Sunday 11 May 2014

UK စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်များ တက်ရောက်နိုင်မည်

ABE (Association of Business Executices,UK) ၏ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်များကို အသက်မွေးဝမ်းကျောင်း ဘာသာရပ်များ သင်ကြား ပို့ချနေသော YCTC Business Institute တွင် Diploma, Higher Diploma နှင့် Graduate Diploma သင်တန်းများကို ဇွန်လ ၂၄ ရက်နေ့တွင် စတင် ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း အဆိုပါ သင်တန်းကျောင်းထံမှ သိရသည်။
အဆိုပါ သင်တန်းကျောင်းတွင် တက်ရောက်နိုင်မည့် သင်တန်းများမှာ Diploma in Business Management, Diploma in Marketing Management, Diploma in Travel, Tourism & Hospitality Management, Higher Diploma in Business Management နှင့် Graduate Diploma in Business Management တို့ ဖြစ်ပြီး စီးပွားရေးတက္ကသိုလ်နှင့် ပြည်ပတက္ကသိုလ်များမှ ပါမောက္ခ၊ ကထိကဆရာ၊ ဆရာမများက စာတွေ့နှင့် လက်တွေ့စနစ်ဖြင့် သင်ကြားပေးမည် ဖြစ်ကြောင်း အဆိုပါ သင်တန်းကျောင်းထံမှ သိရှိရသည်။

အသေးစိတ် သိရှိလိုပါက YCTC Business Institute ဖုန်း ၀၁-၅၄၂၀၃၃၊ ၀၉-၄၂၀၁၁၈၁၀၀၊ ၀၉-၂၅၀၆၄၀၄၂၉၊ အမှတ် ၃၂ (J/3)၊ နတ်မောက်ရိပ်သာလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း (အထက ၂၊ ဗဟန်းအနီး) ကို ဆက်သွယ် စုံစမ်းနိုင်သည်။

The Voice Weekly

No comments:

Post a Comment