Friday 15 November 2013

မြန်မာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ကလင်တန် ဖောင်ဒေးရှင်း ကူညီမည်

သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်တို့ ယမန်နေ့က တွေ့ဆုံပြီး၊ ကလင်တန် ဖောင်ဒေးရှင်းနှင့် မြန်မာအစိုးရ နီးကပ်စွာပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ငြိမ်း
ချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ HIV, AIDS, TB ရော ဂါ ဝေဒနာရှင်များ အတွက် ဆေး ၀ါးဖြန့်ဖြူးရေး၊ ပဋိပက္ခ ဒေသများ၌ လယ်ယာလုပ်ငန်း ဖွံ့ဖြိုးရေး၊ ၅ နှစ်အောက် ကလေးငယ်များ၊ မွေး ကင်းစ ကလေးငယ်များနှင့် မိခင်များသေ ဆုံးမှု လျော့ ကျရေး စသည့် လုပ်ငန်းများ အတွက် ငွေကြေးနှင့် အထောက်အကူပြု သင် တန်းပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ ၌ ဖော်ပြထားသည်။ ဘီလ်ကလင်တန်သည် သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်း စုကြည် တို့ နှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဧရာဝတီ

No comments:

Post a Comment