Friday 23 August 2013

(၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအကြို အာဆီယံဖိတ်ခေါ် ဗိုဗီနမ်(ဗန်တို) ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ် (ဗန်တို)အဖွဲ့ ရွှေ နှစ်ခု၊ ငွေ နှစ်ခု၊ ကြေး သုံးခု စတင်ဆွတ်ခူးရရှိ

Photo: (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအကြို အာဆီယံဖိတ်ခေါ် ဗိုဗီနမ်(ဗန်တို) ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ် (ဗန်တို)အဖွဲ့ ရွှေ နှစ်ခု၊ ငွေ နှစ်ခု၊ ကြေး သုံးခု စတင်ဆွတ်ခူးရရှိ
Friday, August 23, 2013

(၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအကြို အာဆီယံဖိတ်ခေါ် ဗိုဗီနမ်(ဗန်တို) ပြိုင်ပွဲ ပထမနေ့ ပွဲစဉ်များကို သြဂုတ် ၂၂ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားရုံတွင် စတင်ကျင်းပရာ မြန်မာဗိုဗီနမ် (ဗန်တို)အဖွဲ့ က ရွှေနှစ်ခု၊ ငွေနှစ်ခု၊ ကြေးသုံးခု စတင် ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

လေးယောက်တွဲ (Leg Attack Technique) ပြိုင်ပွဲတွင် သိန်းစိုး၊ စိုင်းစိုးစိုး၊ ဇော်ဇော်နှင့် ကျော်စိုးထက်တို့ ပါဝင်သော မြန်မာအသင်း က ရွှေတံဆိပ်ဆွတ်ခူး ရရှိခဲ့ပြီး အင်ဒိုနီးရှား အသင်းက ငွေတံဆိပ်၊ လာအိုအသင်းက ကြေးတံဆိပ်တို့ ဆွတ်ခူးရရှိခဲ့သည်။

အမျိုးသမီး နှစ်ယောက်တွဲ လက်နက်မဲ့ ပြိုင်ပွဲတွင် ခြူးသဉ္ဇာစိုးနှင့် ပပ၀င်းအတွဲက ရွှေတံဆိပ်ရရှိခဲ့ပြီး ဗီယက်နမ်က ငွေတံဆိပ်၊ အင်ဒိုနီးရှားက ကြေးတံဆိပ်တို့ ရရှိခဲ့သည်။

အမျိုးသား+ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ခိုင်ဇင်ဝင်းနှင့် ဆုလဲ့ဖြိုး အတွဲက ငွေတံဆိပ်ရရှိခဲ့ပြီး နောက်ထပ်ငွေ တစ်ခုကို အမျိုးသမီး ၅၀ ကီလို အတိုက်ပြိုင်ပွဲတွင် ဂျူးလစ်ကျော်က ရယူပေးခဲ့သည်။

ကြေးသုံးခုကိုမူ အမျိုးသမီး တစ်ဦးချင်း သရုပ်ပြပြိုင်ပွဲတွင် ခိုင်ဝါဖြူ၊ အမျိုးသား ၆၅ ကီလို အတိုက်ပြိုင်ပွဲတွင် သန့်စင်ထွန်းနှင့် မင်းထွန်းတို့က ရယူပေးခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲကို သြဂုတ် ၂၄ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

Eleven Media Group
လေးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ် ရရှိခဲ့သည့် မြန်မာအသင်း၏ ယှဉ်ပြိုင်ကစားဟန် (ဓာတ်ပုံ - စိုးညွှန့်)
လေးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ် ရရှိခဲ့သည့် မြန်မာအသင်း၏ ယှဉ်ပြိုင်ကစားဟန် (ဓာတ်ပုံ - စိုးညွှန့်)
(၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအကြို အာဆီယံဖိတ်ခေါ် ဗိုဗီနမ်(ဗန်တို) ပြိုင်ပွဲ ပထမနေ့ ပွဲစဉ်များကို သြဂုတ် ၂၂ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားရုံတွင် စတင်ကျင်းပရာ မြန်မာဗိုဗီနမ် (ဗန်တို) အဖွဲ့ က ရွှေနှစ်ခု၊ ငွေနှစ်ခု၊ ကြေးသုံးခု စတင် ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။
လေးယောက်တွဲ (Leg Attack Technique) ပြိုင်ပွဲတွင် သိန်းစိုး၊ စိုင်းစိုးစိုး၊ ဇော်ဇော်နှင့် ကျော်စိုးထက်တို့ ပါဝင်သော မြန်မာအသင်း က ရွှေတံဆိပ်ဆွတ်ခူး ရရှိခဲ့ပြီး အင်ဒိုနီးရှားအသင်းက ငွေတံဆိပ်၊ လာအို အသင်းက ကြေးတံဆိပ်တို့ ဆွတ်ခူးရရှိခဲ့သည်။

အမျိုးသမီး နှစ်ယောက်တွဲ လက်နက်မဲ့ ပြိုင်ပွဲတွင် ခြူးသဉ္ဇာစိုးနှင့် ပပ၀င်းအတွဲက ရွှေတံဆိပ်ရရှိခဲ့ပြီး ဗီယက်နမ်က ငွေတံဆိပ်၊ အင်ဒိုနီးရှားက ကြေးတံဆိပ်တို့ ရရှိခဲ့သည်။

အမျိုးသား+ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ခိုင်ဇင်ဝင်းနှင့် ဆုလဲ့ဖြိုး အတွဲက ငွေတံဆိပ်ရရှိခဲ့ ပြီးနောက်ထပ်ငွေ တစ်ခုကို အမျိုးသမီး ၅၀ ကီလို အတိုက်ပြိုင်ပွဲတွင် ဂျူးလစ်ကျော်က ရယူပေးခဲ့သည်။

ကြေးသုံးခုကိုမူ အမျိုးသမီးတစ်ဦးချင်း သရုပ်ပြပြိုင်ပွဲတွင် ခိုင်ဝါဖြူ၊ အမျိုးသား ၆၅ ကီလို အတိုက်ပြိုင်ပွဲ တွင် သန့်စင်ထွန်းနှင့် မင်းထွန်းတို့က ရယူပေးခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲကို သြဂုတ် ၂၄ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။
 
Eleven Media Group

No comments:

Post a Comment