Wednesday 21 August 2013

ကမ်းရိုးတန်းသွား ပြည်တွင်းရေယာဉ်များကို စစ်ဆေးရာတွင် လိုင်စင်အလွဲ၊ အပိုများဖြင့် တရားမ၀င် တင်သွင်းမှုများကို စစ်ဆေးတွေ့ရှိ

Photo: ကမ်းရိုးတန်းသွား ပြည်တွင်းရေယာဉ်များကို စစ်ဆေးရာတွင် လိုင်စင်အလွဲ၊ အပိုများဖြင့် တရားမ၀င် တင်သွင်းမှုများကို စစ်ဆေးတွေ့ရှိ
Wednesday, August 21, 2013

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအတွက် ကမ်းရိုးတန်းသွား
 ပြည်တွင်းရေယာဉ်များကို စစ်ဆေးရာတွင် လိုင်စင်အလွဲ၊ အပိုတင်သွင်းမှုနှင့် တင်သွင်းခွင့် မပြုသည့် အရက်၊ ဘီယာများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းရရှိသည်။

ပင်လယ်ရေကြောင်းမှ တရားမ၀င် ကုန်သွယ်မှုအား တားဆီးထိန်းချုပ်ရန်
အတွက် ကမ်းရိုးတန်းသွား ပြည်တွင်းရေယာဉ်များကို သြဂုတ် ၁၂ ရက်မှ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်းနှင့် သြဂုတ် ၃၁ ရက်အထိ ပညာပေး ကာလဖြစ်ကြောင်း သိရသည်။

လိုင်စင်အလွဲ၊ အပိုသယ်ဆောင်လာမှုများကို ကော့သောင်း-ရန်ကုန်မှ ကမ်းရိုးတန်းသွား ရေယာဉ်တွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သွင်းကုန်ကြေညာလွှာပါ ပစ္စည်းနှင့် အမှန်တင်ဆောင်လာသော ပစ္စည်းများ ကွဲလွဲမှုကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလားတူ ရန်ကုန်-မြိတ်ခရီးစဉ်မှ ကမ်းရိုးတန်းသွား ရေယာဉ်တွင် တင်သွင်းခွင့် မပြုသည့် နိုင်ငံခြားဖြစ် ၀ီစကီများကို သိမ်းဆည်းနိုင်ခဲ့ပြီး အခြားနေရာမှ နိုင်ငံခြားဖြစ် ဘီယာများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး
 ကော့သောင်း၊ မြိတ်မြို့များ အပါအ၀င် အခြားမည်သည့် မြို့/ဆိပ်ကမ်းများမှ အခြားဆိပ်ကမ်းများသို့ ထွက်ခွာ/၀င်ရောက်လာသည့် ပြည်တွင်းကမ်းရိုး
တန်းသွား ရေယာဉ်များ အားလုံးသည် ရန်ကုန်တိုင်းဒေသကြီး ပင်လယ်ဝ (တော်ကလု)တွင် ရဲရင့်မာန်ရေယာဉ်နှင့် စောင့်ကြည့်စစ်ဆေးမှု ပြု
လုပ်နေသော Mobile Team အဖွဲ့သို့ ၀င်ရောက်စစ်ဆေး ခံရမည်ဖြစ်ပြီး စစ်ဆေးခံပြီးမှသာ လိုရာခရီးသို့ ဆက်လက်ထွက်ခွာခွင့် ပြု
မည်ဖြစ်ကြောင်းနှင့် ၀င်ရောက်စစ်ဆေးခံခြင်း မပြုဘဲ မောင်းပြေးမည်ဆိုပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ပင်လယ်ဝ (တောကလု)တွင် ၀င်ရောက်အစစ်ဆေးခံရမည့် ရေယာဉ်
များတွင် အပြည်ပြည်ဆိုင်ရာ ရေကြောင်းလိုင်းများမှ သင်္ဘောများမှအပ
 ပြည်တွင်းကမ်းရိုးတန်းသွား ရေယာဉ်များ၊ ခရီးသည်တင် ရေယာဉ်များ၊ ငါးဖမ်းရေယာဉ်များ၊ အမြန်ရေယာဉ်များ (ရှပ်ပြေး)နှင့် စက်မဲ့ရေယာဉ်တွဲများ ပါဝင်ကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရန်ကုန်ဆိပ်ကမ်းနယ်မြေ Mobile Team အဖွဲ့မှ ပင်လယ်ဝ (တော်ကလု)နှင့် ရန်ကုန်မြစ်၊ လှိုင်မြစ်အတွင်းရှိ ဆိပ်ကမ်းများတွင် စောင့်ကြည့်စစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကမ်းရိုးတန်းသွား ပြည်တွင်းရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ယုဇန၊ သာကေတဆိပ်ကမ်း၊ နန်းသီတာ၊ ၀ါးတန်း၊ ချောင်းဝ၊ ဘုရင့်နောင်နှင့် ဗားဂရာဆိပ်ကမ်းများတွင်လည်း စစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

eleven media group
တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအတွက် ကမ်းရိုးတန်းသွား ပြည်တွင်းရေယာဉ်များကို စစ်ဆေး ရာတွင် လိုင်စင်အလွဲ၊ အပိုတင်သွင်းမှုနှင့် တင်သွင်းခွင့် မပြုသည့် အရက်၊ ဘီယာများကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းရရှိသည်။

ပင်လယ်ရေကြောင်းမှ တရားမ၀င် ကုန်သွယ်မှုအား တားဆီးထိန်းချုပ်ရန်အတွက် ကမ်းရိုးတန်း သွား ပြည် တွင်းရေ ယာဉ် များကို သြဂုတ် ၁၂ ရက်မှ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်းနှင့် သြဂုတ် ၃၁ ရက်အထိ ပညာပေး ကာလဖြစ်ကြောင်း သိရသည်။

လိုင်စင်အလွဲ၊ အပိုသယ်ဆောင်လာမှုများကို ကော့သောင်း-ရန်ကုန်မှ ကမ်းရိုးတန်းသွား ရေယာဉ်တွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သွင်းကုန်ကြေညာလွှာပါ ပစ္စည်းနှင့် အမှန်တင်ဆောင်လာသော ပစ္စည်းများ ကွဲလွဲမှုကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလားတူ ရန်ကုန်-မြိတ်ခရီးစဉ်မှ ကမ်းရိုးတန်း သွား ရေယာဉ်တွင် တင်သွင်းခွင့် မပြုသည့် နိုင်ငံခြားဖြစ် ၀ီစကီများကို သိမ်းဆည်းနိုင်ခဲ့ပြီး အခြားနေရာ မှ နိုင်ငံခြားဖြစ် ဘီယာများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း၊ မြိတ်မြို့များ အပါအ၀င် အခြားမည်သည့် မြို့/ဆိပ်ကမ်းများမှ အခြားဆိပ်ကမ်းများသို့ ထွက်ခွာ/၀င်ရောက် လာသည့် ပြည်တွင်းကမ်းရိုးတန်းသွား ရေယာဉ်များ အားလုံးသည် ရန်ကုန်တိုင်းဒေသကြီး ပင်လယ်ဝ (တော်ကလု)တွင် ရဲရင့်မာန်ရေယာဉ်နှင့် စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်နေသော Mobile Team အဖွဲ့သို့ ၀င်ရောက်စစ်ဆေး ခံရမည်ဖြစ်ပြီး စစ်ဆေးခံပြီးမှသာ လိုရာခရီးသို့ ဆက်လက်ထွက်ခွာ ခွင့် ပြုမည်ဖြစ်ကြောင်းနှင့် ၀င်ရောက်စစ်ဆေးခံခြင်း မပြုဘဲ မောင်းပြေးမည်ဆိုပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ပင်လယ်ဝ (တောကလု)တွင် ၀င်ရောက်အစစ်ဆေးခံရမည့် ရေယာဉ်များတွင် အပြည်ပြည် ဆိုင်ရာ ရေကြောင်းလိုင်းများမှ သင်္ဘောများမှအပ ပြည်တွင်းကမ်းရိုးတန်းသွား ရေယာဉ်များ၊ ခရီးသည် တင် ရေယာဉ်များ၊ ငါးဖမ်းရေယာဉ်များ၊ အမြန်ရေယာဉ်များ (ရှပ်ပြေး)နှင့် စက်မဲ့ရေယာဉ်တွဲများ ပါဝင်ကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရန်ကုန်ဆိပ်ကမ်း နယ်မြေ Mobile Team အဖွဲ့မှ ပင်လယ်ဝ (တော်ကလု)နှင့် ရန်ကုန်မြစ်၊ လှိုင်မြစ်အတွင်းရှိ ဆိပ်ကမ်း များတွင် စောင့်ကြည့်စစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကမ်းရိုးတန်းသွား ပြည်တွင်းရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ယုဇန၊ သာကေတဆိပ်ကမ်း၊ နန်းသီတာ၊ ၀ါးတန်း၊ ချောင်းဝ၊ ဘုရင့်နောင်နှင့် ဗားဂရာဆိပ်ကမ်းများတွင်လည်း စစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment