Tuesday 8 January 2013

ကေအိုင်အေ လုပ်ရပ်များနဲ့ ကချင်ပြည်ငြိမ်းချမ်းရေး ဘယ်ကိုဆက်မလဲ

Photo: ကေအိုင်အေ လုပ်ရပ်များနဲ့ ကချင်ပြည်ငြိမ်းချမ်းရေး ဘယ်ကိုဆက်မလဲ
Monday, January 07, 2013

“ကေအိုင်အေက ကလေးစစ်သားက စလို့ အရာရှိ အဆင့်ထိ လစာ၊ ခံစားခွင့် ဘာမှ မရဘူး။ အကြီးပိုင်းေ တွတော့ မပါဘူးပေါ့လေ။ DKBA တို့လိုပဲ ရိက္ခာပဲ ရတာ။ ပိုက်ဆံက ကိုယ်တိုင် ဖန်တီးယူကြတယ်။ ပဒေသ ရဇ် စနစ် မကုန်သေး တာပေါ့။

မိန်းမတွေ၊ ကလေးတွေက ကိုယ့်တောင်ယာကိုယ်လုပ်၊ ကိုယ့်စီးပွား ကိုယ်ရှာရတယ်။ ကိုယ့်သား အရွယ်ေ ရာက်လာပြန်တော့ ကေအိုင်အေထဲ ထည့်လိုက်ပြန်ရော။ အသက်ကြီးလို့၊ တိုက်ပွဲမှာ ဒဏ်ရာရလို့ ဒုက္ခိတ ဖြစ်ပြန်ေ တာ့လည်း ဘာအခွင့်အရေးမှ မရဘူး။ ကေအိုင်အိုက ကလေးတွေအတွက် ကျောင်းထောင်ေ ပး တာ၊ လျှပ်စစ်မီး လုပ်ပေးတာလောက်ကို အကျေနပ်ကြီး ကျေနပ်တယ်။ လိုင်ဇာက ကချင်တွေက ကေအိုင် အို မကောင်းကြောင်း လုံးဝမပြောဘူး။ သူတို့ ကေအိုင်အေ ဖြစ်ရတာ ဂုဏ်ယူတယ် ဆိုတာပဲ ပြောတယ်။

ဒါပေမဲ့ သူတို့ မျက်လုံးတွေကတော့ သူတို့ စကားနဲ့ ဆန့်ကျင်ဘက်ပဲ။
ကေအိုင်အေကြောင့် ဖြစ်ရတယ် ဆိုတာ ထက် အစိုးရကြောင့်၊ ဗမာစစ်တပ်ကြောင့်ဆိုတာ ကလေးကတည်းက ခေါင်းထဲ ရိုက်သွင်း 
ထားတယ်။

ကိုယ်ပိုင် ကွန်စတီကျူးရှင်း ရှိပြီးသားလို့လည်း ပြောတယ်။ ကေအိုင်အို ရပ်တည်ဖို့အတွက် ဆတ်ကြေးနဲ့ ဘိန်းလု ပ်ငန်းေ တွက ရတယ်။ လိုင်ဇာက ကချင်ပြည်နယ်အတွင်းမှာ လမ်းပန်းအကောင်းဆုံး နယ်စပ် ထွက်ပေါက်၊ ဗန်းမော်က ကုန်သည်တွေက လိုင်ဇာကတဆင့် ကုန်ကူးတယ်။အဲဒီကလည်း 
လမ်းဖြတ်ခ၊ ဂိတ်ဖြတ် ခ၊ လုံခြုံရေးခ စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့
တောင်းတယ်။ ဆိုင်ကယ်နဲ့ ဆီတစ်ပေပါ တင်လာ ရင် လိုင်ဇာက အထွက် တစ်ထောင်၊ လဂျားယန်ဆိုတာ ဟိုနေ့က တိုက်ပွဲ ဖြစ်တဲ့ နေရာက ဂိတ် မှာ တစ်ထောင်၊ လမ်းက ကေအိုင်အေ စခန်းလေးတွေမှာ ငါးရာမျိုး တစ်ထောင်မျိုး တောက်လျှောက် ပေးရ တယ်။ အစိုးရစစ်တပ်
တွေ့ရင်လည်း ပေးရတာပဲ။ အဆုံးသတ်တော့ လူတွေပဲ ဒုက္ခရောက်တာပဲ။ KIA ရဲ့အရင် ဋ္ဌာနချုပ်က လိုင်စင် (ပါဂျောင်) မှာ။ လက်နက်စက်ရုံတွေက အဲ့မှာရှိတယ်။ အီန္ဒိယကသူပုန်တွေကို လက်နက်ရောင်းတယ်။

ဆတ်ကြေးကောက်တာ၊ လမ်းတွေ ဗုံးခွဲဖျက်စီးတာတွေ အားလုံးကို
ကေအိုင်အို လူကြီးတွေက ပြုံးပြုံးပဲ ၀န်ခံ တယ်။ လိုင်ဇာမှာ နိုင်ငံခြား သတင်းထောက် မပြတ်တမ်းရှိတယ်။ အယ်လ်ဂျာဇီးယား၊ ချယ်နယ် နယူးအေးရှားက သတင်းထောက်တွေက ကျောက်ချနေတယ်။ တိုက်ပွဲ ဖြစ်ရင် ဗွီဒီယို လိုက်ရိုက်တယ်။ ဇာတ်နာေ အာင် လုပ်တယ်။
ကေအိုင်အို လူကြီးပိုင်းနဲ့ အလွန် ပနံသင့်တယ်။ ကေအိုင်အိုက မီဒီယာကို ကိုင်တွယ်တာ အရမ်းနှပ်တယ်။ သတင်းထောက် တစ်ယောက် ရွှေလီကို
ဖြတ်လာပြီဆိုတာနဲ့ သူတို့ဆီ သတင်းရောက်တယ်။ ဒီဘက်မှာ ကြိုခိုင်းတယ်။ ဆဖ်ကား တစ်စီး၊ ဒရိုင်ဘာ တစ်ယောက်၊ စစ်ဗိုလ် တစ်ယောက် ပေးထားတယ်။ သွားချင်တာ လိုက်ပို့တယ်။ သွားလို့မရတဲ့
နေရာလုံးဝမရှိဘူး။ ဒါပေမဲ့ ကိုယ့်ဘာကိုယ် သွားလို့ မရဘူး။ သူတို့ လိုက်ပို့မှ ရတယ်။ အင်တာဗျူးဖို့ လူက အစ သူတို့ရှာပေးတယ်။ ရှေ့တန်းရောက်လို့ ရဲဘော်လေးတွေနဲ့ စကားပြောရင်လည်း အနားမှာ အရာရှိ တစ်ယောက်ယောက် အမြဲ ရှိနေတယ်။

အစိုးရစစ်တပ်က ဖမ်းထားတဲ့ ကလေးစစ်သားလေးတွေကို မီဒီယာလာတိုင်း လိုက်ပြတယ်။ အရင်လိုပဲ၊ ထုံးစံအတိုင်းပဲလို့ အင်တာဗျူးမစခင် စစ်ဗိုလ်တွေက ကလေးတွေကို ပြောတတ်တယ်။ သူတို့မှာလည်း ကလေးစစ်သားရှိတယ်။

ကေအိုင်အို ကျောင်းတွေမှာ အစိုးရ သင်ရိုးညွှန်းတမ်း ပဲ သင်တယ်။ ကချင်စာ၊ ကချင် သမိုင်းနဲ့ တရုတ်စာ သင်တယ်။ ဆယ်တန်းကို သူတို့ ဘာသူတို့ စစ်တယ်။ ဆယ်တန်းပြီးရင် တရုတ်ပြည်မှာ တက္ကသိုလ် တက်ခွင့် ရအောင် ကေအိုင်အိုက လုပ်ပေးတယ်။ ယောက်ျားလေး ဆိုရင် လိုင်ဇာ စစ်တက္ကသိုလ် တက်ကြ တယ်။ လိုင်ဇာ စစ်တက္ကသိုလ်က ပြင်ဦးလွင်ထက် မနိမ့်ဘူးလို့ သူတို့က ပြောတယ်။

သိခဲ့ရသလောက်က ကချင်ပြည်နယ်မှာ ခေတ်အဆက်ဆက်၊ ငြိမ်းချမ်းရေး ယူထားစဉ် ကာလတုန်း ကရောပေါ့၊ ခုချိန်ထိ စာသင်ကျောင်းတွေ မရှိဘူး။ မလုံလောက်ဘူး။ မူလတန်းကျောင်းလေးတောင် မရှိ ဘူး။ တချို့ ဒေသတွေမှာ။ အဲဒီတော့ ရပ်၇ွာ လူကြီးတွေ ကောင်းမှုနဲ့ စာသင်ရတယ်၊ ချာ့ကျောင်းတွေမှာ စာသင် ရတယ် နောက်တော့
ကေအိုင်အိုကျောင်းတွေက စာသင်ချင်တဲ့ ကချင်ကလေးတွေအတွက်
မျှော်လင့်ချက်ဖြစ်လာတယ်။

ခု လက်ရှိမှာ ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေ၊ စစ်ရေးအခြေအနေတွေဟာ သက်ဆိုင်ရာ နယ်ပယ် အသီး သီး လူပေါင်းများစွာရဲ့ အသိဥာဏ်ဝမ်းစာ အခြေခံ မပြည့်ဝမှုကြောင့်ဖြစ်တယ်။ ကမ္ဘာသိ သိမြင် အမြင် ကျယ် ကျယ် မရှိကြပဲ ကိုယ့်အိမ်က ရေကန်ကို ပင်လယ်ထင်နေကြတယ်။ စစ် ဖြစ်တယ် စစ်ဖြစ်တယ် ပြော တယ်။ ဥပမာ ကချင်လွတ်မြောက်ရေးတပ်နဲ့ အစိုးရတပ်နဲ့။ ကချင်လွတ်မြောက်ရေးတပ်ဆိုတာ ဘာကို ပြောတာလဲ။

>> ကချင်တွေက လက်ရှိ ပြည်ထောင်စုနိုင်ငံမှာ မလွတ်လပ်တဲ့ သဘောလား?

>> ဒါမှ မဟုတ် ဒီပြည်ထောင်စုက လွတ်လပ်ချင်ပီး တရုတ်ရဲ့ လက်အောင်ကို သွားချင်တာလား? (တရုတ် က ကချင်နယ်ကို ဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာအထိ ထွက်ပေါက်ယူဖို့ ကြံထားတာတွေ တစွန်းတစရှိတယ်)

မြင်သလောက်တော့ ကချင်လူထု(လူမျိုးနွယ်စု)ပေါင်းစုံ ကေအိုင်အေ ကို နှစ်သက်တယ်လို့ မထင်ပါဘူး။ အစိုးရစစ်တပ်ကိုလည်း မနှစ်သက်ကြတဲ့ လူတွေ များပါတယ်။ တချို့လူတွေက ပြောတယ် ၊ အင်အားကြီးတဲ့ သူက အင်အားငယ်တဲ့ သူကို တိုက်တာ မတရားဘူးတဲ့။ အစိုးရစစ်တပ်က အင်အားကြီးတာ မှန်တယ်။ ဒါပေမဲ့ စစ်ရဲ့ သဘောကို မသိတဲ့ လူတွေက လျှောက်ပြောတယ်။ မနေ့တနေ့က ထတိုက်ပြီး ခုမှ အသံကောင်းဟစ်၊ ၁၇ နှစ်လုံးလုံး အပစ်ရပ်ခဲ့တာ၊ လက်နက်၊ လူသူ စုဆောင်းချိန် အများကြီး ယူခဲ့ပြီး အပစ်ရပ်ပြီး ဆွေးနွေးနေတဲ့ တခြား တိုင်းရင်းသားတွေ၊ ရှမ်း၊ ကရင်၊ မွန်၊ ချင်းတွေကပဲ ပျော့ညံ့ သူတွေလိုလို၊ တိုင်းရင်းသား အခွင့်အရေးကို သစ်စာ ဖောက်သွားသူတွေလိုလိုပြောတယ်။ ဟို တိုင်းရင်းသားတွေက တောက်လျှောက် တိုက်လာခဲ့ကြတာ၊ စစ်ပန်းနေပြီ၊ ပိုက်ဆံလည်း မရှိတော့ဘူး။ လူတွေလည်း ပန်းနေကြပြီ။

ကေအိုင်အေတောင်ကုန်းနဲ့ စစ်တပ် တောင်ကုန်းတွေက ကပ်နေတာ။ တိကျ သေချာတဲ့ ဖရွန့်လိုင်းလည်း မရှိဘူး။ ဥပမာ ကြားဖူးတာက SSA ဆိုပါတော့ သူတို့ ၀မ့်ဟိုင်းတ ၀ိုက်မှာ ဖရွန့်လိုင်း လုပ်ထားတယ်။ အဲဒီရဲ့ ဟိုဘက် ဒီဘက် စစ်တပ်နဲ့ ရှမ်းတပ် ပဲ ဆိုတာ ကြားဖူးတယ်။
ကေအိုင်အေကျ တောင်ကုန်းလေးတွေခြားပြီး ကေအိုင်အေကုန်းဖြစ်လိုက် စစ်တပ်ကုန်းဖြစ်လိုက်နဲ့ ရောနေတာ တွေ့ခဲ့တယ်။ ကေအိုင်အေတွေက
ပြောတော့ သူတို့ စစ်တပ်ကုန်းကို ၀ိုင်းထားတာတဲ့။ ရိက္ခာ လာပို့ချိန်ဆိုရင် တိုက်ပွဲ ဖြစ်လေ့ရှိတယ်တဲ့။

လဂျားယန်နားမှာ ဆိုရင် ကေအိုင်အေကုန်းနဲ့ စစ်တပ်ကုန်း ကပ်ရက်ပဲ။ အဲဒိ လဂျားယန် ရဲ့ အနောက် ဘက်ကျ ကျ ( လိုင်ဇာဘက်လည်း မကျဘူး၊ တရုတ်ပြည်ဘက်ကျတယ် ) တောင်ကုန်းတစ်ခုမှာ ကေအိုင်အေ လက် နက်ကြီးတွေရှိတယ်။ လဂျားယန်ကျတာနဲ့ လက်နက်ကြီးနဲ့ ပြန်ထုဖို့ စီစဉ်ထားတယ်လို့ တစွန်းတ စ ကြားခဲံတယ်။ လဂျားယန်မှာ လက်နက်ကြီး မရှိ။ လဂျားယန်နဲ့ အဲဒီ တောင်ကုန်းကြားက မြေပြန့် ဖြစ်နေ တယ်။ သိပ်လည်း မကျယ်ဘူး။ အရင်ကတော့ ဗန်းမော် လိုင်ဇာလမ်းလို့ ပြောတယ်။
တောင်ကုန်းရဲ့ တစ်ဘက် က တရုတ်မြန်မာ နယ်စပ်ချောင်းပဲ ရှိတယ်။

( ၁ ) စစ်ရေးအရ လက်ဦးမှုအသာယူဖို့ ကြိုးစားတယ်

( ၂ ) ဆွေးနွေးပွဲကို အကြောင်းပြုပြီး စစ်ရေးမှာ နယ်မြေစိုးမိုးဖို့ ကြိုးစားတယ်။

( ၃ ) လူမျိုးရေး ခွဲခြားမှု ပြဿနာဖြစ်အောင် တစ်ဖက်ပိတ် ပြောတယ်။

( ၄ ) မိုင်းထောင်၊ မြို့ထဲဝင်ပစ်နဲ့ လက်နက်နဲ့ ပွဲဆူအောင် လုပ်တယ်။

( ၅ ) နိုင်ငံအလံအပါအ၀င် အခြားနည်းတွေနဲ့ ပွဲဆူအောင် လုပ်တယ်။

( ၆ ) စစ်တပ်က လုံခြုံရေးအရ ပြန်ယူဖို့ လုံခြုံရေးထိုးစစ်ဆင်ရင် ငြိမ်းချမ်းရေး ထအော်တယ်။

( ၇ ) ဘာသာရေး ခွဲခြားမှု လုပ်ဖို့ ကြိုးစားတယ်။

( ၈ ) နိုင်ငံရေး ခွဲခြားမှုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်တောင် အပုတ်ချတယ်။

ဟော .... အခု

နံပါတ် ( ၉ ) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အသုံးချပြီး ပွဲဆူအောင် လုပ်ပြန်ပြီ။

အစိုးရတပ်ပဲ အင်အားမကြီးပဲ နေမလား.။ ဒီ ပြည်ထောင်စုထဲက
ကောင်းကောင်း မနေချင်တဲ့ သူတွေကို ထိန်းသိမ်းဖို့ တင်မဟုတ်ဘူး။
ပြည်ပရန်စလာရင် တိုက်ဖို့ထိ စနစ်တကျဖွဲ့ထားတာ။ စစ်တပ် ကောင်းတယ် မကောင်းမပြောဘူး။ အားလုံးဟာ သူ့အလုပ်သူလုပ် နေကြတာ။ တခုပဲ .. ပြောနေကြတဲ့ သူတွေ အားလုံး ထဲက ထူးချွန်သူကိုအစိုးရတပ် သေနာပတိ
တယောက် ၊ ကေအိုင်အေ သေနာပတိ တယောက် လုပ်ခိုင်း မယ်။

ကိုယ်သာဆို ဘာလုပ်ကြမလဲ။ ကေအိုင်အေက ဆိုရင် အလံဖြူပြပီး
အေးအေး နေမလား။ ဘယ်နေမလဲ တရုတ်က မြှောက်ပေးနေတာပဲ။း)

တိုင်းပြည် မငြိမ်မသက်ဖြစ်နေမှ စီးပွားရေး အသာရနေမဲ့ အိမ်နီးချင်း အသိဥာဏ်မြင့်တိုးတက်တဲ့ နိုင်ငံတွေ ရဲ့ လက်ဖျောက်သံတွေကို မကြားပဲ ၊ ကိုယ့်အချင်းချင်း စွတ်အော်ဟစ်ဆဲဆိုနေတော့ ဘယ်မှာသာ တည်ငြိမ် တိုးတက်တော့မလဲ။့  KIA နဲ့ BG ပြောင်းထားတဲ့ အဖွဲ့ စားမာန်ခုတ်တာ
တွေလည်း အများကြီး ပါတယ်.. ကရင်က အစိုးရနဲ့ ဆွေးနွေးတော့ သူတို့ (KIA) က တိုင်းရင်းသား လက်နက်ကိုင်ထဲမှာ အင်အား အကြီး ဆုံး 
(လူသူ လက်နက် စီးပွါး) ဖြစ်ချင်တယ်။

ဒီတော့ ကချင်ပြည်ငြိမ်းချမ်းရေးကတော့ ဘယ်ကိုဆက်မလဲ ???

ကိုးကား - Kyaw Htin ၏ comment များမှ တချို့တဝက် ကိုးကားပါသည်။
မဟာကြောင်
ကေအိုင်အို လူကြီးပိုင်းနဲ့ အလွန် ပနံသင့်တယ်။ ကေအိုင်အိုက မီဒီယာကို ကိုင်တွယ်တာ အရမ်းနှပ်တယ်။ သတင်းထောက် တစ်ယောက် ရွှေလီကို ဖြတ်လာပြီဆိုတာနဲ့ သူတို့ဆီ သတင်းရောက်တယ်။ ဒီဘက်မှာ ကြိုခိုင်းတယ်။ ဆဖ်ကား တစ်စီး၊ ဒရိုင်ဘာ တစ်ယောက်၊ စစ်ဗိုလ် တစ်ယောက် ပေးထားတယ်။ သွားချင်တာ လိုက်ပို့တယ်။ သွားလို့မရတဲ့ နေရာလုံးဝမရှိဘူး။ ဒါပေမဲ့ ကိုယ့်ဘာကိုယ် သွားလို့ မရဘူး။ သူတို့ လိုက်ပို့မှ ရတယ်။ အင်တာဗျူးဖို့ လူက အစ သူတို့ရှာပေးတယ်။ ရှေ့တန်းရောက်လို့ ရဲဘော်လေးတွေနဲ့ စကားပြောရင်လည်း အနားမှာ အရာရှိ တစ်ယောက်ယောက် အမြဲ ရှိနေတယ်။

အစိုးရစစ်တပ်က ဖမ်းထားတဲ့ ကလေးစစ်သားလေးတွေကို မီဒီယာလာတိုင်း လိုက်ပြတယ်။ အရင်လိုပဲ၊ ထုံးစံအတိုင်းပဲလို့ အင်တာဗျူးမစခင် စစ်ဗိုလ်တွေက ကလေးတွေကို ပြောတတ်တယ်။ သူတို့မှာလည်း ကလေးစစ်သားရှိတယ်။

ကေအိုင်အို ကျောင်းတွေမှာ အစိုးရ သင်ရိုးညွှန်းတမ်း ပဲ သင်တယ်။ ကချင်စာ၊ ကချင် သမိုင်းနဲ့ တရုတ်စာ သင်တယ်။ ဆယ်တန်းကို သူတို့ ဘာသူတို့ စစ်တယ်။ ဆယ်တန်းပြီးရင် တရုတ်ပြည်မှာ တက္ကသိုလ် တက်ခွင့် ရအောင် ကေအိုင်အိုက လုပ်ပေးတယ်။ ယောက်ျားလေး ဆိုရင် လိုင်ဇာ စစ်တက္ကသိုလ် တက်ကြ တယ်။ လိုင်ဇာ စစ်တက္ကသိုလ်က ပြင်ဦးလွင်ထက် မနိမ့်ဘူးလို့ သူတို့က ပြောတယ်။

သိခဲ့ရသလောက်က ကချင်ပြည်နယ်မှာ ခေတ်အဆက်ဆက်၊ ငြိမ်းချမ်းရေး ယူထားစဉ် ကာလတုန်း ကရောပေါ့၊ ခုချိန်ထိ စာသင်ကျောင်းတွေ မရှိဘူး။ မလုံလောက်ဘူး။ မူလတန်းကျောင်းလေးတောင် မရှိ ဘူး။ တချို့ ဒေသတွေမှာ။ အဲဒီတော့ ရပ်၇ွာလူကြီးတွေ ကောင်းမှုနဲ့စာသင်ရတယ်၊ ချာ့ကျောင်းတွေမှာစာသင်ရတယ် နောက်တော့ ကေအိုင်အိုကျောင်းတွေက စာသင်ချင်တဲ့ ကချင်ကလေးတွေ အတွက် မျှော်လင့်ချက်ဖြစ်လာတယ်။

ခု လက်ရှိမှာ ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေ၊ စစ်ရေးအခြေအနေတွေဟာ သက်ဆိုင်ရာ နယ်ပယ် အသီး သီး လူပေါင်းများစွာရဲ့ အသိဥာဏ်ဝမ်းစာ အခြေခံ မပြည့်ဝမှုကြောင့်ဖြစ်တယ်။ ကမ္ဘာသိ သိမြင် အမြင် ကျယ် ကျယ် မရှိကြပဲ ကိုယ့်အိမ်က ရေကန်ကို ပင်လယ်ထင်နေကြတယ်။ စစ် ဖြစ်တယ် စစ်ဖြစ်တယ် ပြော တယ်။ ဥပမာ ကချင်လွတ်မြောက်ရေးတပ်နဲ့ အစိုးရတပ်နဲ့။ ကချင်လွတ်မြောက်ရေးတပ်ဆိုတာ ဘာကို ပြောတာလဲ။

>> ကချင်တွေက လက်ရှိ ပြည်ထောင်စုနိုင်ငံမှာ မလွတ်လပ်တဲ့ သဘောလား?

>> ဒါမှ မဟုတ် ဒီပြည်ထောင်စုက လွတ်လပ်ချင်ပီး တရုတ်ရဲ့ လက်အောင်ကို သွားချင်တာလား? (တရုတ် က ကချင်နယ်ကို ဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာအထိ ထွက်ပေါက်ယူဖို့ ကြံထားတာတွေ တစွန်းတစရှိတယ်)

မြင်သလောက်တော့ ကချင်လူထု(လူမျိုးနွယ်စု)ပေါင်းစုံ ကေအိုင်အေ ကို နှစ်သက်တယ်လို့ မထင်ပါဘူး။ အစိုးရစစ်တပ်ကိုလည်း မနှစ်သက်ကြတဲ့ လူတွေ များပါတယ်။ တချို့လူတွေက ပြောတယ် ၊ အင်အားကြီးတဲ့ သူက အင်အားငယ်တဲ့ သူကို တိုက်တာ မတရားဘူးတဲ့။ အစိုးရစစ်တပ်က အင်အားကြီးတာ မှန်တယ်။ ဒါပေမဲ့ စစ်ရဲ့ သဘောကို မသိတဲ့ လူတွေက လျှောက်ပြောတယ်။ မနေ့တနေ့က ထတိုက်ပြီး ခုမှ အသံကောင်းဟစ်၊ ၁၇ နှစ်လုံးလုံး အပစ်ရပ်ခဲ့တာ၊ လက်နက်၊ လူသူ စုဆောင်းချိန် အများကြီး ယူခဲ့ပြီး အပစ်ရပ်ပြီး ဆွေးနွေးနေတဲ့ တခြား တိုင်းရင်းသားတွေ၊ ရှမ်း၊ ကရင်၊ မွန်၊ ချင်းတွေကပဲ ပျော့ညံ့ သူတွေလိုလို၊ တိုင်းရင်းသား အခွင့်အရေးကို သစ်စာ ဖောက်သွားသူတွေလိုလိုပြောတယ်။ ဟို တိုင်းရင်းသားတွေက တောက်လျှောက် တိုက်လာခဲ့ကြတာ၊ စစ်ပန်းနေပြီ၊ ပိုက်ဆံလည်း မရှိတော့ဘူး။ လူတွေလည်း ပန်းနေကြပြီ။

ကေအိုင်အေတောင်ကုန်းနဲ့ စစ်တပ် တောင်ကုန်းတွေက ကပ်နေတာ။ တိကျ သေချာတဲ့ ဖရွန့်လိုင်းလည်း မရှိဘူး။ ဥပမာ ကြားဖူးတာက SSA ဆိုပါတော့ သူတို့ ၀မ့်ဟိုင်းတ ၀ိုက်မှာ ဖရွန့်လိုင်း လုပ်ထားတယ်။ အဲဒီရဲ့ ဟိုဘက် ဒီဘက် စစ်တပ်နဲ့ ရှမ်းတပ်ပဲဆိုတာ ကြားဖူးတယ်။ ကေအိုင်အေကျ တောင်ကုန်းလေးတွေခြားပြီး ကေအိုင်အေကုန်းဖြစ်လိုက် စစ်တပ်ကုန်းဖြစ်လိုက်နဲ့ ရောနေတာ တွေ့ခဲ့တယ်။ ကေအိုင်အေတွေက ပြောတော့ သူတို့ စစ်တပ်ကုန်းကို ၀ိုင်းထားတာတဲ့။ ရိက္ခာ လာပို့ချိန်ဆိုရင် တိုက်ပွဲ ဖြစ်လေ့ရှိတယ်တဲ့။

လဂျားယန်နားမှာ ဆိုရင် ကေအိုင်အေကုန်းနဲ့ စစ်တပ်ကုန်း ကပ်ရက်ပဲ။ အဲဒိ လဂျားယန် ရဲ့ အနောက် ဘက်ကျ ကျ ( လိုင်ဇာဘက်လည်း မကျဘူး၊ တရုတ်ပြည်ဘက်ကျတယ် ) တောင်ကုန်းတစ်ခုမှာ ကေအိုင်အေ လက် နက်ကြီးတွေရှိတယ်။ လဂျားယန်ကျတာနဲ့ လက်နက်ကြီးနဲ့ ပြန်ထုဖို့ စီစဉ်ထားတယ်လို့ တစွန်းတ စ ကြားခဲံတယ်။ လဂျားယန်မှာ လက်နက်ကြီး မရှိ။ လဂျားယန်နဲ့ အဲဒီ တောင်ကုန်းကြားက မြေပြန့် ဖြစ်နေ တယ်။ သိပ်လည်း မကျယ်ဘူး။ အရင်ကတော့ ဗန်းမော် လိုင်ဇာလမ်းလို့ ပြောတယ်။ တောင်ကုန်းရဲ့ တစ်ဘက် က တရုတ်မြန်မာ နယ်စပ်ချောင်းပဲ ရှိတယ်။

( ၁ ) စစ်ရေးအရ လက်ဦးမှုအသာယူဖို့ ကြိုးစားတယ်

( ၂ ) ဆွေးနွေးပွဲကို အကြောင်းပြုပြီး စစ်ရေးမှာ နယ်မြေစိုးမိုးဖို့ ကြိုးစားတယ်။

( ၃ ) လူမျိုးရေး ခွဲခြားမှု ပြဿနာဖြစ်အောင် တစ်ဖက်ပိတ် ပြောတယ်။

( ၄ ) မိုင်းထောင်၊ မြို့ထဲဝင်ပစ်နဲ့ လက်နက်နဲ့ ပွဲဆူအောင် လုပ်တယ်။

( ၅ ) နိုင်ငံအလံအပါအ၀င် အခြားနည်းတွေနဲ့ ပွဲဆူအောင် လုပ်တယ်။

( ၆ ) စစ်တပ်က လုံခြုံရေးအရ ပြန်ယူဖို့ လုံခြုံရေးထိုးစစ်ဆင်ရင် ငြိမ်းချမ်းရေး ထအော်တယ်။

( ၇ ) ဘာသာရေး ခွဲခြားမှု လုပ်ဖို့ ကြိုးစားတယ်။

( ၈ ) နိုင်ငံရေး ခွဲခြားမှုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်တောင် အပုတ်ချတယ်။

ဟော .... အခု

နံပါတ် ( ၉ ) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အသုံးချပြီး ပွဲဆူအောင် လုပ်ပြန်ပြီ။

အစိုးရတပ်ပဲ အင်အားမကြီးပဲ နေမလား.။ ဒီ ပြည်ထောင်စုထဲက ကောင်းကောင်း မနေချင်တဲ့ သူတွေကို ထိန်းသိမ်းဖို့ တင်မဟုတ်ဘူး။ ပြည်ပရန်စလာရင် တိုက်ဖို့ထိ စနစ်တကျဖွဲ့ထားတာ။ စစ်တပ် ကောင်းတယ် မကောင်းမပြောဘူး။ အားလုံးဟာ သူ့အလုပ်သူလုပ် နေကြတာ။ တခုပဲ .. ပြောနေကြတဲ့ သူတွေ အားလုံး ထဲက ထူးချွန်သူကိုအစိုးရတပ် သေနာပတိ တယောက် ၊ ကေအိုင်အေ သေနာပတိ တယောက် လုပ်ခိုင်း မယ်။

ကိုယ်သာဆို ဘာလုပ်ကြမလဲ။ ကေအိုင်အေက ဆိုရင် အလံဖြူပြပီး အေးအေး နေမလား။ ဘယ်နေမလဲ တရုတ်က မြှောက်ပေးနေတာပဲ။း)

တိုင်းပြည် မငြိမ်မသက်ဖြစ်နေမှ စီးပွားရေး အသာရနေမဲ့ အိမ်နီးချင်း အသိဥာဏ်မြင့်တိုးတက်တဲ့ နိုင်ငံတွေ ရဲ့ လက်ဖျောက်သံတွေကို မကြားပဲ ၊ ကိုယ့်အချင်းချင်း စွတ်အော်ဟစ်ဆဲဆိုနေတော့ ဘယ်မှာသာ တည်ငြိမ် တိုးတက်တော့မလဲ။့  KIA နဲ့ BG ပြောင်းထားတဲ့ အဖွဲ့ စားမာန်ခုတ်တာ တွေလည်း အများကြီး ပါတယ်.. ကရင်က အစိုးရနဲ့ ဆွေးနွေးတော့ သူတို့ (KIA) က တိုင်းရင်းသား လက်နက်ကိုင်ထဲမှာ အင်အား အကြီး ဆုံး
(လူသူ လက်နက် စီးပွါး) ဖြစ်ချင်တယ်။

ဒီတော့ ကချင်ပြည်ငြိမ်းချမ်းရေးကတော့ ဘယ်ကိုဆက်မလဲ ???

ကိုးကား - Kyaw Htin ၏ comment များမှ တချို့တဝက် ကိုးကားပါသည်။
မဟာကြောင်

No comments:

Post a Comment