Monday 10 March 2014

တရုတ်သစ်မှောင်ခိုကားများအား လုံခြုံရေးလုပ်ပေးသော KIA အဖွဲ့က ဆိုင်ကယ်ဖြင့် သွားလာနေသည့် ဒေသခံဈေးသည် များထံမှ ဆက်ကြေးငွေတောင်းခံ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် မိုးမိတ်-မိုးလိုလမ်းကြောင်းအတိုင်း ဆိုင်ကယ်များဖြင့် သွားလာ နေသောဒေသခံဈေးသည်များအား မတ်(၈)ရက်နေ့ တွင်တရုတ်သစ်မှောင်ခိုကားများအား လုံခြုံရေး လုပ်ပေး သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့မှ ဆက်ကြေးငွေများ တောင်းခံခဲ့ကြောင်း ယင်း ဒေသခံများ ထံမှ သိရှိရသည်။

“နေ့တိုင်း ဈေးသွားရောင်းနေတာပါ၊ အဲ့ဒီနေ့က သစ်ကားတွေ တောလမ်းအတိုင်း သွားနေတာ တွေ့တယ်၊ တရုတ်သစ်ပွဲစားတွေ လာသယ်တာလို့ ပြောတာပဲ ၊အဲ့ဒါကို ကချင်စစ်သားတွေက လိုက်ပို့တာနေမှာပေါ့ ၊လမ်းမှာတွေ့တဲ့ ကျွန်တော်တို့ကိုငွေတောင်း လို့ပေးခဲ့ရပါတယ် ” ဟုမိုးမိတ်မြို့ခံ ဈေးသည် တစ်ဦးကပြော သည်။

KIA အနေဖြင့် ရှမ်းပြည်မြောက်ပိုင်း နယ်စပ်မှ သစ်များအား တရုတ်နိုင်ငံသို့ မှောင်ခိုသယ်ယူနေသော တရုတ်လုပ်ငန်းရှင် များဆီမှ အခကြေးငွေယူကာ လုံခြုံရေးလိုက်ပေးခြင်းဖြစ်ကြောင်း ၊ နယ်မြေခံအစိုးရ စစ်ကြောင်းများနှင့် ပူးပေါင်းအဖွဲ့များ လိုက်လံဖမ်းဆီးခြင်း မပြုနိုင်ရန် KIA အဖွဲ့က အနီးဝန်းကျင် ကျေးရွာ များ၌သွား လာလှုပ်ရှားကာ စောင့်ကြည့်ပေးထားကြောင်း သိရသည်။

“ မိုးမိတ်မြို့နယ်ထဲကနေ သစ်တွေခိုးထုတ်နေတာတော့ သေချာတယ်၊ အဲ့ဒီကချင်စစ်သားတွေက မန်ပြိန်းရွာကနေ မိုင်းနင်းကျေးရွာဘက်ကို သွားတယ်လို့သိရတယ်၊ အဲဒီဝန်းကျင်မှာ သစ်မှောင်ခို ခိုးထုတ်တဲ့ နေရာဖြစ်မယ်၊ အဲ့ဒီနေ့က ကျွန်တော်က ငွေ (၅)သောင်းပေးခဲ့ရတယ်၊ ကျန်တဲ့ဈေးသယ်တွေလည်း အနည်းဆုံး (၂)သောင်းတော့ပေးခဲ့ရ တဲ့သူချဉ်းပါပဲ ”ဟု မိုးလိုမှ ကိုစိုင်းမြင့်ဝင်းက ပြောသည်။

အဆိုပါသစ်မှောင်ခိုကိစ္စနှင့်ပတ်သက်၍ မိုးမိတ်မြို့နယ် သစ်တောအရာရှိ တစ်ဦးအား မေးမြန်းကြည်ရာ “အဲဒီနေ့က မြို့ထဲကဈေးသည်အချိုကို KIA အဖွဲ့က ဆက်ကြေးတောင်းလိုက်တာ သတင်းရပါတယ်၊သစ်မှောင် ခိုတွေကို ဆက်တိုင်ဖမ်းနေတာပဲလေ၊KIA တရုတ်သစ်မှောင်ခိုတွေကို လုံခြုံရေးယူပေး တာဖြစ်ဖို့များတယ် ၊ သစ်မှောင်ခို သယ်နိုင်တဲ့ လမ်းကြောင်းတွေကို တောက် လျှောက်လိုက်လံပိတ်ဆို့ ဖမ်းဆီးနေပါတယ်၊ ဒီကြားထဲ ဒေသခံဈေးသည်တွေ ငွေတောင်းခံရတာကို စိတ်မကောင်းပါဘူး” ဟု ပြောကြားခဲ့သည်။

credit to : စိုင်းအောင်ခမ်း

No comments:

Post a Comment