Sunday 11 May 2014

စတင်ပြေးဆွဲနေပြီဖြစ်သည့် ဘန်ကောက်-ထားဝယ်-ဘိတ် Charter Flight စင်လုံးငှားလေယာဉ်ခရီးစဉ်များ

Photo: စတင်ပြေးဆွဲနေပြီဖြစ်သည့် ဘန်ကောက်-ထားဝယ်-ဘိတ် Charter Flight စင်လုံးငှားလေယာဉ်ခရီးစဉ်များ
Sunday, May 11, 2014

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန DCA မှ ပြောကြားချက်အရ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ထားဝယ်-ဘိတ် ဒေသတို့အတွက်
စင်းလုံးငှားလေယာဉ် ခရီးစဉ်တွေကို မေလ(၈) ရက်နေ့ကတည်းက စတင်ပြေးဆွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ငံမှာ လေယာဉ်စင်းလုံးငှားခရီးစဉ်ဟာ ယခင်ကလည်းရှိပြီးသားဖြစ်ပြီး  မြန်မာနိုင်ငံမှာ ရှိနေတဲ့ International Airport တွေဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လေဆိပ်တွေရဲ့ ပြေးလမ်းအခြေအနေ လက်ခံနိုင်မှု၊ အခြားသော လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုလုပ်ဆောင် နိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လေယာဉ်မတော်တဆ ထိခိုက်မှုများ မဖြစ်ပွားစေဖို့နဲ့  ခရီးသည်တွေသွားလာတဲ့အခါ လွယ်ကူချောမွေ့စေရေး စတာတွေအတွက် လတ်တလောမှာ Charter Flight တွေကိုခွင့်ပြုပေးတာဖြစ်တယ်လို့ သိရပါတယ်။
 
 ယခု ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ထားဝယ်-ဘိတ် ဒေသတို့အတွက် Charter Flight  လေယာဉ်တွေငှားရမ်းမှုကိုတော့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန DCA မှ တဆင့်လည်းအသေစိတ်စုံးစမ်းငှားရမ်းနိုင်တာဖြစ်သလို ဘန်ကောက်ဘက်မှာလည်း  ဆောင်ရွက် နေတဲ့ကိုယ်စားလှယ်အဖွဲ့ရှိတယ်လို့လည်းသိရပါတယ်။  စင်းလုံးငှားခရီးစဉ်များဆောင်ရွက်ရာမှာ  သယ်ဆောင်မှုအနေနဲ့လူရောကုန်ပါတင်လို့ရမှာဖြစ်ပြီး အလေချိန်ကိုတော့  အကန့်အသတ်နဲ့ပဲ ခွင့်ပြုတာဖြစ်တယ်လို့သိရပါတယ်။ 

MRTV-4
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန DCA မှ ပြောကြားချက်အရ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ထားဝယ်-ဘိတ် ဒေသတို့အတွက် စင်းလုံးငှားလေယာဉ် ခရီးစဉ်တွေကို မေလ(၈) ရက်နေ့ကတည်းက စတင်ပြေး ဆွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လေယာဉ်စင်းလုံးငှားခရီးစဉ်ဟာ ယခင်ကလည်းရှိပြီးသားဖြစ်ပြီး  မြန်မာနိုင်ငံမှာ ရှိနေ တဲ့ International Airport တွေဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လေဆိပ်တွေရဲ့ ပြေးလမ်းအခြေအနေ လက်ခံနိုင်မှု၊ အခြားသော လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုလုပ်ဆောင် နိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လေယာဉ်မတော်တဆ ထိခိုက်မှုများ မဖြစ်ပွားစေဖို့နဲ့  ခရီးသည်တွေသွားလာတဲ့အခါ လွယ်ကူချောမွေ့စေရေး စတာတွေအတွက် လတ်တလောမှာ Charter Flight တွေကိုခွင့်ပြုပေးတာဖြစ်တယ်လို့ သိရပါတယ်။

 ယခု ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ထားဝယ်-ဘိတ် ဒေသတို့အတွက် Charter Flight  လေယာဉ်တွေငှားရမ်းမှုကိုတော့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန DCA မှ တဆင့်လည်းအသေစိတ်စုံးစမ်းငှားရမ်းနိုင်တာဖြစ်သလို ဘန်ကောက်ဘက်မှာလည်း  ဆောင်ရွက် နေတဲ့ကိုယ်စားလှယ်အဖွဲ့ရှိတယ်လို့လည်းသိရပါတယ်။  စင်းလုံးငှားခရီးစဉ်များဆောင်ရွက်ရာမှာ  သယ်ဆောင်မှုအနေနဲ့လူရောကုန်ပါတင်လို့ရမှာဖြစ်ပြီး အလေချိန်ကိုတော့  အကန့်အသတ်နဲ့ပဲ ခွင့်ပြုတာဖြစ်တယ်လို့သိရပါတယ်။ 

MRTV-4

No comments:

Post a Comment