Wednesday 21 May 2014

မြန်မာ့ကျေးလက်ဖွံ့ဖြိုးရေး ဂျာမန်ဘဏ် ယူရို ၇ သန်း ကူညီ

မြန်မာနိုင်ငံ ကျေးလက်ဒေသ အခြေခံ အဆောက်အဦ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဂျာမန် ဖွံ့ဖြိုး တိုး တက်ရေး ဘဏ်က မြန်မာ အစိုးရကို ဒေါ်လာ ၉ သန်းခွဲနဲ့ ညီမျှတဲ့ ယူရို ၇ သန်း အကူအညီပေးဖို့ မေလ ၂၀ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။
poor3နေပြည်တော် စီမံကိန်း ၀န်ကြီးဌာန ရုံးအစည်းအဝေးခန်းမမှာ လုပ်တဲ့ ပွဲမှာ စီမံကိန်း ၀န်ကြီးဌာန ညွှန်ချုပ် ဦးထွန်းထွန်းနိုင်နဲ့ ဂျာမန် ဖွံ့ဖြိုးရေးဘဏ် ဘက်က အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mr.Roland Siller နဲ့ ရန်ကုန် ရုံး ညွှန်ကြားရေးမှူး Mr.Christian Richer တို့ စာချုပ် လက်မှတ် ရေးထိုးကြ ပါတယ်။

အခုပေးအပ်တဲ့ အကူအညီငွေဟာ ဂျာမန်နိုင်ငံအနေနဲ့ ၁၉၈၈ နောက်ပိုင်း ၂၅ နှစ်အတွင်း ပထမဦးဆုံး အကူအညီ ပြန်လည်ပေးအပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment