Friday 15 November 2013

အီး​ယူ- ​မြန်​မာ ​ဆွေး​နွေး​ပွဲ ​နေ​ပြည်​တော်​တွင် ​ကျင်း​ပ


မြန်​မာ​နိုင်​ငံ​မှာ ​ပ​ထ​မ​ဆုံး​အ​ကြိမ်​ကျင်း​ပ​တဲ့ ​မြန်​မာ​နဲ့ ​ဥ​ရော​ပ​သ​မ​ဂ္ဂ (​အီး​ယူ)​တို့ ​ပူး​ပေါင်း​ပြီး ​နိုင်​ငံ​ရေး​၊ ​စီး​ပွား​ရေး​၊ ​ပါ​လီ​မန်​ရေး​ရာ ​ဆွေး​နွေး​ပွဲ​ကို ​နေ​ပြည်​တော်​မှာ ​နိုဝင်​ဘာ ၁၅ ​ရက်​နေ့​က ​ကျင်း​ပ​ခဲ့​ပြီး ​နှစ်​နိုင်​ငံ ​စီး​ပွား​ရေး​နဲ့ ​လွှတ်​တော်​ရေး​ရာ​လုပ်​ငန်း​တွေ ​ပူး​တွဲ​ဆောင်​ရွက်​ဖို့ ​သ​ဘော​တူ​ညီ​ခဲ့​ကြ​ပါ​တယ်။
20131114-4-3​ဒီ​နေ့​ဆွေး​နွေး​ပွဲ​မှာ ​သ​မ္မ​တ ​ဦး​သိန်း​စိန်​နဲ့ ​အီး​ယူ​အ​ကြီး​အ​ကဲ ​ကတ်​သ​ရင်း ​အက်​ရှ်​တန်​တို့ ​သ​ဘော​တူ​ညီ​ချက် ​တ​ချို့​ကို ​လတ်​မှတ်​ရေး​ထိုး​ခဲ့​ပါ​တယ်။

သ​မ္မ​တ ​ဦး​သိန်း​စိန်​က ​မြန်​မာ​နိုင်​ငံ ​အ​ပြောင်း​အ​လဲ​အ​တွက် ​အီး​ယူ​အ​ဖွဲ့​ဝင်​နိုင်​ငံ​တွေ​ရဲ့ ​ကူ​ညီ​ပံ့​ပိုး​မှု​ကို ​ကျေး​ဇူး​တင်​တဲ့​အ​ကြောင်း​၊ ​အ​ပြောင်း​အ​လဲ​တွေ​အ​တွက် ​အ​လုပ်​အ​များ​အ​ပြား ​လုပ်​ဖို့​ရှိ​နေ​ကြောင်း ​ပြော​ဆို​ခဲ့​ပါ​တယ်။

လက်​မှတ်​ရေး​ထိုး​တဲ့​အ​ထဲ​မှာ ​ခ​ရီး​သွား​လုပ်​ငန်း​၊ ​အ​သေး​စား ​လုပ်​ငန်း​၊ ​ကုန်​ကြမ်း​နဲ့ ​သ​တ္တု​တူး​ဖော်​ရေး​၊ ​ပါ​လီ​မန် ​အ​ချင်း​ချင်း ​မိတ်​ဖက် ​ပူး​တွဲ ​အ​ပြန်​အ​လှယ် ​ဖ​လှယ်​ရေး ​ကြေ​ညာ​စာ​တမ်း ​စ​တဲ့ ​သ​ဘော​တူ​ညီ​ချက် ​မြန်​မာ​နိုင်​ငံ ​ရေ​ရှည်​ဖွံ့​ဖြိုး​ရေး​အ​တွက် ​အီး​ယူ​ရဲ့ ​ဘ​ဏ္ဍာ​ရေး​ဆိုင်​ရာ ​ကိ​စ္စ​တွေ ​လူ့​အ​ခွင့်​အ​ရေး​ဆိုင်​ရာ ​ကိ​စ္စ​တွေ​ကို ​လက်​မှတ်​ရေး​ထိုး​ခဲ့​တယ်​လို့​  ​လက်​မှတ်​ရေး​ထိုး​ပွဲ ​တက်​ရောက်​ခဲ့​တဲ့ ​ပြည်​သူ့​လွှတ်​တော် ​အ​မတ် ​ဦး​ရဲ​ထွန်း​က ​ပြော​ပါ​တယ်။

အဲ​ဒီ​နောက်​မှာ​တော့ ၂ ​ဘက် ​လွှတ်​တော် ​အ​ကြီး​အ​ကဲ​တွေ​က ​သ​ဘော​တူ​ညီ​ချက်​ကို ​လတ်​မှတ်​ရေး​ထိုး​ခဲ့​ပြီး ​အီး​ယူ​နဲ့ ​မြန်​မာ ​လွှတ်​တော် ​အ​မတ်​တွေ​က  ​ပါ​လီ​မန် ​ရေး​ရာ​ဆွေး​နွေး​ပွဲ​ကို ​ကျင်း​ပ​ခဲ့​သ​လို ​အ​ပြောင်း​အ​လဲ​တွေ​နဲ့ ​ဖက်​ဒ​ရယ်​စ​နစ်​ကို ​ဆွေး​နွေး​ခဲ့​တယ်​လို့ ​သူ​က ​အ​ခု​လို ​ပြော​ပါ​တယ်။

“​ပါ​လီ​မန်​ဆိုင်​ရာ ​လက်​မှတ်​ရေး​ထိုး​တဲ့ ​ကိ​စ္စ​မှာ​က​တော့ ​အ​သေး​စိတ် ​ဖော်​ပြ​မ​ထား​ပေ​မယ့် ​ဥ​ရော​ပ ​ပါ​လီ​မန်​နဲ့ ​မြန်​မာ ​ပါ​လီ​မန်​တွေ​ကြား​မှာ ​နောက်​ပိုင်း​မှာ ​အ​ပြန်​အ​လှန် ​ကူး​လူး​ဆက်​ဆံ​ဖို့ ​အ​ပြန်​အ​လှန် ​ကူ​ညီ​ဖို့ ​နောက်​ပိုင်း​မှာ ​အဲ​ဒီ​အ​ချက်​တွေ ​ပါ​လိမ့်​မယ်​လို့ ​ကျ​နော်​ယူ​ဆ​တယ်။ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က​တော့ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို ​ပြင်​ဆင်​ဖို့ ​လေ့​လာ​သုံး​သပ်​တာ​တွေ ​လုပ်​နေ​တာ​တွေ​ရှိ​တယ်။ ​သို့​သော် ​ကျ​နော်​တို့​မှာ​က ​ပြင်​ဆင်​ဖို့ ​ခက်​လောက်​အောင်​ကို ၇၅ ​ရာ​ခိုင်​နှုန်း​ကျော် ​သတ်​မှတ်​ထား​တယ်​ပေါ့​နော်။ ​အီး​ယူ​ပါ​လီ​မန်​အ​မတ်​တွေ​က​လည်း ​အ​ရင်​ကွန်​မြူ​နစ်​နိုင်​ငံ ​တိုင်း​ပြည်​တွေ​က ​အ​မတ်​တွေ​ဖြစ်​တော့ ​ကျ​နော်​တို့​နဲ့ ​နည်း​နည်း​ဆင်​တယ်​ပေါ့​ဗျာ။ ​သူ​တို့​ဆီ​မှာ​လည်း ​တ​ချို့ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​က ​ပြင်​ဖို့ ​ခက်​နေ​တယ်​လို့ ​သူ​တို့​ပြော​တယ်။ ​ဘာ​ဖြစ်​လို့ ​ခက်​နေ​လည်း​ဆို​တော့ ​အ​နိုင်​ရ​တဲ့ ​ပါ​တီ​က ​အ​မတ်​တွေ​က ​မ​ပြင်​ချင်​ဘူး​ပေါ့​။ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြင်​ဖို့​အ​တွက် ​လို​အပ်​တဲ့​မဲ​က ​သုံး​ပုံ ​နှစ်​ပုံ​ပဲ ​သတ်​မှတ်​ထား​တာ​ဗျ။ ​ကျ​နော်​တို့​ထက်​တော့ ​ပို​ပြီး​တော့ ​လွယ်​ပါ​တယ်။”

မွန်း​လွဲ​ပိုင်း​  ​ကျင်း​ပ​တဲ့​  ​နိုင်​ငံ​ရေး​ဖို​ရမ်​မှာ​တော့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်၊ ​ဦး​အောင်​မင်း​တို့ ​တက်​ရောက်​ခဲ့​ပြီး ​ငြိမ်း​ချမ်း​ရေး​၊ ​မြေ​ယာ၊ ​အ​ခြေ​ခံ ​ဥ​ပ​ဒေ ​ကိ​စ္စ  ​ဖွံ့​ဖြို​တိုး​တက်​ရေး​ဆိုင်​ရာ ​ကိ​စ္စ​တွေ​ကို ​ဆွေး​နွေး​ခဲ့​တယ်​လို့ ​ဆွေး​နွေး​ပွဲ ​တက်​ရောက်​တဲ့ ​ငြိမ်း​ချမ်း​ရေး ​အ​ကျိုး​ဆောင် ​ဦး​လှ​မောင်ေ​ရွှ​က ​ပြော​ပါ​တယ်။

“​ကျ​နော်​တို့​နိုင်​ငံ​ရဲ့ ၃ ​နှစ်​တာ ​ကာ​လ​အ​တွင်း​မှာ ​ပြောင်း​လဲ​မှု ​အ​များ​ကြီး​တော့ ​ကျ​နော်​တို့ ​လုပ်​ကြ​ရ​အုံး​မယ်။ ​ဒါ​ပေ​မယ့် ​ဒီ​လို​မျိုး ​အီး​ယူ​လို ​လွန်​ခဲ့​တဲ့ ၄ ​နှစ်​က ​ကျ​နော်​တို့​ကို ​စီး​ပွား​ရေး ​ပိတ်​ဆို့​မှု​တွေ ​လုပ်​ထား​တယ်။ ​အ​ခု​ကျ​နော်​တို့​ကို ​ကူ​ညီ​တဲ့​အ​နေ​နဲ့ ​အ​တူ​တူ​အ​လုပ်​လုပ်​ဖို့ ​ကြိုး​စား​နေ​တယ်။ ​ဒီ​လို ​ဖော်​ရမ်​လို​ဟာ​မျိုး​မှာ ​အား​လုံး​၀ိုင်း​ပြီး​တော့ ​မ​တူ​တဲ့ ​ရှု​ထောင့်​က​နေ ​ဆွေး​နွေး​နိုင်​တာ​ကေ​ရှ့​မှာ ​ကျ​နော်​တို့​ရဲ့ ​ပြု​ပြင်​ပြောင်း​လဲ​မှု​မှာ​လည်း ​ယ​ဉ်​ကျေး​မှု​အ​သစ်​တ​ခု ​လေ့​ကျင့်​မှု​တ​ခု ​စ​ပြီး​ဆောင်​ရွက်​တဲ့ ​အ​လုပ်​လို့ ​ကျ​နော်​တို့​နား​လည်​တယ်။”

မြန်​မာ​နိုင်​ငံ​မှာ ​ပ​ထ​မ​ဆုံး​အ​ကြိမ်​ကျင်း​ပ​တဲ့ ​အီး​ယူ- ​မြန်​မာ​အ​ထူး ​လုပ်​ငန်း​အ​ဖွဲ့​ရဲ့ ​နိုင်​ငံ​ရေး​နဲ့ ​စီး​ပွား​ရေး ​ဖို​ရမ် ​ဆွေး​နွေး​ပွဲ​တွေ​ကို   ​နိုဝင်​ဘာ​လ ၁၃ ​ရက်​နေ့​က​နေ ၁၅ ​ရက်​အ​ထိ  ​ရန်​ကုန်​နဲ့ ​နေ​ပြည်​တော်​မှာ ​ကျင်း​ပ​နေ​တာ​ဖြစ်​ပါ​တယ်။

ရန်​ကုန်​မှာ ​ပြု​လုပ်​တဲ့​  ​ဆွေး​နွေး​ပွဲ​တွေ​မှာ​တော့ ​မြန်​မာ့​ပြည်  ​ကျေး​လက်​ဒေ​သ​ဖွံ့​ဖြိုး​ရေး​၊ ​ငြိမ်း​ချမ်း​ရေး​နဲ့ ​ပ​ညာ​ရေး​လုပ်​ငန်း​တွေ​မှာ ​ဖွံ့​ဖြိုး​တိုး​တက်​စေ​ဖို့​  ၂၀၀၄ ​ခု​နှစ်​က​နေ ၂၀၂၀​ပြည့်​နှစ်​ထိ ​နှစ်​စ​ဉ် ​ယူ​ယို​ငွေ ​သန်း​  ၉၀   ​ကူ​ညီ​ပေး​ သွား​မယ်​လို့ ​ကြေ​ညာ​ထား​ပါ​တယ်။

DVB

No comments:

Post a Comment