Wednesday 21 August 2013

မြန်မာ ပဋိပက္ခ အရင်းအမြစ် မဖြေရှင်းနိုင် ရင် ဒီထက် ဆိုးဝါးမယ်လို့ဆို

Photo: မြန်မာပဋိပက္ခအရင်းအမြစ် မဖြေရှင်းနိုင်ရင် ဒီထက်ဆိုးဝါးမယ်လို့ဆို
Wednesday, August 21, 2013

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ ခုအခါမှာ ငြိမ်သက်နေပြီ ဖြစ်ပေမယ့် ပြဿနာရဲ့ အရင်းအမြစ်ကို မဖြေရှင်းနိုင်ရင် ဒီထက် ဆိုးဝါးတဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်နိုင်တယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောလိုက်ပါတယ်။

Physicians for Human Rights PHR အဖွဲ့ရဲ့အဆိုအရ လူမျိုးရေး ဘာသာရေးအခြေခံတဲ့ မုန်းတီးမှုမျိုးကို ပျက်ပျယ်အောင် မလုပ်နိုင်ရင် နောင်ဖြစ်လာတဲ့ ပဋိပက္ခတွေက ဒီထက် ဆိုးဝါးပြီး လူသားများအပေါ် ကျူးလွန်တဲ့ ပြစ်မှု ဒါမှမဟုတ် လူမျိုးတုန်း သတ်ဖြတ်မှုအထိတောင် ဖြစ်ပေါ်နိုင်တယ်လို့ ပြောပါတယ်။

မကြာသေးခင်ကပဲ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အဖွဲ့က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေ မျိုးတုန်းသတ်ဖြတ်
ခံနေရတယ်လို့ စွပ်စွဲခဲ့ပါတယ်။

အခင်းစဖြစ်ခါစတုန်းက ရိုဟင်ဂျာ မွတ်စလင်တွေကိုသာ ပစ်မှတ်ထားခဲ့
ကြပေမယ့် နောက်ပိုင်းမှာ တခြားဒေသက မွတ်စလင်တွေကိုပါ ပစ်မှတ်ထားတာကို မြင်ရတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရကတော လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေမှာ လူတစ်ဦးဦးကနေ အမိန့်ပေးလို့ အမိန့်ကို တိုက်ရိုက်လိုက်နာလုပ်ကိုင်တဲ့ သက်သေသာဓကတွေ မတွေ့ရပေမယ့် ပြဿနာဖြစ်ပွားပုံတွေ၊ နှိပ်ကွပ်မှုပုံစံတွေ ဆင်တူတာ တွေ့ရတဲ့အတွက် လူတစ်ဦး တစ်ဖွဲ့ရဲ့ လမ်းညွန်မှုအတိုင်း လုပ်ကိုင်ကြသလို ဖြစ်နေတယ်လို့ PHR အဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင် နှစ်ဖက်စလုံး ပြစ်ဒဏ်ချမှတ်ခံရတာကို သိပေမယ့် မွတ်စလင်တွေက ထောင်ဒဏ်သက်တမ်း ကြာမြှင့်စွာ ချမှတ်ခံထားရတာ ပိုများတဲ့အပြင် မွတ်စလင်တွေ ဖမ်းဆီးခံရမှု ပိုများတယ်လို့ PHR အဖွဲ့ရဲ့ ဒါရိုက်တာ ဝီလီယံ ဒါဗိစ်က ပြောပါတယ်။

ABC
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ ခုအခါမှာ ငြိမ်သက်နေ ပြီ ဖြစ်ပေမယ့် ပြဿနာရဲ့ အရင်းအမြစ်ကို မဖြေရှင်းနိုင်ရင် ဒီထက် ဆိုးဝါးတဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်နိုင်တယ် လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောလိုက်ပါတယ်။
Physicians for Human Rights PHR အဖွဲ့ရဲ့အဆိုအရ လူမျိုးရေး ဘာသာရေးအခြေခံတဲ့ မုန်းတီးမှုမျိုးကို ပျက်ပျယ်အောင် မလုပ်နိုင်ရင် နောင်ဖြစ်လာတဲ့ ပဋိပက္ခတွေက ဒီထက် ဆိုးဝါးပြီး လူသားများအပေါ် ကျူးလွန်တဲ့ ပြစ်မှု ဒါမှမဟုတ် လူမျိုးတုန်း သတ်ဖြတ်မှုအထိတောင် ဖြစ်ပေါ်နိုင်တယ်လို့ ပြောပါတယ်။

မကြာသေးခင်ကပဲ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အဖွဲ့က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ် စလင်တွေ မျိုးတုန်းသတ်ဖြတ်ခံနေရတယ်လို့ စွပ်စွဲခဲ့ပါတယ်။

အခင်းစဖြစ်ခါစတုန်းက ရိုဟင်ဂျာ မွတ်စလင်တွေကိုသာ ပစ်မှတ်ထားခဲ့ကြပေမယ့် နောက်ပိုင်းမှာ တခြားဒေသက မွတ်စလင်တွေကိုပါ ပစ်မှတ်ထားတာကို မြင်ရတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရကတော လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေမှာ လူတစ်ဦးဦးကနေ အမိန့်ပေးလို့ အမိန့်ကို တိုက်ရိုက်လိုက်နာ လုပ် ကိုင်တဲ့ သက်သေသာဓကတွေ မတွေ့ရပေမယ့် ပြဿနာဖြစ်ပွားပုံတွေ၊ နှိပ်ကွပ်မှုပုံစံတွေ ဆင်တူ တာ တွေ့ရတဲ့အတွက် လူတစ်ဦး တစ်ဖွဲ့ရဲ့ လမ်းညွန်မှုအတိုင်း လုပ်ကိုင်ကြသလို ဖြစ်နေတယ်လို့ PHR အဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင် နှစ်ဖက်စလုံး ပြစ်ဒဏ် ချမှတ် ခံရတာကိုသိပေမယ့် မွတ်စလင်တွေက ထောင်ဒဏ်သက်တမ်း ကြာမြှင့်စွာ ချမှတ်ခံထားရတာ ပိုများတဲ့ အပြင် မွတ်စလင်တွေ ဖမ်းဆီးခံရမှု ပိုများတယ်လို့ PHR အဖွဲ့ရဲ့ ဒါရိုက်တာ ဝီလီယံ ဒါဗိစ်က ပြောပါတယ်။

ABC

No comments:

Post a Comment