အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတဦးကိုအုပ်စုဖွဲ့ အဓမ္မကျင့်တဲ့အမှု ပြီးခဲ့တဲ့ အပတ်တုန်းက ဖြစ်ခဲ့လို့ အုတ်အော်သောင်းနင်းဖြစ်သွားတာ ကြားမိမှာပါ။ သားကောင်ဖြစ်ခဲ့ရတဲ့ ဒေလီမြို့က
အမျိုးသမီးကို ဂုဏ်ပြုတဲ့အနေနဲ့ အိန္ဒိယ ဒါဂျီလင်မြို့မှာ ဂစ်တာဝါသနာရှင်
၆၀၀ က ဂျွန်လင်နွန်ရဲ့ IMAGINE သီချင်း ကို ပြိုင်တူ တီးခတ်သီဆိုနေကြ ပုံ
ဖြစ်ပါတယ်။“Imagine” ဆိုတဲ့သီချင်းဟာ အင်္ဂလန်တီးဝိုင်းဖြစ်တဲ့ The Beatles အဖွဲ့က ဂျွန်လင်နွန် သီဆိုခဲ့တဲ့ ကမ္ဘာကျော်သီချင်းဖြစ်ပါတယ်။ ဂျွန်လင်နွန်ကတော့ ကွယ်လွန်ခဲ့ပါပြီ။ ဇနီးဖြစ်သူ ဂျပန်အမျိုးသမီး ယိုကိုးအို့နိုက စစ်ပွဲနဲ့ အကြမ်း ဖက်မှုတွေကို တားမြစ်ပြီး ငြိမ်းချမ်းရေးကို ထိမ်းသိန်းနိုင်ဖို့ ဖန်တီးမှုတွေနဲ့ ပြသရမယ့် အချိန်ပါပဲလို့ ဂစ်တာသမား ၆၀၀ကို ထောက်ခံ ပြောဆို လိုက်ပါတယ်။
From : Burma-Newselite
No comments:
Post a Comment