
အဆင်သင့် အမြန် အစားအစာ fast food ကို အမြဲ စားသုံးခြင်းဟာ အသည်းကို ထိခိုက်စေပြီး အသည်းရောဂါ hepatitisလို ဖြစ်တာနဲ့တူတယ်လို့ The Doctors အမည်ရ တီဗွီအစီစဉ်တစ်ခုမှာ ထုတ်လွင့်သွားပါတယ်။ fast food ကို တစ်လလောက် စားတာနဲ့တောင် ကိုယ်ထဲက အသည်း မှာ ပြောင်း လဲ မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

fast food ဆိုင်တွေမှာ အကြော်တွေ မစားဘဲ ကျန်းမာမယ် လတ်ဆတ် မယ်လို့ ထင်ရတဲ့ အရွက်စုံ သုတ် (salad) ကို မှာစားရင်လဲ ဓာတုပစ္စည်း ထည့်သုံးခြင်းရှိမရှိ မသိရတာကြောင့် စိတ်မချရပါဘူး။ တချို့ဆိုင် တွေမှာ အရွက်တွေထဲမှာ propylene glycol ဓာတု ပစ္စည်း ထည့်ထားပြီး အဲဒါက အရွက်တွေ မနွမ်းအောင် မညှိးအောင် ထိန်းပေးတာ ဖြစ်ပါတယ်။ propylene glycol ဆိုတာက anti-freeze အမျိုးအစားလို ဖြစ်ပြီး စားသုံးဖို့ မသင့်ကြောင်း Dr. Drew Ordon က ပြောသွားပါတယ်။
(Ref; Daily Mail, Feb 16, 2013, Eating fast food regularly has the same impact on the liver as hepatitis, study finds)
Myanmar1
No comments:
Post a Comment