Friday 15 November 2013

ငြိမ်းချမ်းရေးအဖွဲ့အစည်းပိုင်နံပါတ်ပြားတပ်ဆင်ကာ မောင်းနှင်နေသော လိုင်စင်မဲ့ယာဉ်များကို ပို့ကုန်/သွင်းကုန်ဥပဒေဖြင့်အရေးယူသွားမည်

Photo: ငြိမ်းချမ်းရေးအဖွဲ့အစည်းပိုင်နံပါတ်ပြားတပ်ဆင်ကာ မောင်းနှင်နေသော
လိုင်စင်မဲ့ယာဉ်များကို ပို့ကုန်/သွင်းကုန်ဥပဒေဖြင့်အရေးယူသွားမည်
Friday, November 15, 2013

ငြိမ်းချမ်းရေးအဖွဲ့အစည်းပိုင် ယာဉ်နံပါတ် ပြားဖြင့်မောင်းနှင်သော လိုင်စင်မဲ့ယာဉ်များကို ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် သိမ်းဆည်းအရေးယူ သွားမည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန က တရားဝင်ထုတ်ပေးထားခြင်းမရှိသော ယာဉ် များကို ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများက ပိုင်ဆိုင် သည့် ယာဉ်နံပါတ်ပြားတပ်ဆင်ကာ လိမ်လည် စီးနင်းမှုများရှိနေသည့်အတွက်ကြောင့်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
ငြိမ်းချမ်းရေးအဖွဲ့အစည်းပိုင်ယာဉ်များကို ၂ဝ၁၂ခုနှစ် မေလမှစတင်၍ တရားဝင်မှတ်ပုံတင် များလုပ်ပေးခဲ့ကာ လက်ရှိအချိန်တွင် ယာဉ်မှတ် ပုံတင်ထုတ်ပေးခြင်းမရှိကြောင်း၊ အဖွဲ့အစည်း တံဆိပ်ဖြင့် ခွင့်ပြုချက်မဲ့ယာဉ်များကို ၄င်းတို့ သက်ဆိုင်ရာပြည်နယ်များတွင်လည်း စီးနင်းခွင့် ပြုမထားကြောင်း ၄င်းကဆက်ပြောသည်။

အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ''ဒီလိုမျိုး အထောက်အထားမရှိတဲ့ယာဉ်တွေ တွေ့ရှိရင် စိစစ်ဖမ်းဆီးပြီးတော့ ယာဉ်ကို နိုင်ငံပိုင်သိမ်းပြီး ယာဉ်မောင်းကို ပို့ကုန်/သွင်းကုန်ဥပဒေနဲ့ အရေး ယူသွားမှာပါ''ဟုပြောသည်။

ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ပုဇွန် တောင်မြို့နယ် မဟာဗန္ဓုလတံတားအဆင်း အိုး ရှင်းမှတ်တိုင်အနီးတွင် ဏဃ ၄ဂ/.... နံပါတ် အပြာရောင်တပ်ဆင်ထားသော Honda အမျိုး အစား အဖြူရောင်ယာဉ်အား စစ်ဆေးဖမ်းဆီးရာ ယာဉ်နှင့်ပတ်သက်၍တရားဝင်အထောက်အထား မပြနိုင်ဘဲ KNU/KNLA Peace Council တပ် ပိုင်ယာဉ်ထောက်ခံစာတစ်စောင်သာပြသနိုင်သဖြင့် တရားမဝင်မော်တော်ယာဉ်နှင့်အတူတွေ့ရှိရသော ကျော်ကျော်မင်းကို ပုဇွန်တောင် မြို့မရဲစခန်းက (ပ)၂၄၆/၂ဝ၁၃၊ ပို့ကုန်/သွင်းကုန် ပုဒ်မ(၈)နှင့် ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

The Union Daily
ငြိမ်းချမ်းရေးအဖွဲ့အစည်းပိုင် ယာဉ်နံပါတ် ပြားဖြင့်မောင်းနှင်သော လိုင်စင်မဲ့ယာဉ်များကို ပို့ကုန်/သွင်း ကုန် ဥပဒေဖြင့် သိမ်းဆည်းအရေးယူသွားမည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက တရားဝင်ထုတ်ပေးထားခြင်းမရှိသော ယာဉ်များကို ငြိမ်း ချမ်းရေး ရယူထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ပိုင်ဆိုင်သည့် ယာဉ်နံပါတ်ပြား တပ်ဆင်ကာ လိမ်လည် စီးနင်းမှုများရှိနေသည့်အတွက်ကြောင့်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ငြိမ်းချမ်းရေးအဖွဲ့အစည်းပိုင်ယာဉ်များကို ၂ဝ၁၂ခုနှစ် မေလမှစတင်၍ တရားဝင်မှတ်ပုံတင် များလုပ်ပေး ခဲ့ကာ လက်ရှိအချိန်တွင် ယာဉ်မှတ်ပုံတင်ထုတ်ပေးခြင်းမရှိကြောင်း၊ အဖွဲ့အစည်း တံဆိပ်ဖြင့်ခွင့်ပြုချက် မဲ့ယာဉ်များကို ၄င်းတို့ သက်ဆိုင်ရာပြည်နယ်များတွင်လည်း စီးနင်းခွင့် ပြုမထားကြောင်း ၄င်းက ဆက်ပြော သည်။

အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ''ဒီလိုမျိုး အထောက်အထား မရှိတဲ့ ယာဉ်တွေ တွေ့ရှိရင် စိစစ်ဖမ်းဆီးပြီးတော့ ယာဉ်ကို နိုင်ငံပိုင်သိမ်းပြီး ယာဉ်မောင်းကို ပို့ကုန်/ သွင်းကုန် ဥပဒေနဲ့ အရေး ယူသွားမှာပါ''ဟုပြောသည်။

ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ပုဇွန် တောင်မြို့နယ် မဟာဗန္ဓုလတံတားအဆင်း အိုး ရှင်းမှတ်တိုင် အနီးတွင် ဏဃ ၄ဂ/.... နံပါတ် အပြာရောင်တပ်ဆင်ထားသော Honda အမျိုးအစားအဖြူရောင် ယာဉ် အား စစ်ဆေးဖမ်းဆီးရာ ယာဉ်နှင့်ပတ်သက်၍တရားဝင်အထောက်အထား မပြနိုင်ဘဲ KNU/KNLA Peace Council တပ်ပိုင်ယာဉ်ထောက်ခံစာတစ်စောင်သာပြသနိုင်သဖြင့် တရားမဝင်မော်တော် ယာဉ်နှင့် အတူတွေ့ ရှိ ရသော ကျော်ကျော်မင်းကို ပုဇွန်တောင် မြို့မရဲစခန်းက (ပ)၂၄၆/၂ဝ၁၃၊ ပို့ကုန်/သွင်းကုန် ပုဒ်မ (၈)နှင့် ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

The Union Daily

No comments:

Post a Comment