Monday 10 March 2014

မြန်မာဆက်သွယ်ရေးလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံရန် ဆွီဒင်နှင့်ဂျပန်တို့ စိတ်ဝင်စား

နိုင်ငံတကာမှ စီးပွားရေးကုမ္ပဏီများက မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိရာ ဆက် သွယ်ရေး ကဏ္ဍ၌ ဆွီဒင်၊ ဂျပန်နှင့် စင်ကာပူ နိုင်ငံများမှ စီးပွားရေးကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ရှိနေကြောင်း သိရသည်။

''လာမယ့်ဘဏ္ဍာရေးနှစ်အတွင်းမှာလည်း ဆက်သွယ်ရေးကဏ္ဍမှာ ရင်းနှီး မြှုပ်နှံမှုတွေထပ်ရှိလာနိုင်တယ်။ အခု ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှာတော့ ဆက်သွယ်ရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ် မယ်လို့ မျှော်မှန်း ထားပါတယ်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းတွေကတော့ အစဉ်လိုက် ရင်းနှီးမြှုပ်နှံမှုတွေရှိမှာပါ''ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပြောကြားသည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးကန့်သတ်မှုများ ဖယ်ရှားပေးလိုက်ပြီးနောက် ပြည်ပနိုင်ငံများက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိရာ ဆွီဒင်နိုင်ငံ Ericsson ကုမ္ပဏီကလည်း ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား နေသကဲ့သို့ ဥရောပနိုင်ငံအချို့ကလည်း စိတ်ဝင်စားစွာ စောင့်ကြည့်လေ့လာ လျက်ရှိသည်။

လောလောဆယ်တွင်လည်း အာရှနိုင်ငံများမှ ထိပ်တန်းကုမ္ပဏီကြီးများ ကလည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံ မှုပြုလုပ် ရန် စောင့်ကြည့်လေ့လာနေပြီး အလားအလာအကောင်းဆုံးကဏ္ဍတွင် ငွေကြေးရင်းနှီးမြှုပ်နှံ လုပ်ကိုင် ရန် စိတ်ဝင်စားလျက်ရှိသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် နော်ဝေအခြေစိုက် တယ် လီနောကုမ္ပဏီနှင့်ကာတာအခြေစိုက် ဥသမနိသသ ကုမ္ပဏီတို့က လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားပြီးဖြစ်ရာ လုပ် ငန်းများ အကောင်အထည်ဖော်ရန် ကြိုးစားနေပြီဖြစ်သည်။ သို့သော် လည်း နောက်ထပ် ကုမ္ပဏီအသစ် များကလည်း ဆက်လက်ရင်းနှီးမြှုပ် နှံရန် ကြိုးစားနေသည်။

ငါးဘီလီယံခန့်ရှိလာနိုင် 
မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုမှာ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေး နှစ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံခန့်ရှိမည်ဖြစ်ပြီး လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ကာလတွင် အမေရိကန်ဒေါ်လာ လေးဘီလီယံနှင့် ငါးဘီလီယံခန့်ရှိ လာနိုင်မည်ဖြစ်သည်။

မြန်မာ့အလင်း

No comments:

Post a Comment