Wednesday 21 May 2014

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ ဆွေးနွေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံတော်ကောင်စီဝင် အမျိုးသားကာကွယ်ရေးဝန်ကြီး General Chang Wanquan ဦးဆောင်သော ကိုယ်စားလှယ်နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံစဉ် မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆော င် ရွက်မှုမြှင့်တင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့် ထာဝရ ငြိမ်းချမ်းရေးရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်မင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဧည့် သည်တော် တရုတ် နိုင်ငံတော်ကောင်စီဝင် အမျိုးသားကာကွယ်ရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Yang Houlan လည်း တက်ရောက်ခဲ့သည်။

The Mirror Daily

No comments:

Post a Comment