Wednesday 21 May 2014

နိုင်ဂျီးရီးယားတွင် ဗုံးကွဲ၊ ၁၁၈ ဦး သေဆုံး

Photo: နိုင်ဂျီးရီးယားတွင် ဗုံးကွဲ၊ ၁၁၈ ဦး သေဆုံး
Wednesday, May 21, 2014 

နိုင်ဂျီးရီးယားနိုင်ငံ ရော့စ်မြို့လယ်ခေါင် ရုံးတွေ၊ ဈေးတွေ ရှိတဲ့ လူစည်ကားတဲ့ ရပ်ကွက်မှာ မှာ မနေ့က ဗုံးအတွဲလိုက် ပေါက်ကွဲမှုကြောင့် လူ ၁၁၈ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရသွားပါတယ်။

ဘိုကိုဟာရမ်သာင်းကျန်းသူ အဖွဲ့ရဲ့ လက်ချက်ဖြစ်မယ်လို့ လုံခြုံရေးအဖွဲ့တွေက ယူဆနေကြပါတယ်။

ပေါက်ကွဲမှုကြောင့် ဆိုင်ခန်းတွေ မီးလောင် ပျက်စီးသွားပါတယ်။ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ညှိနှိုင်းရေးမှူးက အလောင်း ၁၁၈ လောင်းကို အတည်ပြုပြီး နောက်ထပ် တိုးလာနိုင်သေးတယ်လို့လည်း ပြောပါတယ်။
ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ခဲ့တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ တိုက်ခိုက်မှုကို ဘယ်သူ့လက်ချက်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါပေမယ့် နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ အခုလပိုင်းအတွင်း ဗုံးခွဲတာတွေကို ခပ်စိတ်စိတ် လုပ်နေတဲ့ ဘိုကိုဟာရမ် အဖွဲ့ရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ လုံခြုံေ၇း အရာရှိတွေက သံသယရှိနေကြပါတယ်။

အစ္စလာမ္မစ်နိုင်ငံ ထူထောင်ဖို့ ကြိုးစားနေတဲ့ ဘိုကိုဟာရိမ် အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ လူတွေ အစုလိုက်အပြုံလိုက် သေဆုံးတဲ့ တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ဧပြီလ ၁၄ ရက်နေ့ကလည်း နိုင်ငံ အရှေ့မြောက်ဒေသက ချီဘွခ် ဆိုတဲ့ ကျေးရွာ အထက်တန်းကျောင်းက ကျောင်းသူ ၂၀၀ ကို ပြန်ပေးဆွဲခဲ့ပါတယ်။
ကျောင်းသူတွေကို ပြန်ကယ်နိုင်ဖို့ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စုနဲ့ ပြင်သစ်တို့က နိုင်ဂျီးရီးယား အစိုးရနဲ့ အတူ ဆောင်ရွက်ပေးနေပါတယ်။

အခု ရော့စ်မြို့ တိုက်ခိုက်မှုကို ဘိုကိုဟာရမ်အဖွဲ့က စီစဉ်တာ မှန်ရင် ဘိုကိုဟာရမ် အဖွဲ့ဟာ အာဖရိကရဲ့ လူဦးရေ အများဆုံး နိုင်ငံမှာ နေရာအတော်များများကို ထိုးဖောက်တိုက်ခိုက်နိုင်တဲ့ လက္ခဏာဖြစ်ပါတယ်။

ဒီဗွီဘီ
နိုင်ဂျီးရီးယားနိုင်ငံ ရော့စ်မြို့လယ်ခေါင် ရုံးတွေ၊ ဈေးတွေ ရှိတဲ့ လူစည်ကားတဲ့ ရပ်ကွက်မှာမှာ မနေ့က ဗုံးအတွဲလိုက် ပေါက်ကွဲမှုကြောင့် လူ ၁၁၈ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရသွားပါတယ်။ ဘိုကိုဟာရမ် သာင်းကျန်းသူ အဖွဲ့ရဲ့ လက်ချက်ဖြစ်မယ်လို့ လုံခြုံရေးအဖွဲ့တွေက ယူဆနေကြပါတယ်။
ပေါက်ကွဲမှုကြောင့် ဆိုင်ခန်းတွေ မီးလောင် ပျက်စီးသွားပါတယ်။ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ညှိနှိုင်းရေး မှူးက အလောင်း ၁၁၈ လောင်းကို အတည်ပြုပြီး နောက်ထပ် တိုးလာနိုင်သေးတယ်လို့လည်း ပြောပါတယ်။
ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ခဲ့တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ တိုက်ခိုက်မှုကို ဘယ်သူ့လက်ချက်လဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒါပေမယ့် နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ အခုလပိုင်းအတွင်း ဗုံးခွဲတာတွေကို ခပ်စိတ်စိတ် လုပ်နေတဲ့ ဘိုကိုဟာရမ်အဖွဲ့ရဲ့လက်ချက် ဖြစ်နိုင်တယ်လို့ လုံခြုံေ၇းအရာရှိတွေက သံသယရှိနေကြပါတယ်။

အစ္စလာမ္မစ်နိုင်ငံ ထူထောင်ဖို့ ကြိုးစားနေတဲ့ ဘိုကိုဟာရိမ် အဖွဲ့ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ လူတွေ အစုလိုက် အပြုံလိုက် သေဆုံးတဲ့ တိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ဧပြီလ ၁၄ ရက်နေ့ကလည်း နိုင်ငံ အရှေ့မြောက်ဒေသက ချီဘွခ် ဆိုတဲ့ ကျေးရွာ အထက်တန်းကျောင်း က ကျောင်းသူ ၂၀၀ ကို ပြန်ပေးဆွဲခဲ့ပါတယ်။ 

ကျောင်းသူတွေကို ပြန်ကယ်နိုင်ဖို့ ဗြိတိန်၊ အမေရိကန် ပြည်ထောင်စုနဲ့ ပြင်သစ်တို့က နိုင်ဂျီးရီးယား အစိုးရနဲ့ အတူ ဆောင်ရွက်ပေးနေပါတယ်။

အခု ရော့စ်မြို့ တိုက်ခိုက်မှုကို ဘိုကိုဟာရမ်အဖွဲ့က စီစဉ်တာ မှန်ရင် ဘိုကိုဟာရမ် အဖွဲ့ဟာ အာဖရိကရဲ့ လူဦးရေ အများဆုံး နိုင်ငံမှာ နေရာအတော်များများကို ထိုးဖောက်တိုက်ခိုက်နိုင်တဲ့ လက္ခဏာဖြစ်ပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment