Friday 23 August 2013

အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ် ဝင်ခွင့် အမှတ်တိုးမြှင့်သတ်မှတ်

တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် ၄၈၀ နှင့်အထက် ရရှိသူများသာရန်ကုန်နှင့် မန္တလေးမြို့ များရှိ အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်တို့တွင် ဝင်ခွင့်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ဖော်ပြထားကြောင်းသိရသည်။
ယခင်ပညာသင်နှစ်က အနိမ့်ဆုံးတက္ကသိုလ်ဝင် စာမေးပွဲ ရမှတ် ၄၅၀နှင့် အထက်ရရှိသူများ ကိုလျှောက် ထားခွင့်ပြုခဲ့ရာ ယခုပညာ သင်နှစ်တွင် ထပ်မံတိုးမြှင့် သတ်မှတ် လိုက်ခြင်းဖြစ်သည်။ ယခင်ပညာ သင်နှစ်က အဆင့်မြင့် တက္ကသိုလ်အဖြစ် သတ်မှတ်ထားသော ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် (ဗဟန်းနယ်မြေ) တွင်တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ် ၄၇၃ မှတ်နှင့်အထက် ရရှိခဲ့သူများ၊ မန္တလေး ကွန်ပျူတာ တက္ကသိုလ်တွင်၄၅၀ နှင့်အထက် ရရှိခဲ့သူများဝင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

အဆင့်မြင့် ကွန်ပျူတာတက္ကသိုလ်များတွင် ပညာသင်ယူရန်ကျောင်းသား၊ ကျောင်းသူ ၄၀၀ ဦးကိုလက်ခံ သွားမည်ဖြစ်ပြီး သင်တန်းကာလငါးနှစ်ဖြစ်ကာဘာသာရပ် ခုနှစ်မျိုးအတွက် ကွန်ပျူတာဆိုင်ရာ ဘွဲ့ပေးအပ်နေကြောင်းသိရသည်။ ပုံမှန်ဖွင့်လှစ်နေသော ကွန်ပျူတာတက္ကသိုလ်များတွင် ဝင်ခွင့်လျှောက် ထား မည့် ကျောင်းသားများအနေနှင့် တက္ကသိုလ်ဝင်စာမေးပွဲရမှတ် ၃၅၆ မှတ်နှင့်အထက် ရရှိသူများလျှောက်ထားရန် သတ်မှတ်ထားပြီးယခင်နှစ်ထက် ကျောင်းသား ၁,၇၆၀ ဦးလျှော့ချလက်ခံ
သွားမည်ဖြစ်ကြောင်း သိရသည်။

SkyNet TV Browser

No comments:

Post a Comment