Tuesday 8 January 2013

တရုတ်နှင့်တင်းမာနေစဉ် ဂျပန်ကာကွယ်ရေးအသုံးစားရိတ် တိုးမြှင့်

တရုတ်နှင့်တင်းမာနေစဉ် ဂျပန်ကာကွယ်ရေးအသုံးစားရိတ် တိုးမြှင့်
Tuesday, January 08, 2013

လွန်ခဲ့သော ရက်ပိုင်းက ဂျပန်နှင့်တရုတ်တို့ ပိုင်နက်အငြင်းပွားလျက်ရှိသော ကျွန်းစုများအနီးသို့ တရုတ်ရေယာဉ်များ ဝင်ရောက်လာမှုကြောင့် ဂျပန်ရှိ တရုတ်သံအမတ်ကို ဂျပန်အစိုးရက ခေါ်ယူသတိပေးခဲ့ပြီးနောက် ဂျပန် ကာကွယ်ရေးအသုံးစားရိတ်ကို တိုးမြှင့်မည်ဖြစ်ကြောင်း လက်ရှိ အာဏာရ ပါတီ LDP ပါတီက ပြောကြားသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လက်ထက်တွင် ဆယ်စုနှစ်ကျော်ကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၃ ခုနှစ်အတွက် ဂျပန် ကာကွယ်ရေး အသုံးစားရိတ်ကို တိုးမြှင့်သုံးစွဲခြင်းလည်း ဖြစ်သည်။

ဂျပန်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော LDP ပါတီ၏ ကာကွယ်ရေး ဆိုင်ရာအဖွဲ့က တရုတ်၏ရဲတင်းသောလုပ်ရပ်များကို တုံ့ပြန်ရန် ဂျပန် ကာကွယ်ရေး အသုံးစားရိတ်ကို ဂျပန်ယန်းငွေ ဘီလီယံ ၁၀၀ (အမေရိကန်
ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံ) ပိုမိုသုံးစွဲရန် ပါလီမန်သို့ တင်ပြ တောင်းခံ မည်ဟု ဆုံးဖြစ်လိုက်ကြောင်း LDP ပါတီ၏ တာဝန်ရှိသူတစ်ဦးက
အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။

ယခုထပ်မံတောင်းခံထားသည့် ထပ်တိုးကာကွယ်ရေး အသုံးစရိတ်ကို
ရေဒါစနစ်နှင့်ပတ်သက်သော သုတေသနအတွက်လည်းကောင်း၊
လောင်စာနှင့် အခြားသော တိုက်လေယာဉ်နှင့်ပတ်သက်သည့် ကြိုတင် သတိပေးချက်စနစ်ကို ပြုပြင်ထိန်းသိမ်းသည့်ကိစ္စများတွင် လည်းကောင်း အသုံးပြုသွားမည်ဟု ၎င်းကပြောကြားသည်။

ဂျပန်နှင့်တရုတ်တို့သည် လွန်ခဲ့သောလပိုင်းက အရှေ့တရုတ်ပင်လယ် အတွင်းရှိ ကျွန်းစုများပိုင်ဆိုင်မှုနှင့်ပတ်၍ တင်းမာမှုများ ရှိခဲ့ပြီး၊ ယခု လတ်တလော တင်းမာမှုအဖြစ် အဆိုပါ ကျွန်းစုအနီးသို့ တရုတ်ရေယာဉ်များ ဝင်ရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ ဂျပန်ရှိတရုတ်သံအမတ်ကို ဂျပန်အစိုးရက
ခေါ်ယူသတိပေးခဲ့သည်အထိ တင်းမာမှုများ ပြန်လည်စတင်လာခဲ့သည်။

လက်ရှိဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ၎င်း၏ရွေးကောက်ပွဲ မဲဆွယ် စဉ်က တရုတ်အပေါ်တင်းမာသော သဘောထားရှိသည့်သဘောကို
ပြသမဲဆွယ်ခဲ့ပြီး၊ ယခုကဲ့သို့ တရုတ်သံအမတ်ကို ခေါ်ယူသတိပေးခြင်းသည် ၎င်း၏အစိုးရလက်ထက်ပထမဆုံးအကြိမ်ဖြစ်သည်။

လာမည့် မတ်လအထိအကျုံးဝင်သော ၂၀၁၂ခုနှစ်အတွက် မူလဂျပန် ကာကွယ်ရေးဘတ်ဂျတ်မှာ ဂျပန်ယန်းငွေ ၄ ဒသမ ၆၅ ထရီလီယံ ရှိသည်။ ၂၀၀၂ ခုနှစ်က အမြင့်ဆုံး ကာကွယ်ရေးအသုံးစားရိတ်အဖြစ် ဂျပန်ယန်းငွေ ၄ ဒသမ ၉၄ ထရီလီယံထိရှိခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်သစ် ရှင်ဇိုအာဘေးသည် ပြိုင်ဘက် DPJ ပါတီ ၂၀၁၀ ခုနှစ်က
ရေးဆွဲခဲ့သော ဂျပန်နိုင်ငံ၏ ရေရှည်ကာကွယ်ရေး အခြေခံ အစီအစဉ်ကို
ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီ အိုနိုဒီရက ပြောကြားသည်။

MTS
Ref: CNA
The Myanma Age
လွန်ခဲ့သော ရက်ပိုင်းက ဂျပန်နှင့်တရုတ်တို့ ပိုင်နက်အငြင်း ပွားလျက် ရှိသော ကျွန်းစုများအနီးသို့ တရုတ်ရေယာဉ်များ ဝင်ရောက် လာမှုကြောင့် ဂျပန်ရှိ တရုတ်သံအမတ်ကို ဂျပန် အစိုးရ က ခေါ်ယူ သတိပေးခဲ့ပြီးနောက် ဂျပန် ကာကွယ်ရေးအသုံးစားရိတ်ကို တိုးမြှင့် မည်ဖြစ်ကြောင်း လက်ရှိ အာဏာရပါတီ LDP ပါတီက ပြောကြားသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လက်ထက်တွင် ဆယ်စုနှစ်ကျော်ကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၃ ခုနှစ်အတွက် ဂျပန် ကာကွယ်ရေး အသုံးစားရိတ်ကို တိုးမြှင့်သုံးစွဲခြင်းလည်း ဖြစ်သည်။

ဂျပန်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော LDP ပါတီ၏ ကာကွယ်ရေး ဆိုင်ရာအဖွဲ့က တရုတ်၏ ရဲတင်းသော လုပ်ရပ်များကို တုံ့ပြန်ရန် ဂျပန် ကာကွယ်ရေး အသုံးစားရိတ်ကို ဂျပန်ယန်းငွေ ဘီလီယံ ၁၀၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံ) ပိုမိုသုံးစွဲရန် ပါလီမန်သို့ တင်ပြ တောင်းခံ မည်ဟု ဆုံးဖြစ်လိုက်ကြောင်း LDP ပါတီ၏ တာဝန်ရှိသူတစ်ဦးကအေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။

ယခုထပ်မံတောင်းခံထားသည့် ထပ်တိုးကာကွယ်ရေး အသုံးစရိတ်ကိုရေဒါစနစ်နှင့်ပတ်သက်သော သုတေသန အတွက်လည်းကောင်း၊လောင်စာနှင့် အခြားသော တိုက်လေယာဉ်နှင့်ပတ်သက်သည့် ကြိုတင် သတိပေးချက်စနစ်ကို ပြုပြင်ထိန်းသိမ်းသည့်ကိစ္စများတွင် လည်းကောင်း အသုံးပြုသွားမည်ဟု ၎င်းကပြော ကြားသည်။

ဂျပန်နှင့်တရုတ်တို့သည် လွန်ခဲ့သောလပိုင်းက အရှေ့တရုတ်ပင်လယ် အတွင်းရှိ ကျွန်းစုများပိုင်ဆိုင်မှုနှင့်ပတ်၍ တင်းမာမှုများ ရှိခဲ့ပြီး၊ ယခု လတ်တလော တင်းမာမှုအဖြစ် အဆိုပါ ကျွန်းစုအနီးသို့ တရုတ်ရေ ယာဉ်များ ဝင်ရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ ဂျပန်ရှိတရုတ်သံအမတ်ကို ဂျပန်အစိုးရကခေါ်ယူ သတိပေး ခဲ့သည် အထိ တင်းမာမှုများ ပြန်လည်စတင်လာခဲ့သည်။

လက်ရှိဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ၎င်း၏ရွေးကောက်ပွဲ မဲဆွယ်စဉ်က တရုတ်အပေါ် တင်း မာသော သဘောထားရှိသည့်သဘောကိုပြသမဲဆွယ်ခဲ့ပြီး၊ ယခုကဲ့သို့ တရုတ်သံ အမတ် ကို ခေါ်ယူ သတိပေးခြင်းသည် ၎င်း၏အစိုးရလက်ထက်ပထမဆုံးအကြိမ်ဖြစ်သည်။

လာမည့် မတ်လအထိအကျုံးဝင်သော ၂၀၁၂ခုနှစ်အတွက် မူလဂျပန် ကာကွယ်ရေးဘတ်ဂျတ်မှာ ဂျပန်ယန်းငွေ ၄ ဒသမ ၆၅ ထရီလီယံ ရှိသည်။ ၂၀၀၂ ခုနှစ်က အမြင့်ဆုံး ကာကွယ်ရေး အသုံး စားရိတ် အဖြစ် ဂျပန် ယန်းငွေ ၄ ဒသမ ၉၄ ထရီလီယံထိရှိခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်သစ် ရှင်ဇိုအာဘေးသည် ပြိုင်ဘက် DPJ ပါတီ ၂၀၁၀ ခုနှစ်ကရေးဆွဲခဲ့သော ဂျပန်နိုင်ငံ ၏ ရေရှည်ကာကွယ်ရေး အခြေခံအစီအစဉ်ကိုပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီး အစ်ဆူနိုရီ အိုနိုဒီရက ပြောကြားသည်။

MTS
Ref: CNA

No comments:

Post a Comment