ် အရေးကို အလွန်အမင်း စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

The Voice Weekly

No comments:

Post a Comment