၁၀.၃.၂၀၁၄ရက်နေ့ ၀၂၁၀အချိန်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၃)ရပ်ကွက်၊ ရွှေတောင်ကြား(၅)လမ်း ရှိ အေးရတနာသံနန်းဆွဲလုပ်ငန်း အဆောက်အအုံအတွင်း အသုံးပြုထားသော ဟောင်းနွမ်းဆွေးမြေ့နေသည့် လျှပ်စစ်ဝါယာကြိုးများအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး လုပ်ငန်းသုံးဖွဲများသို့ ကူးစက်လောင်ကျွမ်း ကာ အဆောက်အအုံကို မီးစွဲလောင်ခဲ့သဖြင့် မီးသတ်ယာဉ်များရောက်ရှိငြှိမ်းသတ်ခဲ့၍ ၀၂၅၆အချိန် တွင် မီးငြိမ်းသွားခဲ့ပြီး တန်ဘိုးငွေကျပ်(၁၁)သိန်းခန့်ဆုံးရှုံးခဲ့ပါသည်။
ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လုပ်ငန်း၊အဆောက်အအုံပိုင်ရှင် ဦးခင်မောင်လွင်(ဘ)ဦးတင်အေး၊ ပုဇွန်တောင်မြို့နယ်နေသူကို ဒဂုံတောင်မြို့မရဲစခန်း (ပ)၂၅၀/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေး ယူဆောင် ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
No comments:
Post a Comment