၉.၃.၂၀၁၄ ရက်နေ့ ၂၂၅၀ အချိန် တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်း အတိုင်း
အရှေ့မှအနောက်သို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ယာဉ်မောင်း
ဦးသက်ထွန်း မောင်းနှင်လာသည့် 4F----MAZADA DEMIO
ဝက်ဂွန်အ၀ါရောင်အငှားယာဉ်သည် သစ္စာမီးပွိုင့်အရောက်တွင်
မီးနီကိုဖြတ်မောင်းစဉ် ဝေဇယန္တာလမ်း အတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း
ဦးမျိုးမြင့် မောင်းနှင်လာသည့် CC---- CHERRY QQ အနီရောင် အငှားယာဉ်အား
ဝင်ရောက်တိုက်မိပြီး သစ္စာလမ်းတွင် မီးနီမိ၍ ရပ်ထားသော ယာဉ်မောင်း
ကိုအောင်ကျော်စိုး မောင်းနှင်သည့် ၇က/---- မတ်တူးခဲ့ရောင်ယာဉ်အား
ဆက်လက်ဝင်ရောက်တိုက်မိခဲ့ ပါသည်။
ယာဉ်တိုက်မှုကြောင့် CC---- ယာဉ်ပေါ်မှ ယာဉ်မောင်းဦးမျိုးမြင့်ပါ(၄)ဦး တွင်
ပေါက်ပြဲနာကျင်ဒဏ်ရာများ ရရှိခဲ့ကြသဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံ၌ ပြင်ပလူနာများအဖြစ် ဆေးကုသမှုခံယူခဲ့ရပါသည်။
ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ 4F ---- ယာဉ်မောင်း ဦးသက်ထွန်းကို တောင်ဥက္ကလာပမြို့မ ရဲစခန်း ယာဉ်(ပ) ၁၆/၂၀၁၄၊ ပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
Yangon Police
No comments:
Post a Comment