
ဦးခေါင်းဝဲဘက်နှင့်လည်ပင်း ညိုမဲဒဏ်ရာများ၊ မေးစေ့အောက်တွင် (၁)လက်မခန့်ရှိ ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ၀ဲ/ယာတံတောင်များ ကျိုးပဲ့နေပြီး မျက်နှာတစ်ခုလုံး သွေးများပေကျံလျက် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဘုရားသုံးဆူရဲစခန်း(ပ)၂/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် ခဲ့သည်။
အမှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး နီးစပ်ရာ တပ်/ရဲစခန်းများနှင့် ဆက်သွယ်ဆောင် ရွက်ခဲ့ရာ ၁၇၃၀ အချိန်တွင် ဘုရားသုံးဆူ-မော်လမြိုင် ပြေးဆွဲသော လိုင်းကားပေါ်မှ မသင်္ကာဖွယ်တွေ့ရှိ သူ နေလင်း(ခ) လင်းလင်း(ခ)လင်းလင်းနိုင်(ခ)တက်နေလင်းနှင့် ၎င်း၏ဇနီးဖြစ်သူ မတင်နွယ်အောင် တို့အား နယ်ခြားစောင့်တပ် (၁၀၂၃)မှ တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ လူသတ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်။
ပြစ်မှုကျူးလွန် ရာတွင် အသုံးပြုသည့် ၀က်အူလှည့်(၁)ချောင်းနှင့် သေဆုံးသူ လွင်နောင်နောင်ထံမှ ၎င်းင်းတို့ရယူခဲ့သော အလေးချိန်(၆)ပဲ(၁)ရွေးရှိ အမ်စီရွှေဆွဲကြိုး(၁)ကုံး၊ အလေးချိန်(၁)ကျပ်သားခန့် ရှိ ရွှေဟန်းချိန်း(၁)ခု၊ အလေးချိန် (၅)မူးသားရှိ ရွှေလက်စွပ်(၁)ကွင်းတို့အား သိမ်းဆည်းရရှိခဲ့ သဖြင့် ပြစ်မှုပုဒ်မ ၃၀၂ မှ ၃၀၂/၃၉၂ သို့ ပြောင်းလဲ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
From : Myanmar Police Force
No comments:
Post a Comment