တောင်အာဖရိက
အကျဉ်းထောင်မှ နယ်လ်ဆင် မင်ဒဲလား လွပ်မြောက်လာသည့်အခါ သူ့ကို တချိန်လုံး
ထောင်ဝင် စာတွေ့ နေခဲ့ သော မိန်းမဖြစ်သူနှင့်အိမ်ထောင်ကွဲပြီးပြီ။
သမ္မတဖြစ်တော့ တယောက်တလမ်း နိုင်ငံရေးလျှောက်လှမ်းနေကြ သူများဖြစ်သည် ။
တနေ့ တွင် လမ်းပေါ်၌ပြသနာတခုဖြစ်ရာ လူမဲကလေးတယောက် သေဆုံးရသည်။ သွေးအိုင်ထဲလဲနေသော လူမဲအနီးတွင် သမ္မတ နယ်လ်ဆင်မင်ဒဲလား၏ ဇနီးဟောင်းက လူတွေဝိုင်းနေချိန်မှာလူအုပ်ကြား၌ စကားတခွန်းကို ပြောဆိုခဲ့ သည် ။
တနေ့ တွင် လမ်းပေါ်၌ပြသနာတခုဖြစ်ရာ လူမဲကလေးတယောက် သေဆုံးရသည်။ သွေးအိုင်ထဲလဲနေသော လူမဲအနီးတွင် သမ္မတ နယ်လ်ဆင်မင်ဒဲလား၏ ဇနီးဟောင်းက လူတွေဝိုင်းနေချိန်မှာလူအုပ်ကြား၌ စကားတခွန်းကို ပြောဆိုခဲ့ သည် ။
ဘယ်မှာလဲ -ကိုယ့်လူမျိုးကိုချစ်တယ်ဆိုတဲ့  နိုင်ငံရေးသမားတွေ -အခု
ဒီမှာ ကျမတို့ ရဲ့  လူငယ်တယောက် သေဆုံးနေရပြီ ။ ဘာဖြစ်လို
့နိုင်ငံရေးသမားတွေက ဒီဖြစ်ရပ်ကို သိရဲ့ သားနဲ့  မရောက်လာကြတာလဲ “
သူမပြောချင်သည်မှာ တချိန်က ခင်ပွန်းဖြစ်သူ နယ်ဆင်လ်မင်ဒဲလားကိုရည်ညွှန်းပြောဆိုခြင်းဖြစ်သည် ။
သို့ သော် နိုင်ငံတကာမှာ ရှိနေသောနိုင်ငံရေးသမားတွေကို တိုက်ရိုက်ရည်ညွှန်းပြောဆို သွာြး ခင်းဖြစ်သည်ဟုကျွန်တော်ထင်သည် ။
ယခုလည်း
မြန်မာနိုင်ငံအရေးနှင့် ပါတ်သက်၍နိုင်ငံရေးသမားတွေကို ပြည်သူတွေအတွက်
တိုက်ရိုက်ရည်ညွှန်း ရတော့မည်ဖြစ်သည်။ တလောက ကုလသမ္မဂနှင့် ဗြိတိန်နိုင်ငံက
ကချင်ပြည်နယ်အရေးနှင့် စိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောဆိုသွားသည် ။
ထာဝစဉ်
စိုးရိမ်ပါသည်ဆိုသောစကားကို ထည်လဲ ပြောသော်လည်း ယခုတခေါက်
စိုးရိမ်ပါသည်ဆိုသော စကားကိုသဘောကျ၍ ပြောချင်စရာဖြစ်လာသည်။ သူတို
့စိုးရိမ်သည်မှာ သက်ဆိုင်ရာမြန်မာအစိုးရအား ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်
။တချိန်တည်းမှာပင် အခြားသော မြန်မာနိုင်ငံအတွင်းမှ နိုင်ငံရေး ပါတီများကလည်း
ထုတ်ဖေါ်ပြောဆိုကြရာ မြန်မာအစိုးရ ကိုသာလျှင်ရည်ညွှန်းကြခြင်းဖြစ်သည် ။
ကေအိုင်အိုနှင့် မြန်မာ့တပ်မတော်တို့  ယခင်က ငြိမ်းချမ်းရေးယူထားခဲ့ကြသည် ။ ထို့ ကြောင့် ယင်းအချိန်က ၄င်းပြည်နယ်၌ ဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းသာယာနေခဲ့ သည် ။
ယခုတော့
ငြိမ်းချမ်းရေးပျက်ပြယ်၍ စစ်ပွဲတွေဖြစ်လာရသည်။ နောက်ဆုံးလေယဉ်ပျံတွေဖြင့်
ဗုံးကြဲလာသည်ဟု ကေအိုင်အိုမှဗွီဒီယိုဖြင့် ကမ္ဘာသို့ ချပြသည် ။ သို့ သော်
၎င်းကဲ့ သို့လေယဉ်ပျံဖြင့် ဗုံးကြဲသည်ကို မြန်မာ အစိုးရက ငြင်းဆိုသည် ။
အခြားတဖက်မှာမှန်ကန်ကြောင်းကိုလည်း
ထုတ်ဖေါ်ပြောဆိုနေသည်ကို တွေ့ မြင်ရသည် ။ မည်သို့ပင်ဖြစ်စေ ကချင်ပြည်နယ်မှာ
ငြိမ်းချမ်းရေးပျက်ပြားပြီးနော က် ယခုလိုစစ်မက်ဖြစ်ပွါးနေသည် ဆိုခြင်းကို မငြင်းနိုင် ။
ထို
့ကြောင့်စစ်မက်ဖြစ်ပွါး၍ ပြည်သူတွေမှာ စစ်ပြေးဒုက္ခသည်တွေဖြစ်ရ၊
စစ်သုံ့ပမ်းတွေဖြစ် ရ နှင့် သေသူသေ ကြေသူကြေ ဖြစ်ကုန်ကြရသည် ။
မြန်မာ့တပ်မတော်မှစစ်သည်တွေ စစ်ပွဲမှာ သေဆုံးကြရသည်ကို စာတစောင် ပေတဖွဲ
့ရေးပြီးဝမ်းနည်းကြေကွဲစွာ ရေးသားကြတာကို ဖတ်ရသည် ။
သို့အတူ ကချင်ပြည်သူပြည်သားတွေအတွက် တိုင်းရင်းသားလူမျိုးမောင်နှမေ တွက
ဝမ်းနည်း တက်ခေါက်သံများဖြင့် စာတစောင် ပေတဖွဲ့ 
ရေးသားနေကြသည်ကိုဖတ်ရသည်။ မည်သူပင်ဖြစ်ဖြစ် ၄င်းသေဆုံး သွားကြရသော သူတို
့မှာမြန်မာနိုင်ငံသား တိုင်းရင်းသားလူမျိုးတွေဖြစ်သည် ။
မြန်မာ့တပ်မတော်မှာတိုင်းရင်းသားလူမျိုးတွေ
အများကြီးပါနေသည် ။ ဗမာလူမျိုး သက်သက်ချည်း ဖွဲ့ထားသော
မြန်မာ့တပ်မတော်မဟုတ်။ ထို့ ကြောင့်သေဆုံးကုန်ကြရသောမြန်မာ့တပ်မတော်သားတို
့မှာ တိုင်းရင်းသားလူမျိုးများသာ များသည် ။ စစ်သုံ့ပမ်းထဲမှာလည်း
တိုင်းရင်းသားလူမျိုးတွေ များသည် ။
ကေအိုင်အိုဖက်မှလည်းအတူတူ တိုက်ခိုက်နေသော သူများမှာ ကချင်လူမျိုးချည်း သက်သက်မဟုတ် ။တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါသည်။ ထို့ကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသွားသူများသည်လည်း တိုင်းရင်းသားလူမျိုးတွေ ဖြစ်သည် ။
စစ်ပွဲတွေမှာအမြတ်ရသည်ဆိုခြင်းမှာ
မရှိ ။ အနိုင်ရသွားခြင်းသာ ရှိသည်။ တကယ်အရှုံးရရှိသွားခြင်းမှာ လူသားတို
့အသက်ပေါင်းများစွာဖြစ်သည် ။တိုင်းရင်းသားလူမျိုးများ အသက်ပေါင်းများစွာ
သေဆုံးကြေကွဲနေသည်ကိုနိုင်ငံရေးသမားတွေက ထိုင်ကြည့်နေရမည်လား ။
ယင်းသို့လည်း မဖြစ်သင့်ပေ။ သမ္မတဦးသိန်းစိန်က စစ်ပွဲကို ရပ်ပေးပါဟု အမိန်
့ပေးထားသည်ကိုဆက်ဖြစ်လျှင် နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီတွေက
ကချင်ပြည်နယ် သွားပြီး ကေအိုင်အိုနှင့် စကားပြောစရာ မလို။
ဘာကြောင့်
ဆက်ဖြစ်နေသည်ကိုသတင်းအချက်အလက်ယူဖို့  အကောင်းဆုံး အဖြေရှာနိုင်ဖို့ 
တခုတည်းသောလုပ်ရပ်မှာ နေပြည်တော်သာ ဖြစ်သည် ။ နေပြည်တော်မှာသမ္မတ ရှိသည်။
ကာလုံရှိသည်။ အစိုးရရှိသည်။
သမ္မတရုံးဝန်ကြီးများရှိသည်
။လွှတ်တော်ရှိသည် ။ ၄င်းတို့ ရှိနေပါလျှက် ၄င်းတို့ နှင့်
နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေက တွေ့ ဆုံရမည် ။ ဆွေးနွေးရမည်
။အဖြေရှာရမည် ။ ယခင်က ငြိမ်းချမ်းရေး ယူထားခဲ့ သော
ကချင်ပြည်နယ်၌ယခုဖြစ်ပျက်နေရခြင်းကို အဖြေရှာဖို့ အတွက် အဓိက ပြသနာမှာ
အင်အားကြီးသူအစိုးရနှင့်သာ ဆွေးနွေးစရာဖြစ်သည် ။
အင်အားနည်းသူ
ကေအိုင်အိုနှင့်ဆွေးနွေးပြီး ငြိမ်းချမ်းရေးလုပ်ကြရအောင်လို့  သွားပြောလို
့ကတော့ ဘာမှအဓိပ္ပါယ်မရှိချေ။ ကေအိုင်အိုက နယ်ချဲ့ ကျူးကျော်နေသူများ
မဟုတ်။ သူတို့ပိုင်နယ်မြေမှာ သူတို့  ရပ်တည်နေကြသူများဖြစ်သည် ။ သူတို့ က
ရှေ့ကို ကျော်လာပြီး စစ်တိုက်လာသည်ကား မမြင်။
ထို
့ကြောင့် သူတို့ ကို ဘာမျှပြောစရာမလို ။ ကချင်ပြည်နယ်ရှိ လိုင်ဇါမက
ကေအိုင်အို ထိမ်းချုပ်ရာနယ်မြေတိုင်းကို မည်သူမဆိုသွား၍ ရသည်
။သွား၍ရတိုင်းငြိမ်းချမ်းရေးခေါင်းဆောင်လိုလို ဘ၀င်ကြီး ခိုက်လို့ မည်သူမျှ ပြော၍မရ။
အဓိက ငြိမ်းချမ်းရေး စကားကို ပြောဆိုပြီး ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ အတွက်
နေပြည်တော်က တာဝန်ရှိသူများကိုသာ ဒဲ့ပြောဆိုတိုင်ပင်ဆွေးနွေးရန်သာ ရှိသည်
။
အကယ်၍
နေပြည်တော်တွင်ငြိမ်းချမ်းရေးစကားပြောပြီး ကချင်ပြည်နယ်ငြိမ်းချမ်းရေး
ရရှိသွားပြီဆိုလျှင် ၄င်းလူစားများသည်ငြိမ်းချမ်းရေးခေါင်းဆောင်ဖြစ် မည်မှာ သေချာသည်။
ဝန်ကြီးဦးစိုးသိန်းက နယူးယောက်မှာ ကြေညာခဲ့ ပြီးပြီ ။ဒေါ်အောင်ဆန်းစုကြည်က
ကချင်ပြည်နယ်အရေး ဆောင်ရွက်ချင်လျှင် လာခဲ့ပါဆိုပြီး ဖိတ်ခေါ်ထားပြီးပြီ ။
သည်လိုဆိုလျှင်
ဒေါ်အောင်ဆန်းစုကြည်ကသမ္မတရုံးဝန်ကြီး သို့ သွားပြီး ဆွေးနွေးဖလှယ်
တိုင်ပင်စရာသာ ရှိသည် ။ ခုတော့ ပေဖူးလွှာနှင့် ဖိတ်မှ သွားမည်ဆိုပြီး
စောင့်နေလို့ ကတော့ကချင်ပြည်နယ်မှာ စစ်ပြေး ဒုက္ခသည်တွေ နေ့ စဉ်လိုလို
အသက်ဘေး အန္တရယ် စိုးရိမ်နေရသည်ကို ကြားနေရ မြင်နေရတော့မည် ။
ကျွန်တော်တို့ အနေဖြင့်ကချင်လူမျိုးတွေကို မိမိလူမျိုးကဲ့သို့  ခံစားရင်lနာ ဖြစ်ရပါသည်။
ဗုံးခိုကျင်းထဲမှာ ခလေးတွေ ငိုကြွေးပြီး နေကြရသည်ကို၎င်း၊မြန်မာ့တပ်မတော်မှ
စစ်သုံ့ ပမ်းတွေကို မြင်ရသောအခါ၌၄င်း ၊ သူတို့ မှာမိသားစုတွေ ရှိတယ်-
ခလေးတွေ ရှိတယ် - သားသမီးတွေ ရှိတယ် -ဆိုသောစာပိုဒ်ကို
မြင်ယောင်မိနေဖြစ်သည် ။
မည်သူတွေကိုမှ ဒုက္ခကြီးစွာဆင်းရဲခြင်းကြီးစွာဖြင့် မမြင်လိုချင်။ ထို့ ကြောင့် ကချင်ပြည်နယ် အရေးကို ငြိမ်းချမ်းရေးခေါင်းဆောင်များ အဖြစ် နားချကြမည်ဆိုလျှင် အဝေးကြီးမသွားကြပါနှင့် ။ နေပြည်တော်မှာသာ အဖြေရှာ ဆွေးနွေးကြပါဟုတိုက်တွန်းလိုပါသည် ။
သို
့ဖြစ်၍ ပြည်သူတွေအတွက် နိုင်ငံရေးသမားတွေလိုသည်ဟု ပြောရခြင်းဖြစ်သည်။
ကျွန်တော်ပြောချင်သည်မှာ ပြည်သူတွေအတွက်အတိုက်အခံ ခေါင်းဆောင် မလိုတော့ပါ
။
အတိုက်အခံ
ခေါင်းဆောင်လည်းမြန်မာနိုင်ငံမှာရှိမှ မရှိတော့၊
တကယ့်နိုင်ငံရေး သမားကောင်းသာပြည်တွင်းငြိမ်းချမ်းရေး အတွက် ယခုအချိန်မှာ
အမြန်ဆုံးလိုအပ်နေပါပြီ။ အကယ်၍ ပြည်တွင်းငြိမ်းချမ်းရေး ကို နေပြည်တော်မှ
တာဝန်ရှိသူများကသာလိုအပ်သည်ဟု ထင်မြင်ယူဆကြပြီ ဆိုလျှင် ၄င်းသိရှိကြသောနေ
့သည်မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရသွားသောနေ
့ဖြစ်သည်ဟုကျွန်တော်ယုံကြည်ထားသည် ။
From : ခိုင်အောင်ကျော် ( နယူးယောက် )
From : ခိုင်အောင်ကျော် ( နယူးယောက် )
No comments:
Post a Comment