Wednesday 21 August 2013

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ အရပ်ဘက် အဖွဲ့အစည်း၂၀၀ ကျော်မှ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းပေးရန် တောင်းဆို

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးအရ လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့် ပါဝင် သည် ဖြစ်သောကြောင့် အသင်းအဖွဲ့များဖွဲ့ရာတွင် လွတ်လပ်စွာဖွဲ့စည်းခွင့်ပေးသင့်ကြောင်း ယခု အသင်း အဖွဲ့များဆိုင်ရာ ဥပဒေမူကြမ်းသည်လည်း သီးခြားဥပဒေအနေဖြင့် ပြဌာန်းရန်မလိုကြောင်း ပြည်တွင်း အရပ် ဘက်အဖွဲ့အစည်း ၂၈၁ ဖွဲ့က အသင်းအဖွဲ့ ဥပဒေမူကြမ်းနှင့် ပတ်သက်ကာ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
အသင်းအဖွဲ့များဆိုင်ရာ ဥပဒေမူကြမ်းသည် သီးခြားဥပဒေ အနေဖြင့် ပြဌာန်း ရန် မလိုအပ်ဘဲ အကယ်၍ လွှတ်တော်က အသင်းအဖွဲ့များဆိုင်ရာ ဥပဒေအဖြစ် မဖြစ်မနေ ပြဌာန်းမည် ဆိုပါကလည်း ဥပဒေကြမ်း ပြုစု ချိန်တွင် အရပ်ဘက်အဖွဲ့အစည်းများအား ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့်ပြုရန် ယင်းဥပဒေသည်လည်း မိမိတို့ သဘောဆန္ဒအလျောက် မှတ်ပုံတင်လိုသော အဖွဲ့အစည်းများအတွက် မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ သာ ဖြစ် သင့်ကြောင်း ၎င်းတို့ကဆိုသည်။

ထို့အပြင် ယင်းဥပဒေမူကြမ်းနှင့် ပတ်သက်ကာ လွှတ်တော်အတွင်း ဆွေးနွေးမည် ဆိုပါကလည်း အရပ် ဘက် အဖွဲ့အစည်းများက အဆိုပြုထားသောအချက်များကို ထည့်သွင်းဆွေးနွေး ပေးသင့်သည်ဟူသော အချက်များပါဝင်သည့် ကြေညာချက်တစ်စောင်ကို ယခုလလယ်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ အရပ်ဘက် အဖွဲ့အစည်းများကို ချုပ်ချယ်မှုမရှိသည့် ဥပဒေဖြစ်ရေးအတွက် အဆိုပါဥပဒေကြမ်းကို လွှတ်တော် ၌ ဆွေးနွေး ဖွယ်ရှိကြောင်း မြန်မာမီဒီယာ စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှ သိရ သည်။ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းသည် ချုပ်ချယ်သည့် အချက်များ ပါနေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment