Friday 15 November 2013

ရည်းစားကိုသားမယားကျင့်ကာ အ၀တ်မဲ့ပုံများ ညီမထံပို့ခဲ့သူအား အီလက်ထရွန်နစ်ဥပဒေဖြင့် ထပ်မံအမှုဖွင့်အရေးယူ

နေပြည်တော် ပျဉ်းမနားရဲစခန်းအပိုင်နယ်မြေတွင် ရည်းစားဖြစ်သူကို အလိုမတူဘဲ သားမယားပြုကျင့်ပြီး အ၀တ်အစားမဲ့ဓာတ်ပုံရိုက်ကာ အွန်လိုင်းမှ ညီမဖြစ်သူထံပေးပို့ခဲ့သည့် အသက်(၂၇)နှစ်ရှိ ကုမ္ပဏီ ၀န်ထမ်း အမျိုးသားအား အမှုဖြစ်ပွားစဉ်က မုဒိမ်းမှုဖြင့် အမှုဖွင့်ခဲ့ပြီး  ယခုအခါတွင် စစ်ဆေးပေါ်ပေါက် ချက် အရ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မအရပါ နိုဝင်ဘာ ၁၃ ရက် ညနေက ထပ်မံအမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ နေပြည်တော် ပျဉ်းမနား၊ အောင်မင်္ဂလာ (၂)လမ်းနေ ပြည့်ဖြိုးအောင်သည် ရည်းစားဖြစ်သူကို သြဂုတ် ၂၇ ရက်က လူကြားထဲ ဆဲဆိုကြိမ်းဝါးကာ နေထိုင်ရာအိမ်သို့ ဆိုင်ကယ်ဖြင့်ခေါ်ဆောင်သွားပြီး သားမယားအဖြစ်ပြုကျင့်ကာ အ၀တ်မဲ့ဓာတ်ပုံများကို အလိုမတူဘဲ လက်ပြန်ကြိုးတုပ်ကာ ရိုက်ကူးခဲ့ပြီး ထိုပုံကို ရည်းစား၏ညီမဖြစ်သူထံ ပို့ခဲ့သည်။

ထို့အတွက် ညီမဖြစ်သူက တိုင်တန်းခဲ့ရာ သြဂုတ်လတွင် ပြစ်မှုပုဒ်မ ၃၇၆ (မုဒိမ်းမှု)ဖြင့် အမှုဖွင့်ဖမ်းဆီး ခဲ့ရ သည်ဟု ဆိုသည်။

အမှုကို ပျဉ်းမနားမြို့မရဲစခန်းမှူးကိုယ်တိုင် စစ်ဆေးပြီး တရားစွဲဆိုတင်ပို့ရာတွင် ပြည့်ဖြိုးအောင် ၏ ပြု မူဆောင်ရွက်ချက်သည် ၂၀၀၄ ခုနှစ် အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေးအက်ဥပဒေပုဒ်မ ၃၄(ဃ)အရ ပုဂ္ဂိုလ်တစ်ဦးဦး၏ ဂုဏ်သိက္ခာညှိုးနွမ်းကျဆင်းအောင် ကာယကံရှင်၏ အ၀တ်အစားမဲ့ဓာတ် ပုံ များအား ထုတ်လွှင့်ခြင်းဖြင့် ပြစ်မှုကျူးလွန်ရာရောက်ကြောင်း သုံးသပ်သဖြင့် အဆိုပါအက်ဥပဒေဖြင့်ပါ ထပ်မံတရားစွဲဆိုသင့်ကြောင်း ဥပဒေအကြံပြုပြန်ကြားခဲ့သည်။

နဂိုမူလအမှုဖွင့်ထားရာ ပြစ်မှုပုဒ်မ ၃၇၆ အပြင် နိုဝင်ဘာ ၁၃ ရက်တွင်၂၀၀၄ ခုနှစ် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးအက်ဥပဒေပုဒ်မ ၃၄(ဃ)ပါ ထပ်မံအမှုဖွင့်ထားကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြ ပါရှိသည်။

7day Daily

No comments:

Post a Comment