Friday 15 November 2013

ရွှေသားအတိပြီးသော ကမ္ဘာ့ဖလား FIFA WORLD CUP ကို မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ဒီဇင်ဘာ(၂၇)ရက်နေ့တွင် ကြည့်ရှုနိုင်တော့မည်

ရွှေသားအတိပြီးသောကမ္ဘာ့ဖလား FIFA WORLD CUP ပြပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ဒီဇင်ဘာ(၂၇)ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ ကျင်းပသွားမည်ဟု သိရသည်။
အလေးချိန်(၆၁၇၅)ဂရမ်ရှိပြီး (၁၈)ကာရက်နှင့် ရွှေအတိသွန်းလုပ်ထားသော FIFA WORLD CUP ဆုဖလားသည် ကိုကာကိုလာ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း စီစဉ်သော FIFA WORLD CUP ဆုဖလားခရီးစဉ်အရ မြန်မာနိုင်ငံကို ဒီဇင်ဘာ(၂၅)ရက်တွင် စတင်ရောက် ရှိ လာမည်ဖြစ်သည်။

အစီအစဉ်နှင့်ပတ်သက်၍ ကိုကာကိုလာ မြန်မာ၏ အရောင်းမြှင့်တင်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက“ ဆုဖလားခရီးစဉ်ရောက်ရှိရာနေရာ တိုင်းမှာချက်ချင်းဓါတ်ပုံထုတ် ချက်ချင်းကြည့်နိုင်အောင်စီစဉ် ထားပါ တယ်။

အားလုံးစိတ်ဝင်စားကြတဲ့ရောင်စဉ်တန်းများနဲ့ပုံဖော်မှု(hologram)အစီစဉ်ကိုမြင်တွေ့တဲ့ အခါဘောလုံး ၀ါသနာ ရှင်တွေရဲ့စိတ်ကိုဖမ်းစားနိုင်မှာ အသေချာပါပဲ” ဟုပြောကြားခဲ့သည်။ ကမ္ဘာ့နိုင်ငံပေါင်း(၈၉)နိုင်ငံ တွင် လှည့်လည်ပြသမည့် FIFA WORLD CUP ဆုဖလား ခရီးစဉ်တွင် ဆုဖလားကို တစ်ခါမျှ ပြသဖူးခြင်းမရှိသော မြန်မာနိုင်ငံအပါဝင် နိုင်ငံပေါင်း (၅၀) ပါဝင်သည်ဟုလည်း သိရသည်။ FIFA World Cup ၏ ဆုဖလားခရီးစဉ်ကို ပြီးခဲ့သည့် စက်တင် ဘာလက ဘရာဇီးနိုင်ငံတွင် စတင်ခဲ့ပြီး ယခုအကြိမ်သည် ကိုကာကိုလာနှင့် FIFA တို့ပူးပေါင်းဆောင် ရွက်သော တတိယအကြိမ်ကမ္ဘာတစ်ဝှမ်း လှည့်လည်ပြသသော ဆုဖလားခရီးစဉ် ဖြစ်သည်ဟု သိရသည်။

SkyNet TV Browser

No comments:

Post a Comment