Tuesday 8 January 2013

သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်နယ်တွင် ဓါးပြ သောင်းကျန်း

မြန်မာအစိုးရ စစ်ဗျူဟာရုံးစိုက်ရာ သျှမ်းပြည်  (မြောက်ပိုင်း) ကွတ်ခိုင်မြို့ နယ်အတွင်း  ဓါးပြများသောင်း ကျန်း နေသဖြင့် ကွတ်ခိုင်နယ်ခံများ  ရပ်ရွာလုံခြုံရေးအတွက် ကိုယ်တိုင်ကင်းစာင့်နေရကြောင်း ၄င်းဒသခံ များအဆိုအရ သိရသည်။

ယခုရက်ပိုင်း အဆိုပါဓါးပြအဖွဲ့မှ ကွတ်ခိုင်မြို့နှင့် ၉ မိုင်ခန့်အကွာရှိ ဟိုကျန့်ရွာသား ဆိုင်ကယ်ကယ်ရီသမား တရုတ်လူမျိုးတစ်ဦးကို သတ်ဖြတ်ကာ ဆိုင်ကယ်လုယူသွား ခဲ့ကြောင်း ဟိုကျန့်ရွာသားတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။

“ဒီဓါးပြအဖွဲ့က ဗမာလူမျိုးအယောက်   ၂၀ လောက်ပါတဲ့ အဖွဲ့လို့ ပြောနေကြတယ်။ ဒီရက်ပိုင်း ဟိုကျန့်ရွာလမ်းခွဲမှာ ဘယ်ကျော်ဆရာမလို့ခေါ်တဲ့ အမက ၂ ကျောင်းအုပ်ဆရာမကြီးရဲ့အမျိုးသား ဆိုင်ကယ်ကယ်ရီ သမား အသတ်ခံလိုက်ရတယ်။ ဆိုင်ကယ်လည်းယူသွားတယ် ” ဟု သူက ဆိုသည် ။

ဟိုကျန့်၊ ကာလျှင်ရွာများအနီး ဆိုင်ကယ်ရိုက်လုမှု ဆွဲကြိုးဖြတ်မှုများလည်း မကြာခဏ ဖြစ်ပေါ်နေရာ ဒေသခံ များ ကိုယ်တိုင် ရပ်ရွာလုံခြုံရေး ကင်းစောင့်နေရကြောင်း သူက ဆက်ပြောသည်။“အခုဆို မိုးချုပ်တာနဲ့ ရွာအပြင်မထွက်ရဲတော့ဘူး ။

ကလေးတွေကျောင်းသွားတာကအစ လူကြီးတွေ ကိုယ်တိုင်လိုက်ပို့ရတယ်။ ဆွဲကြိုးရရင် ဆွဲကြိုးဖြတ်လု တယ်။ ဆိုင်ကယ်တွေ့ရင် ရိုက်လုတယ်။ ညပိုင်းဆို အလှည့်ကျ ကင်းစောင့်ကြရတယ် ”ဟု သူက ဆိုသည်။

၎င်းဒေသတွင်း ဓါးပြများသောင်းကျန်းနေသော်လည်း အာဏာပိုင်များက ဖမ်းဆီးအရေးယူခြင်း မရှိသေး ကြောင်းနှင့် ယခင်ကလည်း ကွတ်ခိုင်ဒေသတွင် ကားသမားများကို သတ်ဖြတ်ကာ ကားလုယူ မှုများ ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများ က ဆိုသည် ။

From :

No comments:

Post a Comment