Monday 10 March 2014

ကုန်ပစ္စည်း အတုတွေကို နှိမ်နင်းနိုင်ဖို့ အတွက် မူပိုင်ခွင့် ဥပဒေရေးဆွဲနေ

မြန်မာနိုင်ငံမှာ ​ကုန်ပစ္စည်းအတုတွေ ​တင်သွင်းဖြန့်ဖြူး ​ထုတ်လုပ်ရောင်းချနေတာကို ​ထိရောက်စွာ ​အရေးယူဆာင်ရွက်နိုင်ဖို့အတွက် ​ဥာဏပစ္စည်းမူပိုင်ခွင့်ဥပဒေကို ​ရေးဆွဲနေပြီး ​နောက်ဆုံးအဆင့်ကို ​ရောက်ရှိနေပြီလို့ ​ဒီဥပဒေကို ​ရေးဆွဲနေတဲ့ ​သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ​ပြောပါတယ်။

အဲဒီဥပဒေကို ​ ပြဌာန်းနိုင်ခဲ့မယ်ဆိုရင် ​စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ​မိမိထုတ်လုပ်တဲ့ ​ကုန်ပစ္စည်းတွေ အတွက် ​အကာအကွယ် ​ရရှိနိုင်မှာဖြစ်ပြီး ​ပြည်သူတွေကလည်း ​ကုန်ပစ္စည်းအစစ်ကို ​ယုံကြည်စိတ်ချစွာ ​၀ယ်ယူသုံးစွဲနိုင်ဖို့ ​ရှိပါတယ်။

ဒီလို ​မူပိုင်ခွင့် ​ဥပဒေကြမ်းကို ​လွှတ်တော်ဆီ ​တင်ပြရမှာဖြစ်ပြီး ​လွှတ်တော်က ​အတည်ပြုပေးမယ်ဆိုရင် ​အဲဒီဥပဒေက ​အသက်ဝင်လာမှာ ​ဖြစ်တယ်လို့ ​သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ​လက်ထောက် ညွှန်ကြားရေး မှူး ​ဒေါက်တာ ​နှင်းနွယ်အေးက ​ပြောပါတယ်။

မြန်မာနိုင်ငံပါဝင်တဲ့ ​အာစီယံစီးပွားရေး ​အသိုက်အ၀န်းကို၂၀၁၅ဒီဇင်ဘာမှာ ​စတင်မှာဖြစ်ပြီး ​ရင်းနှီးမြှုပ်နှံ ​သူတွေ ​စိတ်ချလက်ချ ​ရင်းနှီးမြှပ်နှံနိုင်ဖို့အတွက် ​အဲဒီဥပဒေဟာ ​မရှိမဖြစ်လိုအပ်တဲ့ ​ဥပဒေဖြစ်တယ်လို့လည်း ​စီးပွားရေးလုပ်ငန်းရှင်တွေက ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ​ကုန်ပစ္စည်းအတု ​တင်သွင်းရောင်းချတာတွေ၊ ​မူပိုင်ခွင့်မရှိတဲ့ ​ဗွီဒီယိုခွေ ​ရောင်းချတာတွေကို ​ဖမ်းဆီးလေ့ရှိပေမယ့် ​အာမခံနဲ့ ​ပြန်လွှတ်ပေးတာတွေ ​ရှိပြီး ​ဥပဒေသစ်တွေနဲ့ ​တင်းတင်းကြပ်ကြပ် ​အရေးယူမှုတွေ ​လုပ်ဖို့လိုကြောင်း ​တရားလွှတ်တော်ရှေ့နေ ​ဦးသိန်းအောင်က ​ပြောပါတယ်။ 

အာဆီယံ(၁၀)နိုင်ငံမှာ ​မြန်မာနိုင်ငံ ​တနိုင်ငံတည်းသာ ​ဥာဏပစ္စည်းပိုင်ဆိုင်မှုဥပဒေ ​မရှိဘူးလို့ ​သိရပြီး ​ကမ္ဘာပေါ်မှာ ​မြန်မာနိုင်ငံလိုပဲ ​မူပိုင်ခွင့်ဥပဒေမရှိတဲ့ ​နိုင်ငံပေါင်း ​၂၀ ​လောက် ​ရှိတယ်လို့ ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

ABC Radio Australia

No comments:

Post a Comment