Sunday 11 May 2014

အသက်မွေးဝမ်းကျောင်း သင်တန်းအတွက် ဆရာများ မွေးထုတ်ရန် ဂျာမနီ၊ ကိုရီးယားနိုင်ငံတို့နှင့် ပူးပေါင်းမည်

Photo: အသက်မွေးဝမ်းကျောင်း သင်တန်းအတွက် ဆရာများ မွေးထုတ်ရန် ဂျာမနီ၊ ကိုရီးယားနိုင်ငံတို့နှင့် ပူးပေါင်းမည်

ရန်ကုန်၊ မေ ၁၀

နည်းပညာ ကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာ ဥပဒေမူကြမ်းကို ယခုနှစ်အတွင်း အပြီးသတ် ရေးဆွဲလျက် ရှိပြီး ယင်းဥပဒေ ပေါ်ပေါက်လာပါက အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်နိုင်မည် ဖြစ်ရာ အဆိုပါ သင်တန်းကျောင်းများအတွက် နည်းပြဆရာများ မွေးထုတ်ရန် ဂျာမနီ၊ ကိုရီးယားနိုင်ငံတို့နှင့် ယခုနှစ်ကုန်ပိုင်းတွင် ပူးပေါင်းမည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့်သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက The Voice သို့ ပြောကြားသည်။

ယင်းကဲ့သို့ ဂျာမနီ၊ ကိုရီးယားနိုင်ငံတို့နှင့် ပူးပေါင်းနိုင်ရန် ယခုနှစ်ကုန်ပိုင်းတွင် နားလည်မှု စာချွန်လွှာများကို ရေးထိုး၍ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တို့တွင် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ကာ သင်တန်းဆရာများ မွေးထုတ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“ဆရာဖြစ် သင်တန်းကျောင်းတွေ ဖြစ်လာဖို့ ရည်ရွယ်ပါတယ်။ ၂၀၁၅ မှာ တစ်ကျောင်း၊ ၂၀၁၆ မှာ တစ်ကျောင်း ပေါ်လာနိုင်ဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

အသက်မွေးဝမ်းကျောင်း အတတ်ပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ပါက သင်တန်းသားများ၏ အရည်အသွေးကို ထိန်းသိမ်းရန်အတွက် အမှန်တကယ် တတ်ကျွမ်းသော ဆရာများ ရှိရန် လိုအပ်ကြောင်း၊ သင်တန်း ပြီးဆုံးလျှင်လည်း လုပ်ငန်းခွင်တွင် ဆက်လက် သင်ယူနိုင်ပါက သင်တန်းသားများ၏ အရည်အချင်းကို ရေရှည်ထိန်းသိမ်းရာလည်း ရောက်ကြောင်း Tip Top Education အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်မင်းထွန်းက အကြံပြု ပြောကြားသည်။

သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက ပြင်ဦးလွင်နှင့် ဘီးလင်းတို့တွင် စက်မှု ဆရာဖြစ်သင်ကျောင်း နှစ်ကျောင်းကို ဖွင့်လှစ်ထားသည်။
နည်းပညာ ကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းပညာ ဥပဒေမူကြမ်းကို ယခုနှစ်အတွင်း အပြီးသတ် ရေးဆွဲလျက် ရှိပြီး ယင်းဥပဒေ ပေါ်ပေါက်လာပါက အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်နိုင်မည် ဖြစ်ရာ အဆိုပါ သင်တန်းကျောင်းများအတွက် နည်းပြဆရာများ မွေးထုတ်ရန် ဂျာမနီ၊ ကိုရီးယားနိုင်ငံတို့နှင့် ယခုနှစ်ကုန်ပိုင်းတွင် ပူးပေါင်းမည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့်သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက The Voice သို့ ပြောကြားသည်။

ယင်းကဲ့သို့ ဂျာမနီ၊ ကိုရီးယားနိုင်ငံတို့နှင့် ပူးပေါင်းနိုင်ရန် ယခုနှစ်ကုန်ပိုင်းတွင် နားလည်မှု စာချွန်လွှာများကို ရေးထိုး၍ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တို့တွင် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ကာ သင်တန်းဆရာများ မွေးထုတ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဆရာဖြစ် သင်တန်းကျောင်းတွေ ဖြစ်လာဖို့ ရည်ရွယ်ပါတယ်။ ၂၀၁၅ မှာ တစ်ကျောင်း၊ ၂၀၁၆ မှာ တစ်ကျောင်း ပေါ် လာနိုင်ဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

အသက်မွေးဝမ်းကျောင်း အတတ်ပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ပါက သင်တန်းသားများ၏ အရည် အသွေးကို ထိန်းသိမ်းရန်အတွက် အမှန်တကယ် တတ်ကျွမ်းသော ဆရာများ ရှိရန် လိုအပ်ကြောင်း၊ သင် တန်း ပြီးဆုံးလျှင်လည်း လုပ်ငန်းခွင်တွင် ဆက်လက် သင်ယူနိုင်ပါက သင်တန်းသားများ၏ အရည်အချင်းကို ရေရှည်ထိန်းသိမ်းရာလည်း ရောက်ကြောင်း Tip Top Education အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်မင်းထွန်းက အကြံပြု ပြောကြားသည်။

သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနက ပြင်ဦးလွင်နှင့် ဘီးလင်းတို့တွင် စက်မှု ဆရာဖြစ်သင်ကျောင်း နှစ်ကျောင်း ကို ဖွင့်လှစ်ထားသည်။

The Voice Weekly

No comments:

Post a Comment