Wednesday 21 August 2013

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် ဆေးရုံ၊ ဆေးခန်း များတွင် နိုင်ငံခြား/နိုင်ငံသား ထည့်ဝင်မှုကို ၇၀း၃၀ အချိုးအထိသာ ခွင့်ပြုမည်ဟု ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား

BB-21-8
ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် ဆေးရုံ၊ ဆေးခန်း များတွင် နိုင်ငံခြား/နိုင်ငံသား ထည့်ဝင်မှုကို ၇၀း၃၀ ရာခိုင်နှုန်း အထိသာ ခွင့်ပြုမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာသိန်းသိန်းဌေး က သြဂုတ် ၂၀ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ပြောကြားခဲ့သည်။
ရွှေဘိုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်သန်း မေးမြန်းသည့် "ပြောင်းလဲ လာသော ခေတ်စနစ်နှင့်အညီ ဖြစ်ထွန်းပေါ်ပေါက်လာမည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက် ၍ မည်ကဲ့သို့ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသည်" နှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြန်လည်ဖြေ ကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာသိန်းသိန်းဌေးက "ကျန်းမာရေး ၀န်ဆောင်မှု ကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက် မည့် ဆေးရုံ/ဆေးခန်းများတွင် နိုင်ငံခြား/နိုင်ငံသား ထည့်ဝင်မှု (၇၀း၃၀) အချိုးအထိသာ လက်ခံဆောင်ရွက်မည် ဖြစ်သဖြင့် အဆိုပါလုပ်ငန်းများတွင် နိုင်ငံသား ကျန်းမာရေး စောင့်ရှောက်မှု ပေးသူများဖြစ်သည့် ဆရာဝန်/သူနာပြု/ကျွမ်းကျင် ၀န်ထမ်းများ၏ အလုပ် အကိုင် အခွင့်အလမ်း တိုးတက် ရရှိ လာမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

အစိုးရ၊ ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍသည် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု အခြေ အနေတွင် လွှမ်းခြုံမှုများပြား ကာ ရောဂါ ကာကွယ်ရေး၊ ကုသရေး၊ ပြန်လည်ထူထောင်ရေး စသည့်ကဏ္ဍ အသီးသီးကို ဆောင်ရွက်လျက် ရှိပါသဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆေးရုံ/ဆေး ခန်း ပေါ်ထွန်းလာသည့် တိုင် ဆက်လက်အရေးပါနေမည်ဟု ဆက်လက်ပြောကြားခဲ့သည်။

ယခုလက်ရှိ အခြေအနေတွင် ပုဂ္ဂလိက ဆေးရုံများတွင် တာဝန် ထမ်းဆောင်နေ သည့် ဆရာဝန်/သူနာပြု/ကျွမ်းကျင်ဝန်ထမ်း အများစုသည် ပြည်သူ့ဆေးရုံကြီးများမှ ဖြစ်နေသဖြင့် ပုဂ္ဂလိက လုပ်ငန်းများမှ လိုအပ် သည့်အချိန်တွင် လိုအပ်သလို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အခက်အခဲများရှိနေကြောင်း၊ အဆိုပါ ပြဿနာအတွက် ပုဂ္ဂလိက ဆေးရုံများတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်မည့် တာဝန်ကျ ဆရာဝန်၊ အထူးကု ဆရာဝန်ကြီးများအား တိုးတက်ခန့်ထားရေး ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ၀န်ကြီး က ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၂-၂၀၁၃ ခု ဘဏ္ဍာနှစ်တွင် တိုးမြင့်ရရှိသော ဆေးဝါးဝယ်ယူရန် ရန်ပုံငွေကျပ် ၇၃ ဒသမ ၂၆ ဘီလီလျံကို အသုံးပြုလျက် ဆေးနှင့်ဆေးပစ္စည်းများဝယ်ယူရေးအဖွဲ့များ ဖွဲ့စည်းကာ အိတ်ဖွင့်တင်ဒါများ ခေါ်ယူဆောင်ရွက်ခဲ့ပြီး ယခုအခါ ပြည်သူ့ဆေးရုံကြီးများတွင် အရေးပေါ် လူ နာ၊ သားဖွားလူနာနှင့်အသက်ငါးနှစ်အောက် ကလေးများကို အခမဲ့ကုသပေးနေကြောင်း ပြောကြားခဲ့သည်။

Eleven Me Group

No comments:

Post a Comment