Friday 23 August 2013

လက်ဘနွန်မှ ဒုံးကျည်ဖြင့်တိုက်၊ အစ္စရေးမှ ဗုံးပြန်ကြဲ

Photo: လက်ဘနွန်မှ ဒုံးကျည်ဖြင့်တိုက်၊ အစ္စရေးမှ ဗုံးပြန်ကြဲ
Friday, August 23, 2013

လက်ဘနွန်ဘက်မှ နယ်စပ်ဖြတ်ကျော်ကျရောက်လာသည့် ဒုံးကျည်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေနှင့် စစ်သွေးကြွပစ်မှတ်တစ်ခုကို အစ္စရေးလေတပ်က ဗုံးကြဲခဲ့ကြောင်း အစ္စရေးဘက်မှ ပြောရေးဆိုခွင့် ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

အစ္စရေးစစ်တပ်အသိုင်းအဝိုင်းအဆိုအရ ဗုံးကြဲချခဲ့သည့် နေရာ သည် ဘေးရွတ်နှင့် ဆီဒုံကြား နာအေမာအနီးနေရာ ဖြစ်ကြောင်း သိရသော်လည်း အသေးစိတ်အချက်များ မသိရသေးပေ။
ထုတ်ပြန်ချက်တွင်ပြောကြားစကားအရ “ပစ်မှတ်ကို တိုက်ရိုက် ထိမှန်ကြောင်း ပိုင်းလော့များက အစီရင်ခံစာတင်သွင်းကြောင်း” သိရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က လက်ဘနွန်ဘက်မှ ပစ်ခတ်ခဲ့သည့် ဒုံးကျည်လေးခုကြောင့် ပျက်စီးမှုများရှိခဲ့သော်လည်း အစ္စရေးမြောက်ပိုင်းတွင် အသေအပျောက်မရှိခဲ့ကြောင်း သိရသည်။
ယင်းလုပ်ရပ်ကို အီရန်တို့ကျောထောက်နောက်ခံပြုသည့် လက်ဘနွန်တောင်းပိုင်းမှ ရှီုအိုက်စစ်သွေးကြွ ဟက်ဇဘိုလာတို့ လုပ်ဆောင်ခြင်းမဟုတ်ဘဲ အယ်လ်ကိုင်ဒါနှင့် ဆက်နွယ်မှုရှိသည့် ဆွန်နီမွတ်ဆလင်အုပ်စုတစ်ခုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတပ်ဖွဲ့သည် အစ္စရေးနိုင်ငံကို ၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် ယခုကဲ့သို့ ဒုံးလက်နက်ဖြင့်ပစ်ခတ်ခြင်း ပြုလုပ်ခဲ့သည်။

“အစ္စရေးဟာ လက်ဘနွန်က အခြေတည်လာတဲ့ အကြမ်းဖက်လုပ်ရပ်ကို သည်းမခံနိုင်ပါဘူး” ဟု စစ်တပ်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး ပီတာလာနာက ပြောကြားသည်။  လက်ဘနွန်သမ္မတ မီချယ်ဆလေမန် ကလည်း ကြာသပတေးနေ့ဒုံးလက်နက်ဖြင့်တိုက်ခိုက်မှုကို ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်နှင့် လက်ဘနွန်အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားပြီး လုံခြုံရေးတပ်ဖွဲ့ကိုလည်း ၎င်းတိုက်ခိုက်ရေးသမားများကိုရှာဖွေဖော်ထုတ်ရန် တိုက်တွန်းပြောကြားသည်။ ကြာသပတေးနေ့တိုက်ခိုက်မှုသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း ၎င်းကဲ့သို့တိုက်ခိုက်မှု ပထမဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်ပြီး လက်ဘနွန်တောင်ပိုင်းမှ ဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Ref: Reuters
မြန်မာ့ခေတ်
လက်ဘနွန်ဘက်မှ နယ်စပ်ဖြတ်ကျော်ကျရောက်လာသည့် ဒုံးကျည်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေနှင့် စစ်သွေးကြွပစ်မှတ်တစ်ခုကို အစ္စရေးလေတပ်က ဗုံးကြဲခဲ့ကြောင်း အစ္စရေးဘက်မှ ပြောရေးဆိုခွင့် ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။
အစ္စရေးစစ်တပ်အသိုင်းအဝိုင်းအဆိုအရ ဗုံးကြဲချခဲ့သည့် နေရာသည် ဘေးရွတ်နှင့် ဆီဒုံကြား နာအေမာ အနီးနေရာ ဖြစ်ကြောင်း သိရသော်လည်း အသေးစိတ်အချက်များ မသိရသေးပေ။ ထုတ်ပြန်ချက် တွင်ပြောကြား စကားအရ “ပစ်မှတ်ကို တိုက်ရိုက် ထိမှန်ကြောင်း ပိုင်းလော့များက အစီရင်ခံစာတင် သွင်းကြောင်း” သိရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က လက်ဘနွန်ဘက်မှ ပစ်ခတ်ခဲ့သည့် ဒုံးကျည်လေးခုကြောင့် ပျက်စီးမှုများ ရှိခဲ့သော်လည်း အစ္စရေးမြောက်ပိုင်းတွင် အသေအပျောက်မရှိခဲ့ကြောင်း သိရသည်။ ယင်းလုပ်ရပ်ကို အီရန်တို့ကျောထောက်နောက်ခံပြုသည့် လက်ဘနွန်တောင်းပိုင်းမှ ရှီုအိုက်စစ်သွေးကြွ ဟက်ဇဘိုလာတို့ လုပ်ဆောင်ခြင်းမဟုတ်ဘဲ အယ်လ်ကိုင်ဒါနှင့် ဆက်နွယ်မှုရှိသည့် ဆွန်နီမွတ်ဆလင်အုပ်စုတစ်ခုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတပ်ဖွဲ့သည် အစ္စရေးနိုင်ငံကို ၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် ယခုကဲ့သို့ ဒုံးလက်နက်ဖြင့်ပစ်ခတ်ခြင်း ပြုလုပ်ခဲ့သည်။

“အစ္စရေးဟာ လက်ဘနွန်က အခြေတည်လာတဲ့ အကြမ်းဖက်လုပ်ရပ်ကို သည်းမခံနိုင်ပါဘူး” ဟု စစ်တပ်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး ပီတာလာနာက ပြောကြားသည်။  လက်ဘနွန်သမ္မတ မီချယ်ဆလေမန် ကလည်း ကြာသပတေးနေ့ဒုံးလက်နက်ဖြင့်တိုက်ခိုက်မှုကို ကုလသမဂ္ဂ၏ ဆုံးဖြတ် ချက်နှင့် လက်ဘနွန်အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားပြီး လုံခြုံရေးတပ်ဖွဲ့ကို လည်း ၎င်းတိုက်ခိုက်ရေးသမားများကိုရှာဖွေဖော်ထုတ်ရန် တိုက်တွန်းပြောကြားသည်။ ကြာသပတေးနေ့ တိုက်ခိုက်မှုသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း ၎င်းကဲ့သို့တိုက်ခိုက်မှု ပထမဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်ပြီး လက်ဘနွန်တောင်ပိုင်းမှ ဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Ref: Reuters
မြန်မာ့ခေတ်

No comments:

Post a Comment