Wednesday 21 August 2013

သီလ၀ါ ဘက်စုံစီမံကိန်းတွင် ပါဝင်သော ရန်ကုန်-သီလ၀ါတံတား စီမံကိန်းကို ဂျပန် ITOCHU Corporation က တည်ဆောက်မည်

Photo: သီလ၀ါ ဘက်စုံစီမံကိန်းတွင် ပါဝင်သော ရန်ကုန်-သီလ၀ါတံတား စီမံကိန်းကို ဂျပန် ITOCHU Corporation က တည်ဆောက်မည်
Wednesday, August 21, 2013

သီလ၀ါ ဘက်စုံစီမံကိန်းတွင် ပါဝင်သော ရန်ကုန်-သီလ၀ါတံတား စီမံကိန်းကို ဂျပန်နိုင်ငံ အခြေစိုက် ITOCHU Corporation က တည်ဆောက်မည်ဖြစ်
ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတံတား တည်ဆောက်မည့် စီမံကိန်းနှင့် ပတ်သက်၍ ITOCHU Corporation မှ Mr. Koji Umemoto နှင့် အဖွဲ့သည် ဆောက်လုပ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်နှင့် သြဂုတ် ၁၅ ရက်က
 တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် ဒေသတွင် ဂျပန်နိုင်ငံမှ သီလ၀ါ စက်မှုအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဇုန် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများ အပါအ၀င် ဘက်စုံလုပ်ငန်းသစ်များ
 ဆောင်ရွက်သွားမည်ဖြစ်ပြီး ပဲခူးမြစ်ကိုဖြတ်ပြီး ရန်ကုန်-သီလ၀ါ တံတားသစ်ကိုလည်း ထပ်မံတည်ဆောက်မည် ဖြစ်သည်။

အဆိုပါတံတား တည်ဆောက်ပြီးပါက ရန်ကုန်မြို့နှင့် သန်လျင်၊
 ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်နှင့် သီလ၀ါဒေသတို့အကြား တံတား
သုံးစင်းဖြင့် ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး ယခုဆောက်လုပ်မည့် တံတားတည်နေရာကို ထုတ်ပြန်ကြေညာခြင်း မပြုသေးကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း လုပ်ဆောင်မည့် လုပ်ငန်းများအနက် ဦးစားပေး လုပ်ငန်းများဖြစ်သော ငမိုးရိပ်ချောင်း တံတားသစ် (ပုဇွန်တောင်-ဒေါပုံ)၊ ပဲခူးမြစ်ကူး ရန်ကုန်-သီလ၀ါ တံတားသစ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ရန်ကုန်မြို့ အိုးအိမ်နှင့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများကို စတင်ဆောင်ရွက်မည် ဖြစ်သည်။

အဆိုပါ လမ်းတံတား စီမံကိန်းများ၊ စက်မှုဇုန်၊ ရေနက်ဆိပ်ကမ်း၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှု စီမံကိန်း စသည့်အခြေခံ အဆောက်အဦဆိုင်ရာ စီမံကိန်းများကို ဂျပန်အစိုးရ၏ ကူညီထောက်ပံ့ငွေများ၊ ချေးငွေ
များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ဘဏ္ဍာရေးနှစ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ချေးငွေ အမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၈၆ သန်း ထုတ်ချေးသွားမည်ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၉၈၀ ကျော် ထုတ်ချေးရန် ဂျပန်အစိုးရက သဘောတူထားသည်။

ITOCHU Corporation သည် အခြားဂျပန် ထိပ်တန်းလုပ်ငန်း တစ်ခုဖြစ်သော Marubeni ကော်ပိုရေးရှင်းနှင့် ညီနောင်လုပ်ငန်း တစ်ခုဖြစ်သည်။ ITOCHU ကို ၁၈၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အိုဆာကာနှင့် တိုကျိုမြို့တို့တွင် အခြေစိုက်ထားသည်။

ယင်းကုမ္ပဏီနှင့် ဆက်နွှယ်မှုရှိနေသည့် Marubeni ကော်ပိုရေးရှင်း
ကလည်း မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ မီးရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် သီလ၀ါ အထူးစီးပွားရေးဇုန် အခြေခံအဆောက်အဦ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။

eleven media group
သီလ၀ါ ဘက်စုံစီမံကိန်းတွင် ပါဝင်သော ရန်ကုန်-သီလ၀ါတံတား စီမံကိန်းကို ဂျပန်နိုင်ငံ အခြေစိုက် ITOCHU Corporation က တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတံတား တည်ဆောက်မည့် စီမံကိန်းနှင့် ပတ်သက်၍ ITOCHU Corporation မှ Mr. Koji Umemoto နှင့် အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်နှင့် သြဂုတ် ၁၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် ဒေသတွင် ဂျပန်နိုင်ငံမှ သီလ၀ါ စက်မှုအခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး၊ စက်မှုဇုန် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများ အပါအ၀င် ဘက်စုံလုပ်ငန်း သစ်များ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပဲခူးမြစ်ကိုဖြတ်ပြီး ရန်ကုန်-သီလ၀ါ တံတားသစ်ကိုလည်း ထပ်မံ တည်ဆောက်မည် ဖြစ်သည်။

အဆိုပါတံတား တည်ဆောက်ပြီးပါက ရန်ကုန်မြို့နှင့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်နှင့် သီလ၀ါဒေသတို့အကြား တံတားသုံးစင်းဖြင့် ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး ယခုဆောက်လုပ်မည့် တံတားတည်နေရာကို ထုတ်ပြန်ကြေညာခြင်း မပြုသေးကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း လုပ်ဆောင်မည့် လုပ်ငန်းများအနက် ဦးစားပေး လုပ်ငန်းများဖြစ်သော ငမိုးရိပ်ချောင်း တံတားသစ် (ပုဇွန်တောင်-ဒေါပုံ)၊ ပဲခူးမြစ်ကူး ရန်ကုန်-သီလ၀ါ တံတားသစ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ရန်ကုန်မြို့ အိုးအိမ်နှင့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်း များ ကို စတင်ဆောင်ရွက်မည် ဖြစ်သည်။

အဆိုပါ လမ်းတံတား စီမံကိန်းများ၊ စက်မှုဇုန်၊ ရေနက်ဆိပ်ကမ်း၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှု စီမံကိန်း စသည့် အခြေခံ အဆောက်အဦဆိုင်ရာ စီမံကိန်းများကို ဂျပန်အစိုးရ၏ ကူညီထောက်ပံ့ငွေများ၊ ချေးငွေ များဖြင့် ဆောင် ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ဘဏ္ဍာရေးနှစ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ချေးငွေ အမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၈၆ သန်း ထုတ်ချေးသွားမည်ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ အမေရိကန်ဒေါ်လာ သန်း ၉၈၀ ကျော် ထုတ်ချေးရန် ဂျပန်အစိုးရက သဘောတူထားသည်။

ITOCHU Corporation သည် အခြားဂျပန်ထိပ်တန်းလုပ်ငန်း တစ်ခုဖြစ်သောMarubeni ကော်ပိုရေးရှင်းနှင့် ညီနောင်လုပ်ငန်း တစ်ခုဖြစ်သည်။ ITOCHU ကို ၁၈၅၈ ခုနှစ်တွင် စတင် တည်ထောင် ခဲ့ပြီး အိုဆာကာနှင့် တိုကျိုမြို့တို့တွင် အခြေစိုက်ထားသည်။

ယင်းကုမ္ပဏီနှင့် ဆက်နွှယ်မှုရှိနေသည့် Marubeni ကော်ပိုရေးရှင်းကလည်း မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ မီးရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် သီလ၀ါ အထူးစီးပွားရေးဇုန် အခြေခံအဆောက်အဦ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။

Eleven Media Group

No comments:

Post a Comment