
၂၀ရက်နေ့ နေ့လည် ၁နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်တွင်းပြည်ပမှ ပညာရပ်ဆိုင်ရာ သုတေသနနှင့် လေ့လာချက်စာတမ်းများကို ဖတ်ကြားခြင်းအပြင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများ၏ ဆောက်လုပ်ရေးပစ္စည်းများ တည်ဆောက်မှုနည်းပညာသစ်များနှင့်ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့ပြနှင့် အိမ်ရာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အဆိုပါအလုပ်ရုံဆွေးနွေး ပွဲ၌ စာတမ်း ၅စောင် ဖတ်ကြားမည်ဖြစ်ပြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦး စီးဌာန ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ၊ မြန်မာနိုင်ငံ ဗိသုကာ အသင်းနှင့်မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းတို့မှ စာတမ်းများ ဖတ်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။
From : Popular Myanmar News Journal
No comments:
Post a Comment